Voice of Myanmarအီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်များသည် ကိုးလကြာထွက်ပြေးနေသည့် အီရတ်သမ္မတ ဆတ်ဒမ်ဟူစိန်ကို ၎င်းပုန်းအောင်းသည့်နေရာမှ ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်၌ ဖမ်းဆီးရမိခဲ့ပြီးနောက် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကြောင့် သုံးနှစ်အကြာတွင် ကွပ်မျက်ခဲ့သည်။
Read MoreMonth: December 2024
ပုဏ္ဍားကျွန်းစစ်ရှောင်တွေ အရေပြားရောဂါကူးစက်မှု ဆေးဝါးမလုံလောက်လို့ ပိုမိုဆိုးရွားလာ
ဒီဇင်ဘာ ၁၃ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ် ၊ပုဏ္ဍားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် အရေပြားရောဂါဖြစ်ပွားမှုနူန်း မြင့် လာပြီး လူဦးရေထောင်ဂဏန်းအထိ ရောဂါကူးစက်မှုရှိလာနေတယ်လို့ သိရပါတယ်။ အရေပြားရောဂါအတွက် ယားနာလိမ်းဆေးတွေပြတ်တောက်ခြင်း ၊ ဆေးဝါးစျေးနူန်းတွေကြီးမြင့်ခြင်း ၊စစ်ရှောင်လူဦးရေများခြင်း စတဲ့အခက်အခဲတွေကြောင့် စစ်ရှောင်တွေမှာဖြစ်ပွားနေတဲ့အရေပြားရောဂါကို ထိရောက်တဲ့ကုသမှုမပေးနိုင်တာကြောင့် ရောဂါဖြစ်ပွားမှာကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ရောဂါကူးစက်မှုနူန်းမြင့်လာတာဖြစ်တယ်လို့သိရပါတယ်။ ” ဆေးဝါးတွေပြတ်နေတော့ ရောဂါဖြစ်သူတွေကိုလိမ်းဆေးတွေလည်း မပေးနိုင်ဘူး။ ဆေးမရှိတော့ ရောဂါကူးစက်မှုကို မထိန်းချုပ်နိုင်ဘူးဖြစ်နေတာပေါ့။ ယားနာတကိုယ်လုံးပေါက်သူတွေလည်း ရှိတယ်။ဆေးဝါးတွေမလုံမလောက်တာရယ် ရှိတဲ့ဆေးတွေကျတော့ လဲ စျေးကြီးတာကြောင့်ပါတယ်။ နောက်ပြီးရေမသန့်တာ၊ လူဦးရေပြွတ်သိပ်တာ၊လေထုမသန့်တာတွေကြောင့်လည်းပါတယ်။” လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တယောက်ကပြောပါတယ်။ အရေပြားရောဂါ ဖြစ်ပွားနေသူတွေထဲမှာတော့ လူကြီးတွေ၊ကလေးငယ် အပါအဝင် အသက်အရွယ်အစုံမှာ ရောဂါဖြစ်ပွားမှုရှိပြီး ခုနောက်ပိုင်းမှာတော့ ကလေးငယ်တွေမှာ ရောဂါကူးစက်ဖြစ်ပွားမှု ပိုများလာတယ်လို့သိရပါတယ်။ အရေပြားရောဂါကူးစက်မှုအများဆုံးကတော့ ပန်းနီလာ စစ်ရှောင်စခန်းနဲ့ ယိုးငူစစ်ရှောင်စခန်းတို့ဖြစ်ပြီး ကျန်တဲ့ အခြားစစ်ဘေးရှောင်စခန်းတွေမှာလည်း…
Read Moreတောင်ကိုရီးယားသမ္မတကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ ကြိုးပမ်းကြဦးမယ်
