တိုကျို၊ နိုဝင်ဘာ-၂၄-၂၀၂၄
ရတီ (VOM)
ဂျပန်နိုင်ငံမှာ လက်မထပ်ရသေးသူတွေရဲ့ ၇၀ ရာခို်ငနှုန်းနီးပါးဟာ အိမ်ထောင်ဖက်ရှာဖွေတာကို ဘယ်လိုလုပ်ရမယ်ဆိုတာ မသိကြကြောင်း ဂျပန်အစိုးရရဲ့ လေ့လာမှုစစ်တမ်းတရပ်မှာ ဖော်ပြထားပါတယ်။
အစိုးရရဲ့ ကလေးငယ်နဲ့ မိသားစုဌာနဟာ လက်ထပ်ခြင်းနဲ့ပတ်သက်ပြီး အွန်လိုင်းစစ်တမ်းတခုကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၁၅ နှစ်မှ ၃၉ နှစ်အရွယ် လူနှစ်သောင်းကို မေးမြန်းခဲ့ရာ လက်မထပ်ရသေးသူ ၁၈၀၀၀ ပါဝင်ပြီး ကျန် ၂၀၀၀ ကတော့ လက်ထပ်ပြီးသူတွေဖြစ်ပါတယ်။
ဖြေဆိုသူ ၆၇ ရာခိုင်နှုန်းက လက်တွဲဖော်ဘယ်လိုရှာရမယ်ဆိုတာ မသိဖြစ်နေကြကြကြောင်းနဲ့ အချို့ကတော့ ဒီကိစ္စအပေါ် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဖြစ်နေပြီး ကြိုးစားရှာရင်တောင် မတွေ့လောက်ဘူးလို့ သံသယရှိနေကြောင်း ပြောကြပါတယ်။
လက်မထပ်ရသေးသူနဲ့ လက်ထပ်ပြီးသူ ၃၀ ရာခှိုင်နှုန်းကတော့ အိမ်ထောင်ဖက်ကြင်ဖော်တယောက်ကို အထူးတလည်ရှာဖွေတာဟာ အေးချမ်းသာယာမရှိဘူးလို့လည်း ဆိုကြပါတယ်။ လက်ရှိမှာတော့ ဂျပန်နိုင်ငံဟာ လက်ထပ်မှုနှုန်းနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းမှုကို ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပါတယ်။
လက်ထပ်ထိမ်းမြားခြင်းနဲ့ပတ်သက်ပြီး အစိုးရဲ့ ပံ့ပိုးကူညီမှုတွေကို ပြည်သူတွေပိုမိုသိရှိအောင် လုပ်ဖို့လိုအပ်နေပြီး ကူညီမှုတွေ တိုးမြှင့်သွားမယ်လို့ အစိုးရရဲ့ ကလေးငယ်နဲ့ မိသားစုဌာန တာဝန်ရှိသူက ပြောပါတယ်။ ကလေးမွေးဖွားမှုနှုန်းကျဆင်းလာတာနဲ့ သက်ကြီးရွယ်အိုဦးရေ မြင့်တက်လာမှုတို့ကြောင့် ဂျပန်နိုင်ငံဟာ နိုင်ငံရဲ့ စက်မှုနဲ့ ကုန်ထုတ်လုပ်မှုတွေမှာ ပြည်ပလုပ်သားတွေအပေါ် အကြီးအကျယ် မှီခိုနေရပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...