ဒီဇင်ဘာ ၂၄ – ၂၀၂၄
GG (VOM)
YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး ချီးမြှင့်ပေးသွားမယ်လို့
ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ကသိရပါတယ်။
“စံပြယာဥ်မောင်းဆုကတော့ ယာဥ်လိုင်းတွေကနေ စံပြယာဥ်မောင်းဆုတွေတင်လာတဲ့အပေါ် စည်းကမ်းချက်မှတ်တမ်းတွေပြန်ကြည်ပြီးရွေးမှာပေါ့။တာဝန်သိယာဥ်မောင်းဆုဆိုတာက ကားပေါ်မှာ ခရီးသည်တွေကပစ္စည်းတွေဘာတွေကျန်တယ်လေ။ပစ္စည်းတွေပြန်လည်ပေးအပ်တဲ့ယာဥ်မောင်းတွေပေါ့။နောက်တခုက လူမှုကွန်ယက်မှာခရီးသည်တွေချီးကျူးခံရတဲ့ယာဥ်မောင်းတွေပါမယ်။တကယ်လည်းဖြစ်ရမယ်။ဖေ့စ်ဘုတ်မှာလာတဲ့ဟာတွေကြည့်တယ်။” လို့ YRTCအတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောပါတယ်။
အဆိုပါ ဆုတွေအားလုံးကို စည်းကမ်းသတ်မှတ်ချက်ဖောက်ဖျက်ခြင်းမရှိတဲ့ ယာဥ်မောင်းတွေကိုရွေးချယ်ပေးမှာဖြစ်ကြောင်းနဲ့ ဆုတွေပေးဖြစ်တဲ့အဓိကရည်ရွယ်ချက်မှာ YBS ယာဉ်မောင်းတွေ အနေနဲ့ ခရီးသွားပြည်သူအပေါ် တာဝန်သိစွာ ဆောင်ရွက်စေရန်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေဖို့ဖြစ်တယ်လို့သိရပါတယ်။
ဆုပေးစနစ်ရှိသလို စည်းကမ်းဖောက်ဖျက်တဲ့ယာဥ်လိုင်းတွေကိုလည်းအရေးယူမှုတွေလုပ်နေတယ်လို့သိရပါတယ်။
လက်ရှိမှာ YBS ယာဉ်မောင်း တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အမှုပေါင်း ၅၅၀၀၀ လောက်ရှိထားပြီး ဖောက်ဖျက်တဲ့ယာဥ်မောင်းတွေကို ဒဏ်ငွေရိုက်ခြင်း၊ ယာဥ်မောင်းနှင်ခွင့်ပိတ်သိမ်းအရေးယူခဲ့တယ်လို့သိရပါတယ်။
ရန်ကုန်မှာဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေဒီဇင်ဘာ ၁၅ ရက်အထိဆိုရင် YBS ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၇ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ယောက်ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၁၃၆ ယောက်အထိရှိခဲ့တယ်လို့သိရပါတယ်။
Photo:CJ
Related posts
-
နာဆာရဲ့ အာကာသယာဉ် နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ ကြိုးပမ်းနေ
ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ရဲ့ အာကာသယာဉ်တစင်းဟာ နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ သမိုင်းဝင်စမ်းသပ်မှုကို ကြိုးပမ်းနေပါတယ်။Parker... -
ဟူသီသူပုန်အဖွဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားသုတ်သင်ဦးမယ်လို့ အစ္စရေး သတိပေး
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတ်ဖြတ်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်ပြီး... -
ဗန်းမော်တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပိတ်မိနေတဲ့ ဒေသခံတွေ အခြေအနေ စိုးရိမ်ရ
ဒီဇင်ဘာ ၂၄ – ၂၀၂၄SS (VOM)ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲကြား ဒေသခံတချို့ ပိတ်မိနေဆဲဖြစ်ပြီး...