ဆိုးလ်၊ နိုဝင်ဘာ-၂၈-၂၀၂၄
ရတီ(VOM)
တောင်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆီးနှင်းတွေ ထူထပ်စွာကျဆင်းနေပြီး သေဆုံးသူ လေးယောက်ထိ ရှိလာပါတယ်။
၁၉၀၇ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း မြို့တော်ဆိုးလ်မှာ ဆောင်းရာသီဆီးနှင်းကျဆင်းမှု တတိယမြောက်အပြင်းထန်ဆုံးဖြစ်ကြောင်း ယွန်ဟတ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။
ဒီကနေ့မနက် ၁၀ နာရီမှာ မြို့တော်တဝိုက်မှာ ဆီးနှင်းထူထပ်စွာ ကျရောက်မယ်လို့ မိုးလေဝသတာဝန်ရှိသူတွေက သတိပေးချက်ထုတ်ပြန်ခဲ့ပြီး မနက် ၈ နာရီကျော်မှာတော့ ဆီးနှင်းတွေ ၄၀ စင်တီမီတာထိ ကျဆင်းလာတာကြောင့် လေယာဉ်ခရီးစဉ် ၁၄၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။
မနေ့ကနှောင်းပိုင်းမှာ ဂေါက်ကွင်တခုရှိ နှင်းတွေထဲနေတဲ့ ပိုက်ကွန်တခုပြိုကျမှုကြောင့် လူတယောက်သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရရှိခဲ့ကာ ကားပါကင်မှာ အကာအကွယ်တဲပြိုကျမှုကြောင့် နောက်တယောက် သေဆုံးခဲ့ပါတယ်။
မြို့တော်အရှေ့ဘက် အဝေးပြေးလမ်းတွေပေါ်မှာလည်း ယာဉ်မတော်တဆမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၁ ဦးထိရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆိုးလ်ရှိ အဓိကလေဆိပ်ဖြစ်တဲ့ အင်ချွှန်းမှာတော့ လေယာဉ်ခရီးစဉ် ၁၄ ရာခို်ငနှုန်း နှောင့်နှေးခဲ့ပြီး ၁၅ ရာခှိုင်နှုန်း ဖျက်သိမ်းခဲ့ရတယ်လို့ လေယာဉ်ခြေရာခံ ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြထားပါတယ်။
တောင်ကိုရီးယား အာဏာပိုင်တွေဟာ ဆိုးရွားတဲ့ ရာသီဥတုကြောင့် လေကြောင်းခရီးစဉ် ၁၄၂ ခု၊ လမ်းကြောင်း ၇၆ ခုမှာပြေးဆွဲတဲ့ ကူးတို့သင်္ဘော ၉၉ စင်းရဲ့ ခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့ကာ နောက်ပိုင်းမှာတော့ ရထားခရီးစဉ်တွေကိုပါ ဖျက်သိမ်းခဲ့ရတယ်လိုပ သိရပါတယ်။
Ref:CNA
Photo:AFP/AP