နိုဝင်ဘာ ၄ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဖောက်ခွဲတိုက်ခိုက်ခံမှု ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့လအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာမှာ အောက်တိုဘာ ၉ ရက်နေ့က မှော်ဘီလေတပ်အတွင်း Type 63 အမျိုးအစား ရှော့တိုက်ဒုံး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး K8W အမောင်းသင်လေယာဉ် ဂိုဒေါင်နဲ့ ခြံစည်းရိုး ထိမှန်ပေါက်ကွဲခဲ့တယ်လို့ တိုက်ခိုက်မှု ပြုလုပ်ရာမှာ ပါဝင်ခဲ့တဲ့ Civilian Military – SRDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါအပြင် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ဒဂုံမြို့နယ်၊ အလံပြဘုရား လမ်းမပေါ်ရှိ သမ္မတရုပ်ရှင်ရုံအနီး အထိုင်ချထားတဲ့ နစကလုံခြုံရေးတပ် ယာယီဂိတ်ကို ဗုံးခွဲတိုက်ခိုက်မှု…
Read MoreDay: November 4, 2024
ရေဘေးသင့် အင်းလေးဒေသမှာ လေဘေးထပ်သင့်လို့ နေအိမ် ၄၀ကျော် ပျက်စီး
ZY(VOM) နိုဝင်ဘာ ၄၊ ၂၀၂၄ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ရေနစ်မြှုပ်မှုကြုံတွေ့ခဲ့ရတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ မနေ့( နိုဝင်ဘာလ ၃ရက်)၊ ညနေပိုင်းအချိန်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဘက်ရှိ ကံလှကျေးရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်၊ ညနေ ၄နာရီ ဝန်းကျင်အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ကျော်ဟာ ခေါင်းမိုးလန်ပျက်စီးတာ၊ ပြိုလဲပျက်စီးတာ၊ ယိုင်နဲ့ပျက်စီးတာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “၃နာရီခွဲလောက်မှာ မိုးကလည်း စရွာတယ်၊ လေကလည်း အရမ်းပြင်းတာ။ မုန်တိုင်းရှိလို့ လေတိုက်နှုန်း မြင့်မယ်လို့လည်း ကြေညာထားပေမယ့် ဘာမှကြိုတင်ပြင်ဆင်မှု မလုပ်နိုင်ဘူးလေ။ ရေကြီးလို့ ခုမှအိမ်က ရေပေါ်ပေါ်လာခါစပဲ ရှိသေးတာဗျ။ လေကတခါတိုက်လာတော့ ကိုယ်တိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း…
Read Moreဖီမော နယ်စပ်ရွာကို ကေအိုင်အေ ထိန်းချုပ်လိုက်ကြောင်း သတင်းထွက်ပြီးနောက် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ယာယီပိတ်
နိုဝင်ဘာ ၄၊ ၂၀၂၄Shy V (VOM)တရုတ် – မြန်မာ နယ်စပ်၊ ကချင်ပြည်နယ် အထူးဒေသ ၁၊ ဖီမော နယ်စပ်ရွာကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်လိုက်ကြောင်း သတင်း ထွက်ပေါ်ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့ည ၁၂ နာရီကစ နယ်စပ်ဂိတ်ကို ယာယီ ပိတ်ထားကြောင်း တရုတ်ဘက်က ထုတ်ပြန် ထားပါတယ်။ဖီမော – လူရွှင့် နယ်စပ်ဂိတ် ကနေ ခရီးသည်နဲ့ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားကြောင်း၊ နယ်စပ်ဂိတ်ရဲ့ အခြေခံ အဆောက်အဦးတွေ နဲ့ စစ်ဆေးရေး မြှင့်တင်ရန်လိုအပ်ခြင်းကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီကစ ဆိုင်းငံ့ထားကြောင်း လူရွှင့် နယ်စပ် ပြည်သူ့ အစိုးရရုံးကနေ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။နယ်ခြားစောင့်တပ်တွေ စခန်းချ ထားတဲ့ ဖီမော ကို…
