ဗြိတိန်နဲ့ ဂျာမနီတို့ အထင်ကရ ကာကွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးမယ်



လန်ဒန်၊ အောက်တိုဘာ-၂၃-၂၀၂၄
ရတီ (VOM)

ဗြိတိန်နဲ့ ဂျာမနီတို့ဟာ လုံခြုံရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ အလုပ်အကိုင်တွေမြှင့်တင်နိုင်မယ့် အထင်ကရ ကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ရှိနေပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်အရ ဂျာမနီကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ရိုင်မက်တဲလ်ဟာ အမြောက်ကျည်တွေ ထုတ်လုပ်ဖို့ ဗြိတိန်မှာ စက်ရုံဖွင့်လှစ်မှာဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၄၀၀ ကျော်ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

နှစ်နိင်ငံစလုံးအနေနဲ့ တာဝေးပစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေထုတ်လုပ်ဖို့ကိုလည်း အတူတကွပူးပေါင်းသွားမှာဖြစ်ပါတယ်။ ဂျာမနီရေကြောင်း စောင့်ကြည့်ရေး လေယာဉ်တွေဟာလည်း စကော့တလန်ကနေ မြောက်အတ္တလန္တိတ်ထိ ကင်းလှည့်မှုတွေကို အခါအားလျော်စွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဂျာမနီနဲ့ ပိုမိုနီးကပ်သော စစ်ဘက်ဆက်ဆံရေးတည်ဆောက်ဖို့ ဗြိတိန်အာဏာရ လေဘာပါတီက ကတိပြုထားပြီး ဒါဟာ ဘရီဇစ်အလွန်မှာ ဥရောပ အဓိကမဟာမိတ်တွေနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ဗြိတိန်အစိုးရရဲ့ ပိုမိုကျယ်ပြန်တဲ့ အစီအစဉ်တစိတ်တပိုင်းဖြစ်ပါတယ်။

ဒါဟာ ဂျာမနီနဲ့ ဗြိတိန်တို့ရဲ့ စစ်ဘက်နဲ့ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုနီးကပ်စေမယ့် သမိုင်းဝင်သဘောတူညီချက်ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေက ပြောပါတယ်။ ဂျာမနီနဲ့ ဗြိတိန်တို့ဟာ ဥရောပမှာ ကာကွယ်ရေးစရိတ်အသုံးအများဆုံးနဲ့ ယူကရိန်းအတွက် ထောက်ပံ့မှုအများဆုံး ဥရောပနိုင်ငံတွေဖြစ်ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW