ဆိုးလ်၊ ဒီဇင်ဘာ-၂၆-၂၀၂၄မျိုးဆက်(VOM)တောင်ကိုရီးယား လွှတ်တော်က သမ္မတယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်ပြီးနောက် နှစ်ပတ်မပြည့်ခင်မှာ နိုင်ငံဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ ဟန်ဒတ်ခ်ဆိုးကို စွပ်စွဲပြစ်တင်ဖို့ အတိုက်အခံတွေက ဒီကနေ့မှာ အဆိုတင်သွင်းလိုက်ပါတယ်။အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီမှ အမည်စာရင်းတင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တရားသူကြီးတွေကို ယာယီသမ္မတ ဟန်ဒတ်ခ်ဆိုးက ခန့်အပ်ဖို့ ငြင်းဆိုပြီးနောက် သူ့အပေါ်ကို အတိုက်အခံတွေက စွပ်စွဲပြစ်တင်ဖို့ အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။သူဟာ သမ္မတယွန်းဆွတ်ခ်ဆိုးလ်က ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေး ကြေညာမှုကို မတားဆီးနိုင်တာကြောင့် အစောပိုင်းက တောင်းပန်ခဲ့ပေမယ့် သူဟာ ဒီအတွက် ကူညီပေးခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။ဝန်ကြီးချုပ်နဲ့ ယာယီသမ္မတဖြစ်သူ ဟန်ဒတ်ခ်ဆိုးဟာ သမ္မတယွန်းဆွတ်ခ်ယိုးလ်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို အထူးစုံစမ်းစစ်ဆေးဖို့ အဆိုပြုချက်အပါအဝင် အတိုက်အခံတွေဦးဆောင်တဲ့ ဥပဒေကြမ်းအများအပြားကိုလည်း ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။သူ့အပေါ် စွပ်စွဲပြစ်တင်မှုကို လာမယ့် ၂၄ နာရီမှာ ၇၂ နာရီအတွင်း မဲခွဲဆုံးဖြတ်သွားဖွယ်ရှိပါတယ်။ အဆိုအောင်မြင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်…
Read MoreMonth: December 2024
ကမ္မမြို့မှာ စစ်ရေးတင်းမာနေလို့ ပြည်သူ သောင်းနဲ့ချီ တိမ်းရှောင်
ဒီဇင်ဘာ ၂၆ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ ကမ္မမြို့မှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် မြို့ပေါ်က ပြည်သူ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဒီဇင်ဘာ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းကစပြီး နစကစစ်ကြောင်း ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်တာကြောင့် ကမ္မမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုနဲ့ အနီးအနားဝန်းကျင်ရှိ ကျေးရွာ ၁၈ ရွာမှသောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရခြင်းဖြစ်တယ်လို့ သိရပါတယ်။ “နစကတပ်တွေက ညောင်ဂျစ်ပင်နဲ့ ရေလာလေးရွာမှာရှိတဲ့ စခန်းတွေကနေ ဒီဘက်ကိုရောက်လာတာ။ နယ်မြေရှင်းလင်းရေးလုပ်ရင်း ရောက်လာတာပေါ့။ ဒီနေ့မနက်ဆို ကမ္မအရှေ့ဘက် နတ်စဉ်ခွက်ကို ကျော်နေပြီ။ တိုက်ပွဲတွေဖြစ်လာမှာစိုးရိမ်လို့ မြို့ပေါ်မှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ တော်တော်များများ စစ်ရှောင်ကုန်ကြတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။…
Read Moreမုံရွာမြို့ပေါ်မှာ လူသတ်ပြီး ကားလုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်က နေအိမ်တအိမ်မှာ လူသတ်ပြီး ကားလုယက်မှု ဒီနေ့ဒီဇင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နေအိမ်ပိုင်ရှင်အမျိုးသမီးကို ပြန်ပေးဆွဲရာကနေ ပိုင်ရှင်အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံရပြီး ကားကိုလုယက် ယူဆောင်သွားခြင်း ခံခဲ့ရတာဖြစ်ကြောင်း ၊ လက်ရှိမှာ လုယက်သွားတဲ့ကားကိုပြန်လည်တွေ့ရှိထားပေမယ့် ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။” ကြားတာတော့ ပြန်ပေးဆွဲတာကိုမလိုက်လို့ သေနတ်နဲ့ပစ်သတ်တာလေးချက်လို့သိရတယ်။ယူသွားတဲ့ကားကို အက်တောရပ်ကွက် ကန်သာဘုန်းကြီးကျောင်းရှေ့မှာပြန်တွေ့တယ်။မုံရွာ ပလဖ အဖွဲ့ကလည်း သတ်သွားတဲ့သူတွေကိုလိုက်ဖမ်းတယ်။စစ်တပ်ဘက်ကလည်းစစ်ဆေးရင်းနဲ့ သူတို့ချင်းပစ်ခတ်မှုတွေတောင်ရှိခဲ့တယ်။” လို့ ဒေသခံကပြောပါတယ်။အဆိုပါ လူသတ်ပြီးကားလုယက်မှုဖြစ်စဥ်မှာ အသတ်ခံရသူက အသက်၃၇ နှစ်အရွယ်အမျိုးသမီးဖြစ်ကြောင်း ၊ နစက တပ်ဖွဲ့ဝင်တွေကတော့ကျူးလွန်သူကိုဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။အလားတူမုံရွာမြို့နယ် ပလဖကလည်း လူသတ်မှုးကျူးလွန်သူတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်ရရှိထားပြီဖြစ်လို့ အမြန်ဆုံးရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူသွားမယ်ဆိုပြီး သူတို့ရဲ့လူမှုကွန်ရက် ကနေ အသိပေးထားပါတယ်။လက်ရှိအထိတော့လူသတ်မှုကျူးလွန်သူတွေကို ဘယ်အဖွဲ့အစည်းကမှ ဖမ်းဆီး ရမိခြင်းမရှိသေးပါဘူး။ ၂၀၂၃ ခုနှစ်တုန်းကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်က နေအိမ်တအိမ် ဓားပြတိုက်ခံရပြီး ကိုယ်ဝန်ဆောင်…
Read Moreဂျပန်ရဲ့ ဒုတိယအကြီးဆုံး လေကြောင်းလိုင်း ဆိုက်ဘာတိုက်ခိုက်ခံရ
တိုကျို၊ ဒီဇင်ဘာ-၂၆-၂၀၂၆မျိုးဆက်(VOM)ဂျပန်လေကြောင်းလိုင်းဟာ ဒီကနေ့ ဒီဇင်ဘာ ၂၆ ရက်က ဆိုက်ဘာတိုက်ခိုက်မှုကြုံခဲ့ရတာကြောင့် လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးခဲ့ရတယ်လို့ အဲဒီလေကြောင်းလိုက်က ထုတ်ပြန်လိုက်ပြီး ဒီပြသနာကို ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။လေကြောင်းလိုင်းရဲ့ ခရီးဆောင်အိတ်တွေကို စစ်ဆေးတဲ့စနစ်မှာ ပြသနာတွေကြုံခဲ့ရတာကြောင့် ဂျပန်လေဆိပ်အများအပြားမှာ လေယာဉ်ခရီးစဉ် တဒါဇင်ကျော်နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ခရီးစဉ်တွေ ဖျက်သိမ်းလိုက်ရတာမျိုးတော့ မရှိသေးဘူးလို့ ပြောပါတယ်။ဂျပန်လေကြောင်းလိုင်းသည် အောနီပွန်လေကြောင်းလိုင်းပြီးရရင် ဂျပန်နိုင်ငံမှာ ဒုတိယမြောက် အကြီးဆုံးလေကြောင်းလိုင်းလည်းဖြစ်ပါတယ်။ ပြသနာရဲ့ အဓိကအကြောင်းရင်းကို ရှာဖွေဖြေရှင်းနိုင်ခဲ့ပြီး