Read Moreတောင်ကြီးမှာ ပျံကျစျေးသည်တွေကို မြေနေရာငှားခ နှစ်ဆတိုးကောက်လို့ အခက်ကြုံ
ZY(VOM) နိုဝင်ဘာ ၄၊ ၂၀၂၄ တန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မှာဖြစ်တာကြောင့် ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမြို့မှာ အခု နိုဝင်ဘာလကနေ စတင်ပြီး မြေနေရာငှားရမ်းခကို တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနက နှစ်ဆတိုးမြင့်ကောက်ခံနေတာကြောင့် ပျံကျဈေးသည်တွေအနေနဲ့ အခက်အခဲကြုံတွေ့နေရတယ်လို့ သိပါတယ်။ တောင်ကြီးတက္ကသိုလ်အနီးတဝိုက်၊ တန်ဆောင်တိုင်ပွဲကျင်းပမယ့် အဝေရာကွင်းအနီးတဝိုက်၊ ဗိုလ်ချုပ်ပန်းခြံ အနီးတဝိုက်နဲ့ မြို့တွင်းက အဓိကလမ်းမတွေရှိ ယာယီပျံကျဈေးသည်တွေကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက ကြိုတင်အကြောင်းကြားတာ မရှိပဲ မြေငှားရမ်းခကို နှစ်ဆတိုးမြင့်ကောက်ခံနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တက္ကသိုလ် နောက်ဘက်က စျေးတန်းမှာ။ ဆယ်ပေပတ်လည် မိုးကာတဲတစ်လုံးကို စည်ပင်ခ အရင်က တစ်လနှစ်သောင်းပေးရတယ်။ ဒီလက တန်ဆောင်တိုင်ကြောင့် လေးသောင်းပေးရမယ်လို့ ကြိုမပြောပဲ လခလာကောက်တာ။ ဒီနေရာတွေက အချိန်ပိုင်းလေးပဲ လာရောင်းရတာ၊ ပြီးတော့လည်း ရောင်းရတဲ့လက အဝေးသင်စာမေးပွဲ ဖြေချိန်ခဏလေးပါရှင်။ သက်ဆိုင်ရာစည်ပင်လူကြီးတွေအနေနဲ့ ပြန်လည်လျော့ချကောက်ခံပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ယာယီပျံကျဈေးသည်တယောက်က VOMကို ပြောပါတယ်။ အဲဒီနေရာတွေမှာ…
Read Moreပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ (၇၁)ပြည့်မွေးနေ့
ဒီကနေ့ဟာ ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ (၇၁)ပြည့်မွေးနေ့ကိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်ယနေ့မနက်မှာကျင်းပပါတယ်။ ဆင်မကြီးမိုမိုအကြောင်းရေးထားတဲ့ဆရာကြီးဒေါက်တာဦးမြင့်သိန်းရဲ့ဆောင်းပါးလေးနဲ့ပြန်ဖေါ်ပြအပ်ပါတယ် ဆင်မကြီးနာမည် မိုမို လို့ ဘယ်လိုဖြစ်လာတာလဲ ။ ဘယ်သူများပေးခဲ့တာပါလဲ ။ သူများတွေခေါ်လို့သာ ကိုယ်လည်းပဲလိုက်ခေါ်လိုက်တာပဲ ။ မိုမို ရေ >>> မိုမို ပေါ့ ဟိုကလည်းလေ >>> ခေါ်လို့တောင်မဆုံးတတ်သေး ။ ရှင် >>> ရှင် >>> ရှင် ပေါ့ >>> ( တစ်ကယ်တော့ ရှင် လို့တော့မပီရှာပါ ) အဲ့လို မိုမို ရယ်လို့ တိုင်းသိပြည်သိ လှည်းနေလှေအောင်မြင်းဇောင်းမကျန် ဖြစ်လာခဲ့ရပေမဲ့လည်း ဘယ်အချိန် ဘယ်ကာလကအစပြုလို့ ခေါ်ခဲ့ကြတာလဲ ဆိုတာကို ဘယ်သူတစ်ဦးတစ်ယောက်ကမျှ မပြောနိုင်ကြပါဘူး ။ အဲ တစ်ခုတော့ရှိတယ် ။ သေခြာတာက မိုမို လို့အခုအများသူငှာခေါ်နေကြတဲ့ဆင်ကို ၁၉၆၁ ခုနှစ် ( လွန်ခဲ့တဲ့ ၆၂…
Read More