ဒီဇင်ဘာ ၂၆ – ၂၀၂၄
GG (VOM)
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့ ကျူးလွန်သူနှစ်ယောက်ကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
အဆိုပါ ကျူးလွန်သူနှစ်ယောက်ကို ဒီဇင်ဘာ ၂၄ ရက်နေ့ညပိုင်းက အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက်(၁)မှာ ရှိတဲ့ အဆောင်တခုမှာ သေနတ် ၁ လက်၊ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးကျူးလွန်သူကအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ဖြစ် တယ်လို့သိရပါတယ်။
” အုပ်ချုပ်ရေးမှူး ကလည်းဒီနေ့မနက်ပဲဆုံးသွားပြီ။ သူကဒဏ်ရာပြင်းတယ်။ ဆေးရုံစတက်ကတည်းက အရေးပေါ်ခန်းထဲမှာကုရတာလေ။အုပ်ချုပ်ရေးမှူးကိုပစ်တဲ့သူတွေလည်းအင်းစိန်ဘက်မှာမိတယ်ဆိုပြီးသိရတယ်။”လို့ စမ်းချောင်းမြို့နယ် နေထိုင်သူကပြောပါတယ်။
ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေက ဒီဇင်ဘာလ ၂၄ ရက်နေ့မနက်ပိုင်း အုပ်ချုပ်ရေး ရေးမှူးရုံးမှာရှိနေစဥ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ် ပြီး အဲဒီနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ကုသခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာသေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။
ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကိုကို တော့ Freeland Attack Force (FLA) အဖွဲ့ကသူတို့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်းပြောဆိုထားပါတယ်။ ယခုနစကဘက်မှထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိသူနှစ်ယောက်နဲ့ပတ်သက်ပြီး တစုံတရာတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။
နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင် နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် ၂၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုသူတို့လည်း သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ပါတယ်။
Photo:CJ
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...