Voice of Myanmarခရစ်စမတ်ကာလတွင် ကိုရီးယားကျွန်းဆွယ်စစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်၍ ကုလသမဂ္ဂတပ်များသည် မြောက်ကိုရီးယားတပ်များအပေါ် အဓိကထိုးစစ်တရပ်ကို ၁၉၅၀ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။
Read MoreDay: November 24, 2024
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက် ဒေါ်နယ်ထရန့် ခန့်အပ်ဖွယ်ရှိ
ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက်ခန့်အပ်ဖို့ကို ဒေါ်နယ်ထရန့်က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။အထူးသံတမန်အဖြစ် လက်ထောက်ဖြစ်သူ ရစ်ချစ်ဂရီနေးလ် ခန့်အပ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူဟာ ယခင်ထရန့်အစိုးရလက်ထက်မှာ ဂျာမနီဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။သူဟာ စက်တင်ဘာလအတွင်းက ထရန့်နဲ့ ဇီလန်စကီးတွေ့ဆုံရာမှာ အတူလိုက်ပါခဲ့သူဖြစ်ပြီး အထူးသံတမန်အဖြစ် ခန့်အပ်ခံရမယ်ဆိုရင် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ညှိုနှိုင်းမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်သွားဖွယ်ရှိနေပါတယ်။ဒီအတောအတွင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံပြီး နေတိုးမဟာမိတ်အဖွဲ့ ရင်ဆို်ငနေရတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီက ပြောပါတယ်။ထရန့်နဲ့ ရူတီတို့ဟာ ဖလော်ရီဒါရှိ ထရန့်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူကရိန်းအရေးအပါအဝင် လုံခြုံရေးပြသနာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အမေရိကန်ရွေးကောက်ပွဲပြီးနောက် သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံအမျာစုဟာ ကာကွယ်ရေးအတွက် အမေရိကန်ကို အားကိုးအားထားပြုနေကြကြောင်း ထရန့်က ယခင်ကတည်းက ပြောဆိုခဲ့ပြီး အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့…
Read Moreဂျပန်မှာ လက်မထပ်ရသေးသူ ၇၀ ရာခှိုင်နှုန်းနီးပါး ကြင်ဖက် မရှာတတ်ဖြစ်နေ
တိုကျို၊ နိုဝင်ဘာ-၂၄-၂၀၂၄ရတီ (VOM)ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးသူတွေရဲ့ ၇၀ ရာခို်ငနှုန်းနီးပါးဟာ အိမ်ထောင်ဖက်ရှာဖွေတာကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြကြောင်း ဂျပန်အစိုးရရဲ့ လေ့လာမှုစစ်တမ်းတရပ်မှာ ဖော်ပြထားပါတယ်။အစိုးရရဲ့ ကလေးငယ်နဲ့ မိသားစုဌာနဟာ လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး အွန်လိုင်းစစ်တမ်းတခုကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်မှ ၃၉ နှစ်အရွယ် လူနှစ်သောင်းကို မေးမြန်းခဲ့ရာ လက်မထပ်ရသေးသူ ၁၈၀၀၀ ပါဝင်ပြီး ကျန် ၂၀၀၀ ကတော့ လက်ထပ်ပြီးသူတွေဖြစ်ပါတယ်။ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက လက်တွဲဖော်ဘယ်လိုရှာရမယ်ဆိုတာ မသိဖြစ်နေကြကြကြောင်းနဲ့ အချို့ကတော့ ဒီကိစ္စအပေါ် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေပြီး ကြိုးစားရှာရင်တောင် မတွေ့လောက်ဘူးလို့ သံသယရှိနေကြောင်း ပြောကြပါတယ်။လက်မထပ်ရသေးသူနဲ့ လက်ထပ်ပြီးသူ ၃၀ ရာခှိုင်နှုန်းကတော့ အိမ်ထောင်ဖက်ကြင်ဖော်တယောက်ကို အထူးတလည်ရှာဖွေတာဟာ အေးချမ်းသာယာမရှိဘူးလို့လည်း ဆိုကြပါတယ်။ လက်ရှိမှာတော့ ဂျပန်နိုင်ငံဟာ လက်ထပ်မှုနှုန်းနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုကို ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပါတယ်။လက်ထပ်ထိမ်းမြားခြင်းနဲ့ပတ်သက်ပြီး အစိုးရဲ့ ပံ့ပိုးကူညီမှုတွေကို…
Read More