ဆိုးလ်၊ ဒီဇင်ဘာ-၁၂-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး သမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ခုခံကာကွယ်ပြောဆိုလိုက်ပြီး ဒါဟာ နိုင်ငံရဲ့ ဒီမိုကရေစီကိုကာကွယ်ဖို့ လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒီကြိုးပမ်းမှုဟာ ဒီမိုကရေစီပြိုလဲမှုကို တားဆီးဖို့နဲ့ အတိုက်အခံတွေရဲ့ ပါလီမန်အာဏာရှင်စနစ်ကို တန်ပြန်ဖို့ တရားဝင်ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတရပ်မှာ ယွန်းဆွတ်ခ်ယိုးလ်က ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက တောင်းပန်ပြီးနောက်ပိုင်း ပြောကြားခဲ့တဲ့ ဒီမိန့်ခွန်းမှာတော့ စစ်အုပ်ချုပ်ရေးအမိန့်ဟာ တော်လှန်ပုန်ကန်တဲ့ လုပ်ရပ်ဆိုတာကို ငြင်းဆိုထားပြီး သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို ခြေထိုးဖို့ မှားယွင်းတဲ့ လှုံ့ဆော်မှုတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။ စနေ့နေ့မှာတော့ သူ့ကို ပါလီမန်မှာ ဒုတိယအကြိမ် စွပ်စွဲပြစ်တင် အဆိုတင်သွင်းမှာဖြစ်ပြီး သူကတော့ ရာထူးက…
Read Moreမောင်တောကို AA ထိန်းချုပ်လိုက်ပေမယ့် စစ်ရှောင်တွေ အိမ်ပြန်ဖို့ မရေရာသေး
ဒီဇင်ဘာ ၁၂ – ၂၀၂၄SS (VOM)ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို AA ထိန်းချုပ်လိုက်ပေမယ့် စစ်ရှောင်တွေ အိမ်ပြန်ဖို့ မရေရာသေးဘူးလို့ အဲဒီစစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။မောင်တောမြို့နယ်အတွင်း ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ဘေးလွတ်မယ်ထင်တဲ့ နီးစပ်ရာ ကျေးရွာအသီးသီးနဲ့ လောင်းဒုံမျှာစင်၊ လှဖိုးခေါင် စတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပြန့်ကြဲ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။“စစ်ဘေးရှောင်က လူဦးရေ ငါးသောင်းနီးပါးလောက်ရှိတယ်။ ရခိုင်၊ သက်၊ မြိုလူမျိုးတွေလည်း ပါသလို မွတ်ဆလင်နဲ့ ဟိန္ဒူလူမျိုးတွေလည်း ပါတယ်။ အခက်အခဲတွေကတော့ အများကြီးပါ။ အဓိက က လမ်းပန်းဆက်သွယ်ရေးပေါ့။ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ကူညီဖို့ခက်သလို ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီတွေ အပြည့်အဝ မပေးနိုင်ကြဘူး။ ကုန်ဈေးနှုန်းတွေကလည်း တက်သထက်တက်လာတော့ အလှူရှင်တွေလည်း ရှားပါးလာတယ်။ အခုဆို စားနပ်ရိက္ခာက ဆန်လောက်ပဲ နည်းနည်းကျန်တော့တယ်။ AA က…
Read Moreရွှေဆိုင်လိုင်စင်လျှောက်ရင် အာမခံကြေး ထားရမယ့်စနစ်ကြောင့် တပိုင်တနိုင်ရွှေဆိုင်ငယ်တွေ အခက်တွေ့လာ
Ms(VOM)ဒီဇင်ဘာ၁၂၊၂၀၂၄ရွှေအရောင်းအဝယ်လုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းလိုင် စင် ပြန်လည်လျှောက်ထားရာမှာ ဆိုင်မှာ ရောင်းချမယ့် ရွှေတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာ အာမခံကြေးအဖြစ် ထည့်သွင်းထားဖို့စနစ်သတ်မှတ်လိုက်တာကြောင့် တပိုင်တနိုင်လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်အသေးတွေ အနေဖြင့် အခက်ခဲတွေဖြစ်ပေါ်မှုရှိနေတယ်လို့သိရပါတယ်။အခုနှစ်ရဲ့ပြီးခဲ့တဲ့အောက်တိုဘာလ၂၅ရက်နေ့မှာ ရွှေအရောင်း အဝယ်ကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်လိုက်ပြီးတဲ့နောက် ရွှေဆိုင်တွေအကုန်လုံး သုံးလအတွင်း အဖိုးတန်ဓာတ်သတ္တုလုပ်ငန်းလိုင်စင်သစ် လျှောက်ထားကြဖို့ ညွှန်ကြားချက် ထွက်လာခဲ့ပါတယ်။အဲ့ဒီ့ညွှန်ကြားချက်အထဲ ရွှေအရောင်းအဝယ်လုပ်ငန်းလိုင်စင်လျှောက်ပါက ရွှေတန်ဖိုးရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာ အာမခံကြေးအဖြစ် ထည့်သွင်းထားဖို့ သတ်မှတ်ချက်လည်းပါဝင်နေတယ်လို့ဆိုပါတယ်။” ရွှေအရောင်းအဝယ်က လိုင်စင်ရှိမှပဲလုပ်လို့ရမယ်။အဲဒီလိုင်စင်ကိုလည်းပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ရက်ကစပြီး၃လအတွင်းလျှောက်ဖို့ အသိပေးထားတယ်။အဲ့ဒီ့မှာလည်း လိုင်စင်လျှောက်ဖို့ လုပ်ရမယ့်အချက်အလက်တွေအများကြီးပါနေတယ်။ ဒီအချက်တွေထဲ လိုင်စင်လျှောက်ရင် ဘဏ်မှာ၂၅ရာခိုင်နှုန်းအာမခံထားရမယ်ဆိုတာကတော့ ဆိုင်ကြီးနာမည်ကြီးတွေ အတွက်ကိစ္စမရှိလောက်ပေမယ့်။ဆိုင်ငယ်တွေနဲ့ တပိုင်တနိုင် အရောင်းအဝယ်တွေ အတွက်ကတော့ ခက်ခဲသွားတယ်။ သူတို့ကငွေကြေးအင်အားအရနည်းပါးတာရော ဆိုင်ကြီးတွေကနေ ကိုယ်စားလှယ်သဘောယူရောင်းနေရတာတွေရောကြောင့် လိုင်စင်မရလို့အရောင်းအဝယ်မလုပ်ရတော့ရင် ဆိုင်ပိတ်ရတော့မယ့်အနေအထားတွေမှာရှိပါတယ်လို့” အင်းစိန်မြို့နယ်မှာ ရွှေဆိုင်ဖွင့်ကာလုပ်ငန်းလုပ်ကိုင်နေသူတယောက်ကပြောပါတယ်။လက်ရှိမှာ ရွှေရောင်းဝယ်ခြင်း…
Read Moreရေနံချောင်းမှာ ရဲဒုတပ်ကြပ်နှစ်ယောက် ပစ်ခတ်ခံရလို့ သေဆုံး
ဒီဇင်ဘာ ၁၂ -၂၀၂၄GG (VOM)မကွေးတိုင်း၊ရေနံချောင်းမြို့နယ်ထဲမှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံPDF တွေအကြားပစ်ခတ်မှုဖြစ်ပြီး ရဲဒုတပ်ကြပ်နှစ်ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ပစ်ခတ်မှုအတွင်းသေဆုံးခဲ့တဲ့ ရဲဒုတပ်ကြပ်နှစ်ယောက် ရေနံချောင်းမြို့နယ်၊လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲဒုတပ်ကြပ်အောင်ဒင် နဲ့ ဒုတပ်ကြပ်မြတ်စိုးနိုင်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။” မနေ့က မကျည်းတိုင်း-ဖိုးကိုးလမ်းပေါ်မှာ ဖြစ်ကြတာပါ။ရဲတွေကအရပ်ဝတ်နဲ့ဆိုင်ကယ်နဲ့သွားချိန် pdf တွေကပစ်တော့အပြန်အလှန်ပစ်ကြရင်း ရဲနှစ်ယောက်လုံးသေတယ်။ အလောင်းတွေကိုလည်း pdf တွေကပဲယူသွားကြတယ်။ပစ်ခတ်မှုပြီးတော့ ရဲကားတွေလည်းသွားကြတာတွေ့တယ်။ ” လို့ ဒေသခံကပြောပါတယ်။အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် သတ်ဖြတ်မှုကိုတော့ People’s Defence Force -Yenangyaung ၊Tamar Myay Special Coloum နဲ Midland Dolphin’s Coloum တို့ကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ထားပါတယ်။ရဲတပ်ဖွဲ့ဝင်နှစ်ယောက်က အရပ်ဝတ်နဲ့ pdf တွေသတင်းလိုက်လံစုံစမ်းနေကြောင်းသတင်းရတဲ့အတွက် လမ်းကနေကြိုစောင့်ပြီးဖမ်းဆီးဖို့လုပ်စဥ် ရဲဘက်ကနေလက်ပစ်ဗုံးနဲ့ပြန်ခုခံတာကြောင့်ပစ်ခတ်ရင်း သေဆုံး ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ချောက်မြို့နယ်ရှိ ဟိုတယ်တခုမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။မေလတုန်းကလည်းရေနံချောင်းမြို့နယ်မှာ…
Read Moreဒေါ်နယ်ထရန့်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ တရုတ်သမ္မတ ရှီကျင်းပင်ကို ဖိတ်ကြား
ဝါရှင်တန်၊ ဒီဇင်ဘာ-၁၂-၂၀၂၄ရတီ(VOM)အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်ကို ဖိတ်ကြားခဲ့တယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး စီဘီအက်စ် သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။ဒီဖိတ်ကြားမှုကို နိုဝင်ဘာ ၅ ရက်သမ္မတရွေးကောက်ပွဲအပြီး များမကြာခင်မှာ ပေးပို့ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက်မှာပြုလုပ်မယ့် ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ကို တရုတ်ဘက်က လက်ခံခြင်းရှိမရှိ ရှင်းလင်းစွာ မသိရသေးပါဘူး။ဝါရှင်တန်ရှိ တရုတ်သံရုံးကလည်း ဒီကိစ္စကိုမှတ်ချက်ပြုပြောဆိုတာမျိုးမရှိသေးပါဘူး။ တရုတ်သမ္မတရှီကျင်းပင်နဲ့ အလွန်ကောင်းမွန်းတဲ့ ဆက်ဆံရေးရှိပြီး မကြာသေးမီကလည်း အဆက်အသွယ်ရှိတယ်လို့ ဒေါ်နယ်ထရန့်က သောကြာနေ့ကပြုလုပ်တဲ့ စီဘီအက်စ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ထရန့်ဟာ တရုတ်နဲ့ဆက်ဆံရေးအမေရိကန်ရဲ့ ပထဝီနိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်တယောက်ဟာ အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့တာမျိုးမရှိသေးပါဘူး။တရုတ်နိုင်ငံက ဖန်တနိုင်းမူးယစ်ဆေးတွေ အမေရိကန်ကို မှောင်လိုလုပ်တာတွေကို မတားဆီးမထိန်းချုပ်နိုင်ဘူးဆိုရင် တရုတ်သွင်းကုန်တွေအပေါ် အခွန် ၁၀ ရာခိုင်နှုန်းကောက်မယ်လို့ ရွေးကောက်ခံသမ္မတ ထရန့်က ခြိမ်းခြောက်ထားပါတယ်။ဒီကိစ္စကြောင့် အခွန်တိုးကောက်တာဟာ…
Read MoreThis Day in History December11
Voice of Myanmarအပိုလို-၁၇ အာကာသယာဉ်မှူး ယူဂျင်ဆာနန်နှင့် ဟယ်ရစ်ဆင်ဆက်ချ်မစ်တို့သည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် လကမ္ဘာပေါ် လမ်းလျှောက်ခဲ့ကြပြီး ၎င်းတို့သည် လကမ္ဘာပေါ်တွင် နောက်ဆုံးခြေချခဲ့သော လူသားများအဖြစ် မျက်မှောက်ကာလထိ မှတ်တမ်းဝင်ခဲ့သည်။
