ဒီဇင်ဘာ ၃၀ – ၂၀၂၄
GG (VOM)
မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် နယ်မြေ (၈)ထဲက နေအိမ်တအိမ်မှာ ဒီဇင်ဘာ ၂၉ ရက်ညပိုင်းက နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရပ်ကွက်နေပြည်သူတွေက ချက်ချင်းဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။
အသတ်ခံရသူတွေက သားအမိနှစ်ယောက်ဖြစ်ပြီး မိခင်မှာအသက်၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီးသမီးဖြစ်သူက အသက်၁၉ နှစ်အရွယ်ဖြစ်ကြောင်း ၊နှစ်ယောက်လုံးက ဓားနဲ့ထိုးသတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” အမေဖြစ်သူက လည်ပင်းအလှီးခံထားရတယ်။ သမီးကဓားနဲ့ထိုးသွင်းဒဏ်ရာတွေနဲ့ဆုံးတယ်။ အိမ်မှာနှစ်ယောက်ထဲနေကြတာလို့ပြောတယ်။လာသတ်တဲ့သူတွေက ဓားတွေပါတယ်ဆိုတော့ သူတို့မှာအကြံအစည်ကတော့ရှိပြီးသားပုံပါ။အခုက ဘာကြောင့်သတ်သလဲသေချာတော့မသိရသေးဘူး။ ပတ်ဝန်းကျင်မှာတော့ အနုကြမ်းစီးလူသတ်တာရော၊ တခြားလူမှုရေးကိစ္စဘာညာဆိုပြီးလည်းပြောကြပေမယ ့်သေချာဘယ်သူမှမသိဘူး။သေသူရဲ့သိက္ခာလည်းရှိသေးတယ်။လူသတ်တဲ့သူတွေကတော့မိပြီ။အခုရဲစခန်းမှာပါ။” လို့အခင်းဖြစ်စဥ်နဲ့ပတ်သက်လို့ မြို့ခံတယောက်ကပြောပါတယ်။
လူသတ်မှု ကျူးလွန်သူတွေကို ရပ်ကွက်နေပြည်သူလူထုက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းကိုအပ်နှံခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာသက်ဆိုင်ရာရဲစခန်းက ကျူးလွန်ကိုစစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။
နှစ်လောင်းပြိူင်လူသတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားသုံးယောက်က တောင်သာမြို့နယ် ဝဲလောင် နဲ့ နေပြည်တော်တပ်ကုန်းမြို့နယ်နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က စိုက်ပျိုးရေး သိပ္ပံကျောင်းဝန်းထဲမှာ အနုကြမ်းစီးလုယက်မှုဖြစ်ပွားပြီး ကျောင်းအုပ်ဆရာမကြီးထိခိုက်ဒဏ်ရာရရှိကာ ဆရာမတယောက်အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဩဂုတ်လထဲမှာလည်း နေပြည်တော်၊ဥတ္တရသီရိမြို့နယ်မှာ ဆရာဝန်မိသားစုလိုက် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။
Photo:CJ