ဒီဇင်ဘာ ၂၆ – ၂၀၂၄
CC (VOM)
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်မှာဖွင့်ထားတဲ့ AK အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ လုယက်မှုဖြစ်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးအသတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ ဆိုင်ပိုင်ရှင်ဖြစ်သူ မအေးအိခိုင်က ဆိုင်ဖွင့်နေချိန် ဆိုင်အတွင်းကိုအမျိုးသားနှစ်ယောက်ဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းကိုလုယက်ခဲ့တဲ့အပြင် လူကိုပါ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
” မနက်က ဖြစ်တာကို ကျွန်မတို့လည်းဖြစ်ပြီး ရဲတွေဘာညာရောက်မှသိတာ။ ဆွဲကြိုးနဲ့ဖုန်းပါသွားတယ်။လူလည်းသတ်သွားတယ်။ရန်ကင်းစင်တာနဲ့မျက်နှာချင်းဆိုင်ဘက်ကပါ။အလောင်းကိုတော့မနက်က ဆေးရုံကိုပို့လိုက်ကြပြီ။ ပစ္စည်းပဲယူရင်တော်သေးတာပေါ့။အ ခုကလူပါသတ်သွားတယ်။နေရတာကိုမလုံခြုံတော့ဘူး ။ ” လို့ ရန်ကင်းစင်တာအနီးနေထိုင်သူကပြောပါတယ်။
လူသတ် လုယက်မှုဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပေမယ့် ခုချိန်ထိတော့ ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦး သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းအောင် နဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် အမှတ် ၂၉ ရပ်ကွက်က အုပ်ချုပ်ရေးမှူး ဦးမြင့်ကြည်ဆိုသူတို့လည်း သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့တုန်းကလည်း လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်သူဝင်း (ခေါ်) ရွှေမန်းနဲ့ အဖွဲ့ဝင် နှစ် ယောက်ဟာပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Photo:CJ
Related posts
-
ထရန့်ရဲ့ ကျမ်သစ္စာကျိန်ဆိုပွဲ တရုတ်ဒုတိယသမ္မတကို စေလွှတ်မယ်
ပေကျင်း၊ ဇန်နဝါရီ-၁၇-၂၀၂၅ မျိုးဆက်(VOM) တရုတ်ဒုတိယသမ္မတ Han Zheng ကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန်ရဲ့... -
မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ
ဇန်နဝါရီ ၁၇ -၂၀၂၅ GG (VOM) စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ... -
ကာကွယ်ဆေး မထိုးရသေးသူနဲ့ အကြိမ်ပြည့်မထိုးရသေးတဲ့ ကလေးငယ်တွေကို Big Catch up ကာကွယ်ဆေးထိုး အစီအစဉ် စတင်မယ်
ဇန်နဝါရီ ၁၇ – ၂၀၂၄ GG (VOM) အသက် ၁ နှစ်မှ...