ZY(VOM)
ဒီဇင်ဘာ ၁၁၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မှတ်ပုံတင်သွားရောက်ပြုလုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်၊ မှတ်ပုံတင် လဲလှယ်သူတွေ၊ အိမ်ထောင်စုဇယားပြုလုပ်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ငွေကြေးထက် ပိုမိုတောင်းယူတာ ခံနေရတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
လားရှိုးမြို့မှာ အရင်က ဖွင့်လှစ်ထားတဲ့ စုပေါင်းရုံးကို တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တောင်ကြီးမြို့ကို ပြောင်းရွေ့ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိမှာ အသက်ပြည့်မှတ်ပုံတင်လဲလှယ်သူတွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား အသစ် ပြုလုပ်သူတွေ၊ ပျောက်ဆုံးမှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပြန်လျှောက်သူတွေကို ငွေကြေးသိန်းနဲ့ချီတောင်းခံနေတယ်လို့ ဆိုပါတယ်။
“လားရှိုးလဝကရုံးကို တောင်ကြီးမြို့အထွက်နားက မြန်မာနိုင်ငံဆရာဝန်များအသင်းရုံးမှာ ပြောင်းဖွင့်ထားတာ။ လူတွေကတော့ အရင်လားရှိုးရုံးက လူတွေပဲ။ တောင်ကြီးလဝကရုံးမှာ ပေးရတာတော့ မဟုတ်ဘူး။ အရင်က လားရှိုးမှာ လုပ်တုန်းက သောင်းဂဏန်းလောက်ပဲကုန်တယ်။ အခုက သိန်းနဲ့ချီတောင်းနေတာ။ မပေးနိုင်ရင် အချိန်ဆွဲထားပြီး တော်တော်နဲ့ မလုပ်ပေးဘူး”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
အဲဒီလဝကရုံးမှာ အထက်ပါကိစ္စတွေသွားရောက်ပြုလုပ်သူတွေအနေနဲ့ ငွေကျပ်၃သိန်းအထိ တောင်းယူခံနေရတာကြောင့် အခက်အခဲဖြစ်နေရသလို အချိန်ကြန့်ကြာအောင် ပြုလုပ်နေတဲ့အတွက် ရှမ်းမြောက်က စစ်ဘေးရှောင်တွေအနေနဲ့ အခက်အခဲဖြစ်နေရတယ်လို့ သိရပါတယ်။
အခြားမြို့နယ်တွေရှိ လဝကရုံးတွေမှာလည်း အသက်ပြည့်မှတ်ပုံတင်လဲလှယ်သူတွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား အသစ် ပြုလုပ်သူတွေ၊ ပျောက်ဆုံးမှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပြန်လျှောက်သူတွေကို ငွေကြေးတောင်းခံတာရှိပေမယ့် အချိန်ကြန့်ကြာတာမရှိဘဲ တပတ်ကနေ ၁၀ရက်အထိသာ စောင့်ဆိုင်းရတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-GG
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...