Voice of Myanmarအပိုလို-၁၇ အာကာသယာဉ်မှူး ယူဂျင်ဆာနန်နှင့် ဟယ်ရစ်ဆင်ဆက်ချ်မစ်တို့သည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် လကမ္ဘာပေါ် လမ်းလျှောက်ခဲ့ကြပြီး ၎င်းတို့သည် လကမ္ဘာပေါ်တွင် နောက်ဆုံးခြေချခဲ့သော လူသားများအဖြစ် မျက်မှောက်ကာလထိ မှတ်တမ်းဝင်ခဲ့သည်။
Read MoreDay: December 11, 2024
ကျွဲတပ်ဆုံလမ်း ပိတ်နေလို့ ရှမ်းတောင်ထွက် အထားမခံတဲ့ကုန်စိမ်းတွေ ဈေးဆက်တိုက်ကျဆင်းလာ
ဒီဇင်ဘာ-၁၁-၂၀၂၄ ZY(VOM) အောင်ပန်း-ကလော-သာစည်လမ်းမကြီးရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေလို့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ အထားမခံတဲ့ကုန်စိမ်းတွေဟာ အခုဒီဇင်ဘာလ၊ ဒုတိယပါတ်အတွင်း ဈေးဆက်တိုက်ကျဆင်းလာနေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ကုန်စိမ်းတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကားလမ်းကြောင်း တွေကနေ တင်ပို့ဖို့ အဆင်မပြေသေးတဲ့အတွက် ရှမ်းတောင် လမ်းကြောင်းတစ်ခုတည်းကိုသာ အဓိကထား အသုံးပြုနေရပြီး လက်ရှိမှာ ပြောင်းဆံ သယ်ယူတဲ့ ကားတွေ အလွန်များပြားနေတာကြောင့် ယာဉ်ကြောပိတ် နေတာဖြစ်တယ်လို့ သိရပါတယ်။ “ကားက အရမ်းများတာရယ်၊ အစစ်အဆေးကလည်း တော်တော်လေးများတယ်။ ဒါကြောင့် လမ်းက ပိတ်နေတာ။ လမ်းမှာပဲ ကြာနေတော့ ကုန်စည်စီးဆင်းမှုက နှေးကွေးလာပြီး ကုန်စိမ်းတွေ စျေးကျဆင်းလာတာ။ ဒီအတိုင်းဆိုရင် နောက် တစ်ပါတ်၊ နှစ်ပါတ်လောက်အထိ ဈေးထပ်ကျနိုင်သေးတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။ အဲဒီလို လမ်းကြောပိတ်ဆို့နေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကနေ တင်ပို့တဲ့ မုံညှင်း၊ ဘိုစားပဲ၊…
Read Moreတောင်ကိုရီးယားသမ္မတရုံးကို စီးနှင်းရှာဖွေ၊ အဖမ်းခံရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း သတ်သေဖို့ ကြိုးစား
ဆိုးလ်၊ ဒီဇင်ဘာ-၁၁-၂၀၂၄ မျိုးဆက်(VOM) နိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတရုံးကို ရဲတပ်ဖွဲ့က ဒီကနေ့မှာ ဝင်ရောက်စီးနှင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သမ္မတရုံး၊ အမျိုးသားရဲတပ်ဖွဲ့၊ ဆိုးမြို့တော်ရဲတပ်ဖွဲ့၊ အမျိုးသားလွှတ်တော် လုံခြုံရေးဌာနတို့ကို ဝင်ရောက်စီးနင်းခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲနဲ့ ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲတို့ကိုလည်း ဒီနေ့မနက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်အပါအဝင် သူ့ရဲ့ မဟာမိတ်တွေဟာ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆို်ငနေရပြီး သူတို့ထဲက အများအပြားကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ သမ္မတကတော့ ဒီကြေညာချက်အတွက် ပြည်သူတွေကို တောင်းပန်ခဲ့ပေမယ့် ရာထူးဆင်းပေးဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။ သူ့ကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ ပွတ်ကာသီကာပဲ လွတ်မြောက်ခဲ့ပါတယ်။ အတိုက်အခံတွေကတော့ ယခုသီတင်းပတ်ကုန်မှာ…
