ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ



ဝါရှင်တန်၊ နိုဝင်ဘာ-၁၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး အာဏာလွှဲပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ချောမွေ့သည့်အသွင်ကူးပြောင်းရေးကို မျှော်လင့်ထားပြီး ရာထူးအပြောင်းအလဲအတွက် လိုအပ်တာတွေကို တတ်နိုင်သမျှလုပ်ဆောင်နေပြီး ဒီနေ့မှာတော့ အချို့သောအကြောင်းအရာများ ဆွေးနွေးခွင့်ရပြီး အိမ်ဖြူတော်တာဝန် ပြန်လည်ထမ်းဆောင်ရခြင်းအတွက် ကြိုဆိုတယ်လို့ ထရန့်ကို ဂျိုးဘိုင်ဒင်က ပြောပါတယ်။

နှစ်ဦးအကြားတွေ့ဆုံမှုဟာ နှစ်နာရီကြာမြင့်ပြီး ဂျိုးဘိုင်ဒင်ရဲ့ အိမ်ဖြူတော်အကြီးအကဲ ဂျက်ဖ်ဇိုင်းရန့်စ်နဲ့ ဒေါ်နယ်ထရန့်လက်ထက် အိမ်ဖြူတော်အကြီးအကဲတာဝန်ယူမယ့် ဆူဇီဝိုင်းတို့ပါဝင်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးဟာ အင်မတန် ခက်ခဲသလို ယနေ့ကမ္ဘာဟာလည်း အဆင်ချေချောမဟုတ်ကြောင်း ၊ ဒါပေမယ့် ချောမွေ့တဲ့ အသွင်ကူးပြောင်းရေးအတွက် သမ္မတဂျိုးဘိုင်ကို ကျေးဇူးတင်ကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုခဲ့ပြီး အရေးပါတဲ့ အမျိုးသားလုံခြုံရေးနဲ့ ပြည်တွင်းမူဝါဒဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အိမ်ဖြူတော်မှာ လက်ရှိသမ္မတက ရွေးကောက်ခံသမ္မတကို ကြိုဆိုလက်ခံတွေ့ဆုံခြင်းဟာ အမေရိကန်သမ္မတ အဆက်အဆက် အစဉ်အလာဖြစ်ပေမယ့်လည်း ဒေါ်နယ်ထရန့်ဟာ ၂၀၂၀ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒင်ကို ကြိုဆိုတွေ့ဆုံခဲ့ခြင်းမရှိခဲ့ပါဘူး။

Ref:NHK
Photo:Al Jazeera

Related posts

Leave a Comment

VOM News

FREE
VIEW