ZY(VOM)
ဒီဇင်ဘာ ၁၀၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံနဲ့ သိန္နီလမ်းပိုင်းမှာ ဒီဇင်ဘာလ ၈ရက်၊ နေ့လည်ပိုင်းအချိန်က လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ ကိုးကန့်တပ်ရဲ့ ကားတစီး မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ငါးယောက်သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန “ဝ” လူငယ့်အသံထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်၊ နေ့လည် ၁၂ နာရီ ၂၆ မိနစ်ဝန်းကျင်က ကိုးကန့်တပ်ရဲ့ ကားတစီးဟာ ကွမ်းလုံနဲ့ သိန္နီ လမ်းမပေါ်ရှိ နားတီးဂိတ်မှာ မီးလောင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ကားပေါ်မှာ လူ သုံးယေက်၊ ဂိတ်အနီးရှိ လူနှစ်ယောက် သေဆုံးခဲ့သလို ကားပေါ်ပါ တယောက်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သတင်းကတော့ ကြားရတယ်။ ဘာမှထုတ်ပြန်လာတာ မတွေ့ရသေးဘူး။ ငါးယောက်သေတာကတော့ သေချာပါတယ်။ ကျန်တယောက်ကလည်း အသက်အန္တရာယ်စိုးရိမ်ရတယ်”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
မီးလောင်ပေါက်ကွဲတဲ့ ဖြစ်စဥ် ဖြစ်ပွားပြီးနောက် ကွမ်းလုံ၊ သိန္နီ ၊ ဟိုပန်တကြောဘက်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့ပြီး လားရှိုးတက်မယ့်ကားတွေကိုလည်း လမ်းခရီး တောက်လျောက် ဖြတ်သန်းသွားလာခွင့်မပြုဘူးလို့ ကားသမားနဲ့ ခရီးသည်တွေက ဆိုပါတယ်။
အဲဒီလမ်းပိုင်းကို ကိုးကန့် တပ်မတော် – MNDAAက ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဆေးမှုတွေကိုတော့ တင်းကြပ်ထားသလို ကိုးကန့် တပ်မတော် – MNDAAက ကင်းလှည့်တာတွေ၊ ကုန်စည်သယ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-WLN
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...