ပေကျင်း၊ ဒီဇင်ဘာ-၁၃-၂၀၂၄
ရတီ (VOM)
ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ မကြာသေးမီက အမေရိကန်မှာ ရပ်နားတာအပါအဝင် ပစိဖိတ်ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှု ပြု၊မပြုကို ဆုံးဖြတ်သွားမယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒါဟာ နိုင်ငံရဲ့ လိုအပ်ချက်နဲ့ အခြေအနေတွေအရ နည်းဗျူဟာနဲ့ အခြေအနေတွေ အမြဲတမ်းပြောင်းလဲနေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ၀ူချန်းက ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်စေ မပြုလုပ်တာဖြစ်စေ တရုတ်စစ်တပ်အနေနဲ့ ခွဲထွက်ရေးကို တားဆီးဖို့နဲ့ ပေါင်းစည်းရေးကို မြှင့်တင်ရေးတို့မှာ အမြဲပါဝင်နေမယ်လို့ သူက ဆိုပါတယ်။
ဒီအတောအတွင်း တရုတ်နိုင်ငံဟာ နှစ် ၃၀ ကာလအတွင်း ဒေသတွင်းမှာ အကြီးများဆုံးသော ရေတပ်ဖြန့်ကြက်မှုကို လုပ်ဆောင်နေပြီး ဒါဟာ ထိုင်ဝမ်ကို ယခင်ကထက် သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဂျပန်တောင်ပိုင်း ကျွန်းစုများမှ တောင်တရုတ်ပင်လယ်ထိ လက်ရှိရေတပ်ဖြန့်ကြက်မှုဟာ ၁၉၉၆ ခုနှစ် ထိုင်ဝမ်ရွေးကောက်ပွဲမတိုင်မီ ထိုင်ဝမ်တဝိုက်မှာပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုများနောက်ပိုင်း အကြီးမားဆုံးလည်းဖြစ်ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ထိုင်ဝမ်သမ္မတ လိုင်ချင်းတီရဲ့ အမေရိကန်မှာ ရပ်နားမှုအပါအဝင် ပစိဖိတ်ခရီးစဉ်အပေါ် အမျက်ဒေါသထွက်နေပြီး မကြာခင်မှာ စစ်ရေးလေ့ကျင့်ဖွယ် ရှိနေတဲ့ အခြေအနေလို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
တရုတ်စစ်တပ်ဟာ လေတပ်ကို အရန်အဖြစ်ထားရှိပြီး ရေတပ်စစ်သင်္ဘောတွေနဲ့ ကမ်းခြေစောင့်တပ်သင်္ဘောတွေကို ဖြန့်ကြက်နေကာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ထိုင်ဝမ်စစ်တပ်က သတိပေးချက်တရပ် ထုတ်ပြန်တပ်လှန့်ထားပါတယ်။
Ref:Reuters
Photo:Reuters
Related posts
-
WHO ကနေ လာမယ့်နှစ် ဇန်နဝါရီလမှာ အမေရိကန်နုတ်ထွက်မယ်လို့ ကုလထုတ်ပြန်
ဝါရှင်တန်၊ ဇန်နဝါရီ-၂၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ... -
တရုတ် မြန်မာ နယ်စပ်ဂိတ်မှာ တရုတ်ဘက်က တရုတ်ကားတွေပဲ သုံးလာလို့ မြန်မာကားပိုင်ရှင်နဲ့ ကားသမားတွေ လမ်းကြောင်းပြောင်းနေရ
ဇန်နဝါရီ ၂၄၊ ၂၀၂၅ Shy V VOM တရုတ် မြန်မာ နယ်စပ်ဂိတ်မှာ... -
အသက်မပြည့်သေးတဲ့ ကျောင်းသား ၁၇ယောက်ကို အဓမ္မပြုကျင့်တဲ့ ကျောင်းအုပ် ဖမ်းဆီးစစ်ဆေးခံရ
ဇန်နဝါရီ ၂၄ – ၂၀၂၅ GG (VOM) ပဲခူးမြို့ ၊ မုက္ကလကျေးရွာ...