ဝါရှင်တန်၊ နိုဝင်ဘာ-၂၄-၂၀၂၄
မျိုးဆက်(VOM)
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာကို အဆုံးသတ်ရေးအတွက် အထူးသံတမန်တယောက်ခန့်အပ်ဖို့ကို ဒေါ်နယ်ထရန့်က စဉ်းစားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
အထူးသံတမန်အဖြစ် လက်ထောက်ဖြစ်သူ ရစ်ချစ်ဂရီနေးလ် ခန့်အပ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူဟာ ယခင်ထရန့်အစိုးရလက်ထက်မှာ ဂျာမနီဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
သူဟာ စက်တင်ဘာလအတွင်းက ထရန့်နဲ့ ဇီလန်စကီးတွေ့ဆုံရာမှာ အတူလိုက်ပါခဲ့သူဖြစ်ပြီး အထူးသံတမန်အဖြစ် ခန့်အပ်ခံရမယ်ဆိုရင် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ညှိုနှိုင်းမှုတွေမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်သွားဖွယ်ရှိနေပါတယ်။
ဒီအတောအတွင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံပြီး နေတိုးမဟာမိတ်အဖွဲ့ ရင်ဆို်ငနေရတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီက ပြောပါတယ်။
ထရန့်နဲ့ ရူတီတို့ဟာ ဖလော်ရီဒါရှိ ထရန့်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူကရိန်းအရေးအပါအဝင် လုံခြုံရေးပြသနာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အမေရိကန်ရွေးကောက်ပွဲပြီးနောက် သူတို့နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံအမျာစုဟာ ကာကွယ်ရေးအတွက် အမေရိကန်ကို အားကိုးအားထားပြုနေကြကြောင်း ထရန့်က ယခင်ကတည်းက ပြောဆိုခဲ့ပြီး အခြားအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ မြှင့်တင်ဖို့ သူကမျှော်လင့်နေပါတယ်။
Ref:NHK
Photo:Getty Images
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...