ZY(VOM)ဒီဇင်ဘာ ၉၊ ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ မြို့မဈေးမှာ ဒီဇင်ဘာလ ၇ရက်၊ မနက်ပိုင်းအချိန်က ဓားပြတိုက်ဖို့ ကြံစည်နေသူတွေကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ နှစ်ယောက်ဖမ်းမိပြီး တယောက်လွတ်မြောက်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။နမ့်စန်မြို့မဈေးမှာ ဓားပြတိုက်ဖို့ ကြံစည်နေသူ သုံးယောက်ကို ဒေသခံတွေက မသင်္ကာတဲ့အတွက် ရဲတပ်ဖွဲ့ကို ဖုန်းဆက်တိုင်ကြားခဲ့ရာ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်ပြီး လိုက်လံဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။“တဆိုင်ဝင်၊ တဆိုင်ထွက်လုပ်ပြီး သွားနေတော့ မသင်္ကာတာနဲ့ ရဲကို ဖုန်းဆက်တိုင်လိုက်တာပါ။ အဓိကက ရွှေဆိုင်တွေကို ဓားပြတိုက်ဖို့ ကြံစည်ထားတာ ထင်တယ်။ ရွှေဆိုင်တွေကို တဆိုင်ပြီးတဆိုင် လိုက်ဝင်ထွက်ပြီး အခြေအနေကြည့်နေတာ။ ဒါနဲ့ပဲ ရဲကဖမ်းတော့ မဖမ်းမခံဘဲ ထွက်ပြေးတာနဲ့ သေနတ်နဲ့ ပစ်ဖောက်ဖမ်းတော့ တဈေးလုံး လန့်ကုန်ကြတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ရောက်လာတဲ့အချိန်မှာ အဲဒီအမျိုးသား ယောက်က ထွက်ပြေးဖို့ ကြိုးစားရင်း တဦးက…
Read MoreDay: December 9, 2024
မောင်တော နခခ (၅) ကို AA ထိန်းချုပ်ပြီး နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုကို ပိတ်ပင်
ဒီဇင်ဘာ ၉ – ၂၀၂၄SN (VOM)ရခိုင်ပြည်နယ်၊ မောင်တောမြို့က နောက်ဆုံးလက်ကျန် စခန်းတခုဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) ကို ထိန်းချုပ်ပြီး နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုတွေကို ပိတ်ပင်လိုက်တယ်လို့ AA က မနေ့ ဒီဇင်ဘာ ၈ ရက်၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ သတင်းထုတ်ပြန်ထားပါတယ်။AA အနေနဲ့ မောင်တောရှိ နခခ (၅) ကို မနေ့ ဒီဇင်ဘာ ၈ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး နစက ပူးပေါင်းတပ်တွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့နိုင်ဖို့ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုတွေကို မနေ့ ဒီဇင်ဘာ ၈ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲ အချိန်မှစပြီး အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်တယ်လို့…
Read Moreစစ်ပွဲအတွင်း ယူကရိန်းစစ်သား လေးသောင်းကျော်သေပြီး သုံးသိန်းခုနှစ်သောင်းကျော် ဒဏ်ရာရခဲ့ကြောင်း ဇီလန်စကီးပြော
ကိဗ်ယက်၊ ဒီဇင်ဘာ-၉-၂၀၂၄ရတီ(VOM)ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ချိန်မှစပြီး ယူကရိန်းစစ်သား ၄၃၀၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဒါဟာ ယူကရိ်နးစစ်သားတွေ ကျဆုံးမှုနဲ့ပတ်သက်ပြီး သမ္မတဇီလန်စကီးရဲ့ ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုမှုဖြစ်ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သား သုံးသိန်းခုနှစ်သောင်းကျော်ထိရှိကာ တချို့ကတော့ ဒဏ်ရာနှစ်ကြိမ်ရသူတွေလည်း ပါတယ်လို့ ဆိုပါတယ်။ရုရှားဘက်ကတော့ စစ်သား ၁၉၈၀၀၀ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၅၅၀၀၀၀ ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းသမ္မတကပြောပါတယ်။ ဒါပေမယ့် သေဆုံးမှုတွေနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။ နှစ်နိုင်ငံစလုံးဟာ တဖက်နိုင်ငံရဲ့ ဆုံးရှုံးမှုတွေကို ပုံမှန်ခန့်မှန်းထုတ်ပြန်နေပေမယ့် သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်လေ့မရှိကြပါဘူး ။ရုရှားဟာ နိုဝင်ဘာတလတည်းမှာပင် စစ်သား ၄၅၆၈၀ ယောက် သေဆုံး၊ ဒဏ်ရာရမှုတွေဖြစ်ပွားခဲ့ပြီး ဒါဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်တယ်လို့ ဗြိတိန်စစ်ထောက်လှမ်းရေးက ဆိုပါတယ်။ နောက်ဆုံးခန့်မှန်းချက်တွေအရ ရုရှားစစ်သား၁၅၂၃ ယောက်ဟာ နေ့စဉ် သေဆုံးသို့မဟုတ် ဒဏ်ရာရမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ယူကရိန်းစစ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး…
Read MoreThis Day in History
Voice of Myanmarတောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးသည် အကျင့်ပျက်ချစားမှု စွဲချက်များကြောင့် လွှတ်တော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စွပ်စွဲပြစ်တင်ခံခဲ့ရပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခံရုံးက အတည်ပြုခဲ့ခြင်းကြောင့် နောက်တစ်နှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဒီဇင်ဘာ ၉ – ၂၀၂၄SS (VOM)ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ အကျဘက်မှာ ငြိမ်နေခဲ့တာပါ။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း အလှုပ်အခတ်မရှိခဲ့ဘဲ ကျပ် ၄၀၀၀ ကျော်ဝန်းကျင်မှာ တပတ်လုံး ရှိနေခဲ့ပါတယ်။စက်သုံးဆီတွေကတော့ ဒီတပတ်မှာ ၉၂ ဓာတ်ဆီအမျိုးအစား တမျိုးလောက်သာ ဈေးထပ်တက်လာတာကို တွေ့ရပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ တချို့ ကုန်စည်ဈေးတွေ အတက်ဘက်ကို ဆက်သွားနေပြီး တချို့ကုန်စည်တွေကတော့ အမြင့်ဈေးအတိုင်း ရှိနေဆဲဖြစ်ပါတယ်။#ပြည်တွင်းရွှေဈေးနှုန်းပြည်တွင်းရွှေဈေးကတော့ ပြီးခဲ့တဲ့တပတ်ကစလို့ ကျပ် ၆၂ သိန်းဝန်းကျင်နဲ့ ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။ ဒီတပတ်မှာလည်း ဈေးဆက်ကျနေပြီး ကျပ် ၆၁ သိန်းကျော်ဝန်းကျင်မှာ တောက်လျှောက် ရှိနေခဲ့ပါတယ်။ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် (တနင်္လာနေ့) မှာ တကျပ်သား ၆၃ သိန်းဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတပတ် ဒီဇင်ဘာ ၂…
Read More