အခြေအနေတွေကို ပြန်လည်စစ်ဆေးနေတယ်လို့ ဂျပန်လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ရောင်းချမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အဆင်မပြေမှုများအတွက် တောင်းပန်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။ဆိုက်ဘာတိုက်ခိုက်မှုဟာ ဒီကနေ့မနက် ၆ နာရီ ၂၄ မိနစ်မှာ စတင်ကြုံတွေ့ခဲ့ရပြီး မနက် ၉ နာရီဝန်းကျင်မှာတော့ အနှောက်အယှက်ဖြစ်နေတဲ့ ကွန်ရက်ကို ယာယီခွဲထုတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်ကြောင့်…
Read Moreမန္တလေးမြို့က နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံရ
မန္တလေး၊ ဒီဇင်ဘာ ၂၆-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း ၃၂ နဲ့ ၃၃လမ်းကြားရှိ နဂါးနန်းတော် ရွှေဆိုင်မှာ ဒီကနေ့မနက် ၉ နာရီခန့်က ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ဆိုင်ကယ်နဲ့လာတဲ့ လူနှစ်ဦးက သေနတ်ပြပြီး တိုက်သွားတယ်လို့ သိရတယ်၊ ပါသွားတဲ့ ရွှေထည်ပစ္စည်း အရေအတွက်တန်ဖိုးကိုတာ့ တွက်ချက်နေဆဲပါ”လို့ ရဲနဲ့နီးစပ်သူ တဦးက ပြောပါတယ်။ လူမှုကွန်ယက်စာမျက်နှာအချို့မှာတော့ နဂါးနန်းတော် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၁ ပိဿာ ကျော် ပါသွားတယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာ မြောက် ရပ်ကွက်၊ ၇၇လမ်း ၃၆-၃၇လမ်းကြားရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင်မှာ ရွှေ ၄ ပိဿာခန့်…
Read MoreThis Day in History
Voice of Myanmarဆူမားတြားကျွန်း အနောက်ဘက် အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်တွင် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အင်အားပြင်း မြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိုင်းကမ်းရိုးတန်းဒေသများမှ အာဖရိကထိ ဆူနာမီလှိုင်းများဖြစ်ပေါ်ခဲ့ကာ လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့သည်။
Read Moreစည်းကမ်းလိုက်နာတဲ့ YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆုနဲ့ ပြည်သူချီးကျူးဆုတွေ ပေးမယ်
ဒီဇင်ဘာ ၂၄ – ၂၀၂၄GG (VOM)YBS ယာဥ်မောင်းတွေကို စံပြယာဥ်မောင်းဆု၊တာဝန်သိယာဥ်မောင်းဆုနဲ့ လူမှုကွန်ရက်မှာခရီးသွားပြည်သူတွေရဲ့ချီးကျူးခြင်းခံရတဲ့ ယာဥ်မောင်းဆုဆိုပြီး ချီးမြှင့်ပေးသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ကသိရပါတယ်။“စံပြယာဥ်မောင်းဆုကတော့ ယာဥ်လိုင်းတွေကနေ စံပြယာဥ်မောင်းဆုတွေတင်လာတဲ့အပေါ် စည်းကမ်းချက်မှတ်တမ်းတွေပြန်ကြည်ပြီးရွေးမှာပေါ့။တာဝန်သိယာဥ်မောင်းဆုဆိုတာက ကားပေါ်မှာ ခရီးသည်တွေကပစ္စည်းတွေဘာတွေကျန်တယ်လေ။ပစ္စည်းတွေပြန်လည်ပေးအပ်တဲ့ယာဥ်မောင်းတွေပေါ့။နောက်တခုက