လားရှိုးမှာ လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြန်

အောက်တိုဘာ ၁၅၊ ၂၀၂၄
SHV(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁၊ နားမခါ်ကားကွင်းအနီး ရွှေတောင်ကြားလမ်းဘက်မှာ လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်ခံရလို့ ဆိုင်ကယ်စီးလာသူ‌ေတွထိမှန်ကာ တယောက်သေဆုံးပြီး တယောက် ထိခိုက် ဒဏ်ရာရကြောင်း ဒေသခံတွဆီက သိရပါတယ်။
“လေယာဉ် ဗုံးက ဆိုင်ကယ်စီးလာနေသူ နှစ်ယောက်ပေါ် တည့်တည့်ကျတာ။ တယောက်က ပွဲချင်းပြီး သေသွားတယ်။ တယောက်က ဒဏ်ရာ ပြင်းထန်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ဗုံးကျတဲ့ေနရာဟာ လားရှိုးကနေ မန္တလေး အထွက်လမ်းဘက် ဖြစ်ပြီး လျှပ်စစ်ရုံးလည်းထိမှန်ကြောင်းနဲ့ မီးတွပါ ပျက်ကုန်တယ်လို့ သူက ပြောပါတယ်။
“ပေါင် ၅၀၀ ဗုံး လို့ပြောတယ်။ သုံးလုံးကြဲသွားတယ်။
မြို့ထဲမှာ စစ်ရှောင်‌ေတွက ပြန်လာကြ
တာ အတော်များနေပြီ။ လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲ တိုက်ခိုက်ခံရလို့ စိုးရိမ်နေရတယ်” လို့ နောက်ထပ် ဒေသခံ တယေက်က ပြောပါတယ်။
ေအာက်တိုဘာ ၁၄ရက် မနက်အ‌ေစာပိုင်းကလည်း လားရှိုးမြို့အနီး အီနိုင်းရွာမှာ လေကြောင်းနဲ့ ဗုံး ၇ လုံး ကြဲချ တိုက်ခိုက်ခံရတာကြောင့် အမျိုးသား သုံးယောက် သေဆုံးပြီး အသက် ၄ နှစ်ဝန်းကျင် ကလေးငယ်နဲ့ အမျိုးသမီး တယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နှစ်ခြင်း ဘုရားကျာင်း၊ ခန်းမဆောင်နဲ့ မူကြိုကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို MNDAA ပူးပါင်း တပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ပြီးနောက် နစက ဘက်က ၁၅ ကြိမ်ထက်မနည်း လေကြောင်းနဲ့ တိုက်ခိုက်လာတာပါ။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW