တီဟီရန်၊ အောက်တိုဘာ-၂၇-၂၀၂၄
မျိုးဆက်(VOM)
အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့လေးယောက်သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ စစ်ပွဲသစ်ဖြစ်လာမှာကို စိုးရိမ်ပူနေကြချိန်မှာ အီရန်က ခုခံကာကွယ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တိုက်ခိုက်မှုကို တုံ့ပြန်မယ်ဆိုရင် အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ အစ္စရေးက သတိပေးထားပြီး အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်တို့ကတော့ ပဋိပက္ခတွေ နောက်ထပ်ကြီးထွားမလာစေဖို့ တိုက်တွန်းထားကြပါတယ်။
ပြီးခဲ့တဲ့နေ့ အရုဏ်မတက်ခင်က အစ္စရေးရဲ့ တိုက်ခိုက်မှုမှာ အီရန်စစ်ဘက်ပစ်မှတ်တွေကလွဲပြီး ကျန်တာတွေ မထိခိုက်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ထိန်းချုပ်မရတဲ့ အခြေအနေမျိုးထိ တင်းမာမှုတွေမဖြစ်ဖို့ ဥရောပသမဂ္ဂကလည်း တိုက်တွန်းပါတယ်။
တိုက်ခိုက်မှုအတွင်း တီဟီရန်တဝိုက်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒေသအများအပြားရှိ အီရန်ဒုံးကျည်စက်ရုံနဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးဟာ မြို့တော်ဝိုက်နဲ့ အခြားနေရာတွေရှိ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်ကလည်း အတည်ပြုထားပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေက ရှုတ်ချခဲ့ပါတယ်။ ခုခံကာကွယ်ဖို့အခွင့်အရေးနဲ့ တာဝန်အပြည့်ရှိတယ်လို့ အီရန်က အခိုင်အမာဆိုပါတယ်။
ဒီအတောအတွင်း အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းရှိ လူနေရပ်ကွက်ငါးခုကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး အစ္စရေးရှိ နေရာ တဒါဇင်ကျော်မှာ ဘေးလွတ်ရာပြောင်းဖို့ ဟဇ်ဘိုလာတို့က သတိပေးထုတ်ပြန်ခဲ့ပါတယ်။
Ref:AFP
Photo:Getty Images
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...