Read Moreဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်
ဒီဇင်ဘာ ၁၁ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့လုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင်လျက်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှစတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံ မြို့လုံးကျွတ်နီးပါး စစ်ရှောင်လျက်ရှိကြသလို သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေနဲ့ ပြောင်းရွှေ့ဖို့ ငွေကြေးမတတ်နိုင်သူတချို့အပါအဝင် အရပ်သား တထောင်ဝန်းကျင်လောက် မြို့ထဲမှာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ “ဒီနေ့နဲ့ဆို တိုက်ပွဲက ရှစ်ရက်ရှိလာပြီ။ မြို့ထဲနေရာ တော်တော်များများလည်း မီးလောင်နေတယ်။ ဗန်းမော်ဈေးကြီးလည်း မီးလောင်သွားပြီ။ ရဲစခန်းဘက်ရော၊ ၃ မိုင်ရပ်ကွက်ဘက်က နေအိမ်တချို့ရော၊ ၂ မိုင် ဟင်းခြံဘက်ရှိ နေအိမ်တချို့ရော မီးလောင်နေတယ်။ မြို့ထဲကလူတွေကတော့ ရတဲ့လမ်းကနေ ရသလောက် ထွက်နေကြတာပဲ”…
Read Moreတောင်ကြီးမှာ မှတ်ပုံတင်ပြုလုပ်တဲ့ စစ်ဘေးရှောင်တွေ ပိုက်ဆံပိုတောင်းခံနေရ
ZY(VOM)ဒီဇင်ဘာ ၁၁၊ ၂၀၂၄ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မှတ်ပုံတင်သွားရောက်ပြုလုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်၊ မှတ်ပုံတင် လဲလှယ်သူတွေ၊ အိမ်ထောင်စုဇယားပြုလုပ်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ငွေကြေးထက် ပိုမိုတောင်းယူတာ ခံနေရတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။လားရှိုးမြို့မှာ အရင်က ဖွင့်လှစ်ထားတဲ့ စုပေါင်းရုံးကို တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တောင်ကြီးမြို့ကို ပြောင်းရွေ့ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိမှာ အသက်ပြည့်မှတ်ပုံတင်လဲလှယ်သူတွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား အသစ် ပြုလုပ်သူတွေ၊ ပျောက်ဆုံးမှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပြန်လျှောက်သူတွေကို ငွေကြေးသိန်းနဲ့ချီတောင်းခံနေတယ်လို့ ဆိုပါတယ်။“လားရှိုးလဝကရုံးကို တောင်ကြီးမြို့အထွက်နားက မြန်မာနိုင်ငံဆရာဝန်များအသင်းရုံးမှာ ပြောင်းဖွင့်ထားတာ။ လူတွေကတော့ အရင်လားရှိုးရုံးက လူတွေပဲ။ တောင်ကြီးလဝကရုံးမှာ ပေးရတာတော့ မဟုတ်ဘူး။ အရင်က လားရှိုးမှာ လုပ်တုန်းက သောင်းဂဏန်းလောက်ပဲကုန်တယ်။ အခုက သိန်းနဲ့ချီတောင်းနေတာ။ မပေးနိုင်ရင် အချိန်ဆွဲထားပြီး တော်တော်နဲ့ မလုပ်ပေးဘူး”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။အဲဒီလဝကရုံးမှာ အထက်ပါကိစ္စတွေသွားရောက်ပြုလုပ်သူတွေအနေနဲ့ ငွေကျပ်၃သိန်းအထိ တောင်းယူခံနေရတာကြောင့် အခက်အခဲဖြစ်နေရသလို အချိန်ကြန့်ကြာအောင်…
Read More