Ms(VOM)
နိုဝင်ဘာ၂၈၊၂၀၂၄
ကျောင်းသုံးဖတ်စာအုပ်တွေ လက်ဆင့်ကမ်းသုံးမယ့်စနစ်ကြောင့် ကျောင်းသားတိုင်း နှစ်ကုန်ရင် အစိုးရကထုတ်ပေးတဲ့ ကျောင်းဖတ်စာအုပ်များကိုပြန်အပ်ရမှာဖြစ်တယ်လို့ အခြေခံပညာသင်ကျောင်းတွေကနေ သိရပါတယ်။
လာမယ့်၂၀၂၅ -၂၀၂၆ ခုနှစ် စာသင်နှစ်ကစပြီး ဖတ်စာအုပ်များလက်ဆင့်ကမ်းသုံးမယ့်စနစ် စတင်မှာဖြစ်လို့ အခုနှစ်ဖြေရမယ့် စာမေးပွဲနောက်ဆုံးနေ့မှာ ကျောင်းတိုင်းမှာရှိတဲ့ကျောင်းသားအားလုံး ဖတ်စာအုပ်တွေပြန်အပ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
” ဖတ်စာအုပ်တွေ စာမေးပွဲဖြေပြီးနောက်ဆုံးနေ့မှာပြန်အပ်ရဖို့တွေ အတန်းတိုင်းညွှန်ကြား ထားပါတယ်။ပညာရေးဝန်ကြီးဌာနကနေ သက်ဆိုင်ရာ အခြေခံပညာကျောင်းတွေရဲ့ကျောင်းအုပ်တွေ ကတစ်ဆင့် အသိပေးထားတာပါ။လက်ရှိက ကျောင်းသားကျောင်းသူတွေနဲ့ ကလေးမိဘတွေအားလုံးကို ဖတ်စာအုပ်ကိစ္စတွေအသိပေးထားမှုရှိပါတယ်လို့ ကမာရွတ်မြို့နယ် ၊အခြေခံပညာဦးစီးဌာနက ပညာရေးဝန်ထမ်း တယောက်ကပြောပါတယ်။
အဆိုပါ ကျောင်းသုံးဖတ်စာအုပ်တွေ လက်ဆင့်ကမ်းသုံးရမယ့်စနစ် ကို ပညာရေးဌာနက ပြုလုပ်တာဟာ ဖတ်စာအုပ်တွေ ပုံနှိပ်ထုတ်ဝေရေးမှာ အခက်ခဲရှိတာ ကြောင့် နဲ့ ပညာရေးဘတ်ဂျက်ကို အသုံးပြုဖို့လျော့ချလိုတာကြောင့်လား ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ပညာရေးအသိုင်းအဝိုင်းမှာဖြစ်ပေါ်နေပါတယ်။
” အဲဒီလက်ဆင့်ကမ်းစနစ်က ကျောင်းစာသင်နှစ်စကမဟုတ်ပဲ အခုမှပြောတော့ ကလေးတွေ အနေနဲ့ အခက်ခဲတွေရှိမှာပါပဲ။အဓိက ကတော့ဖတ်စာအုပ်ကို မှတ်စုအနေနဲ့ မှတ်တာ လျှောက်ခြစ်တာတွေရှိရင် နောက်တတန်းမှာ ပြန်သုံးမယ့်ကလေးအတွက် စာသင်ကြားဖို့ရှုပ်သွားတာ၊ အနှောက်အယှက်ဖြစ်သွားတာ တွေရှိနိုင်တယ်။ နောက်ပြီး အတန်းတခုနဲ့တခုက ကျောင်းသားအရေအတွက် မတူတော့ နောက်အတန်းက ိုဖတ်စာအုပ်လက်ဆင့်ကမ်းရင် လူအရေအတွက်လုံလောက်မှုရှိမရှိနဲ့ လူတိုင်းစေ့ ဖတ်စာအုပ်ပြန်ရမရ ဆိုတဲ့ကိစ္စတွေရှိလာနိုင်တယ်လို့ မရမ်းကုန်းမြို့နယ်က ကျောင်းသားမိဘတယောက်ကပြောပါတယ်။
အစိုးရအခြေခံပညာကျောင်းတွေအနေနဲ့ ဒီဇင်ဘာလကနေ မတ်လအတွင်းအတန်းတင် နောက်ဆုံးစာမေးပွဲများကျင်းပမှာဖြစ်ပြီး လက်ဆင့်ကမ်းစနစ်အတွက်ဖတ် စာအုပ်တွေ ပြန်အပ်ဖို့ကို ရန်ကုန်က ကျောင်းအတော်များများမှာ ကျောင်း သားတွေကို မှာကြားထားတာ ဖြစ်တယ်လို့သိရှိရပါတယ်။
Photo – Crd# cj
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...