လူမှုကွန်ယက်မှာခရီးသည်တွေချီးကျူးခံရတဲ့ယာဥ်မောင်းတွေပါမယ်။တကယ်လည်းဖြစ်ရမယ်။ဖေ့စ်ဘုတ်မှာလာတဲ့ဟာတွေကြည့်တယ်။” လို့ YRTCအတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောပါတယ်။အဆိုပါ ဆုတွေအားလုံးကို စည်းကမ်းသတ်မှတ်ချက်ဖောက်ဖျက်ခြင်းမရှိတဲ့ ယာဥ်မောင်းတွေကိုရွေးချယ်ပေးမှာဖြစ်ကြောင်းနဲ့ ဆုတွေပေးဖြစ်တဲ့အဓိကရည်ရွယ်ချက်မှာ YBS ယာဉ်မောင်းတွေ အနေနဲ့ ခရီးသွားပြည်သူအပေါ် တာဝန်သိစွာ ဆောင်ရွက်စေရန်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေဖို့ဖြစ်တယ်လို့သိရပါတယ်။ဆုပေးစနစ်ရှိသလို စည်းကမ်းဖောက်ဖျက်တဲ့ယာဥ်လိုင်းတွေကိုလည်းအရေးယူမှုတွေလုပ်နေတယ်လို့သိရပါတယ်။လက်ရှိမှာ YBS ယာဉ်မောင်း တွေ စည်းကမ်းဖောက်ဖျက်လို့ တိုင်ကြားတဲ့အမှုပေါင်း ၅၅၀၀၀ လောက်ရှိထားပြီး ဖောက်ဖျက်တဲ့ယာဥ်မောင်းတွေကို ဒဏ်ငွေရိုက်ခြင်း၊ ယာဥ်မောင်းနှင်ခွင့်ပိတ်သိမ်းအရေးယူခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မှာဆိုရင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေဒီဇင်ဘာ ၁၅ ရက်အထိဆိုရင် YBS ယာဉ်မတော်တဆမှုပေါင်း အကြိမ် ၇ဝ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၆ ယောက်ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ…
Read Moreနာဆာရဲ့ အာကာသယာဉ် နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ ကြိုးပမ်းနေ
ဝါရှင်တန်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အာကာသအေဂျင်စီ (နာဆာ) ရဲ့ အာကာသယာဉ်တစင်းဟာ နေနဲ့အနီးဆုံးကနေ ပျံသန်းလေ့လာဖို့ သမိုင်းဝင်စမ်းသပ်မှုကို ကြိုးပမ်းနေပါတယ်။Parker Solar Probe အာကာသယာဉ်ဟာ နေကိုစူးစမ်းလေ့လာနေတာဖြစ်ပြီး ပူပြင်းလွန်းတဲ့ အပူချိန်တွေနဲ့ ဓါတ်ရောင်ခြည်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။ ဒီလိုအပူချိန်မှာ ပျံသန်းမှုအတွင်း ရက်အတန်ကြာ အဆက်အသွယ်ပြတ်တောက်နေပြီး ပုံမှန်အလုပ်ဆောင်နိုင်ခြင်းရှိမရှိကို ဒီဇင်ဘာ ၂၇ ရက်မှာ အချက်ပြလှိုင်းကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။လူတွေဟာ ရာစုနှစ်ပေါင်းများစွာ နေကိုလေ့လာခဲ့ကြပေမယ့် တကယ်မသွားဘဲနဲ့ အဲဒီနေရာရဲ့ အခြေအနေကို မသိရှိနိုင်ကြောင်း၊ ယခုလေ့လာမှုဟာ နေရဲ့ အလုပ်လုပ်ပုံကို ပိုမိုသိရှိနိုင်ဖွယ်ရှိတယ်လို့ နာဆာရဲ့ သိပ္ပံဆိုင်ရာအကြီးအကဲ နီကိုလာဖော့စ်က ပြောပါတယ်။Parker Solar Probe နေစူးစမ်းလေ့လာရေးယာဉ်ကို ၂၀၁၈ ခုနှစ်က လွှတ်တင်ခဲ့တာဖြစ်ပြီး နေကို ၂၁ ကြိမ် လှည့်ပတ်ပျံသန်းပြီးဖြစ်ပေမယ့် ခရစ္စမတ်ကာလမှာ ပျံသန်းမှုကတော့ နေနဲ့အနီးဆုံး စံချိန်တင်ပျံသန်းမှုဖြစ်ပါတယ်။နေကို သူ့ရဲ့ အနီးကပ်ဆုံး စူးစမ်းလေ့လာမှုကတော့ မိုင်ပေါင်း…
Read Moreဟူသီသူပုန်အဖွဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားသုတ်သင်ဦးမယ်လို့ အစ္စရေး သတိပေး
တဲလ်အဗစ်၊ ဒီဇင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ သတ်ဖြတ်ခဲ့တာလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပထမဆုံးအကြိမ် ဝန်ခံပြောဆိုလိုက်ပြီး ယီမင်အခြေစိုက် ဟူသီအဖွဲ့ ခေါင်းဆောင်ပိုင်းကိုလည်း ပစ်မှတ်ထားမယ်လို့ သတိပေးလိုက်ပါတယ်။ဟာနီယာဟာ အစ္စရေးရဲ့ ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ထားခဲ့တဲ့ တို်ကခိုက်မှုအတွင်း အီရန်နိုင်ငံ တီဟီရန်ရှိ တည်းခိုနေထိုင်ရာနေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ အစ္စရေးကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေတဲ့ ယီမင်အခြေစိုက် ဟူသီသူပုန်ခေါင်းဆောင်တွေကိုလည်း ပစ်မှတ်ထား သုတ်သင်မယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ဟူသီတွေကို အစ္စရေးအနေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး ခေါင်းဆောင်ပိုင်းတွေကို သုတ်သင်ပစ်မယ်လို့ ဟာနီယာ၊ ဆင်ဝါ၊ နာဆရယ်လာ၊ ဆန်နာ စတဲ့ ဟားမတ်စ်နဲ့ ဟဇ်ဘိုလာခေါင်းဆောင်တွေ အသတ်ခံရတာကို ရည်ညွန်းပြီး ကာကွယ်ရေးဝန်ကြီး ကာ့ဇ်က ပြောပါတယ်။ဒီအတောအတွင်း ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အချို့မှာ တိုးတက်မှုအနည်းငယ်ရှိခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဘယ်အချိန်မှာ သဘောတူမလဲဆိုတာတော့ မသိရသေးပါဘူး။ပါလက်စတိုင်းတာဝန်ရှိသူကတော့ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက်…
Read Moreဗန်းမော်တိုက်ပွဲ ပိုမိုပြင်းထန်လာပြီး ပိတ်မိနေတဲ့ ဒေသခံတွေ အခြေအနေ စိုးရိမ်ရ
ဒီဇင်ဘာ ၂၄ – ၂၀၂၄SS (VOM)ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲကြား ဒေသခံတချို့ ပိတ်မိနေဆဲဖြစ်ပြီး လုံခြုံရေးအခြေအနေ အထူး စိုးရိမ်နေရတဲ့ အနေအထားဖြစ်တယ်လို့ အဲဒီဒေသခံတွေဆီက သိရပါတယ်။ဗန်းမော်မြို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ကာ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲကာလ ၂၁ ရက်ခန့် ရှိလာပြီဖြစ်ကာ အမြောက်တပ်၊ ဗန်းမော်နည်းပညာတက္ကသိုလ် အပါအဝင် နစကတပ်တွေရှိတဲ့ နေရာအတော်များများကို KIA တပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။“ကျွန်တော်တို့လည်း ကြောက်လို့ ဘယ်မှမထွက်ရဲဘူး။ လုံခြုံမယ်ထင်တဲ့ နေရာလေးတွေမှာပဲ ပုန်းခိုပြီးနေနေကြရတာ။ တိုက်ပွဲကလည်း ပြင်းထန်နေတော့ ကိုယ့်အသက်အန္တရာယ် မထိခိုက်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားနေကြရတာပါပဲ။ လေကြောင်းရန်၊ လက်နက်ကြီးရန်တွေကလည်း တောက်လျှောက် ရှိနေတယ်။ လက်နက်ကြီးထိလို့ သေဆုံးသွားတဲ့သူတွေလည်း မနည်းဘူး။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။ အိမ်တွေလည်း မီးလောင်ကုန်ပြီ။…
Read More