Read Moreကျွဲတပ်ဆုံလမ်း ပိတ်နေလို့ ရှမ်းတောင်ထွက် အထားမခံတဲ့ကုန်စိမ်းတွေ ဈေးဆက်တိုက်ကျဆင်းလာ
ဒီဇင်ဘာ-၁၁-၂၀၂၄ ZY(VOM) အောင်ပန်း-ကလော-သာစည်လမ်းမကြီးရှိ ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ လမ်းပိတ်ဆို့မှုဖြစ်ပွားနေလို့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ အထားမခံတဲ့ကုန်စိမ်းတွေဟာ အခုဒီဇင်ဘာလ၊ ဒုတိယပါတ်အတွင်း ဈေးဆက်တိုက်ကျဆင်းလာနေတယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ထွက်ရှိတဲ့ ကုန်စိမ်းတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကားလမ်းကြောင်း တွေကနေ တင်ပို့ဖို့ အဆင်မပြေသေးတဲ့အတွက် ရှမ်းတောင် လမ်းကြောင်းတစ်ခုတည်းကိုသာ အဓိကထား အသုံးပြုနေရပြီး လက်ရှိမှာ ပြောင်းဆံ သယ်ယူတဲ့ ကားတွေ အလွန်များပြားနေတာကြောင့် ယာဉ်ကြောပိတ် နေတာဖြစ်တယ်လို့ သိရပါတယ်။ “ကားက အရမ်းများတာရယ်၊ အစစ်အဆေးကလည်း တော်တော်လေးများတယ်။ ဒါကြောင့် လမ်းက ပိတ်နေတာ။ လမ်းမှာပဲ ကြာနေတော့ ကုန်စည်စီးဆင်းမှုက နှေးကွေးလာပြီး ကုန်စိမ်းတွေ စျေးကျဆင်းလာတာ။ ဒီအတိုင်းဆိုရင် နောက် တစ်ပါတ်၊ နှစ်ပါတ်လောက်အထိ ဈေးထပ်ကျနိုင်သေးတယ်”လို့ ကုန်သည်တယောက်က VOMကို ပြောပါတယ်။ အဲဒီလို လမ်းကြောပိတ်ဆို့နေတာကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းကနေ တင်ပို့တဲ့ မုံညှင်း၊ ဘိုစားပဲ၊…
Read Moreတောင်ကိုရီးယားသမ္မတရုံးကို စီးနှင်းရှာဖွေ၊ အဖမ်းခံရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း သတ်သေဖို့ ကြိုးစား
ဆိုးလ်၊ ဒီဇင်ဘာ-၁၁-၂၀၂၄ မျိုးဆက်(VOM) နိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတရုံးကို ရဲတပ်ဖွဲ့က ဒီကနေ့မှာ ဝင်ရောက်စီးနှင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ သမ္မတရုံး၊ အမျိုးသားရဲတပ်ဖွဲ့၊ ဆိုးမြို့တော်ရဲတပ်ဖွဲ့၊ အမျိုးသားလွှတ်တော် လုံခြုံရေးဌာနတို့ကို ဝင်ရောက်စီးနင်းခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲနဲ့ ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲတို့ကိုလည်း ဒီနေ့မနက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်အပါအဝင် သူ့ရဲ့ မဟာမိတ်တွေဟာ နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆို်ငနေရပြီး သူတို့ထဲက အများအပြားကို ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။ သမ္မတကတော့ ဒီကြေညာချက်အတွက် ပြည်သူတွေကို တောင်းပန်ခဲ့ပေမယ့် ရာထူးဆင်းပေးဖို့ကိုတော့ ငြင်းဆန်ထားပါတယ်။ သူ့ကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ ပွတ်ကာသီကာပဲ လွတ်မြောက်ခဲ့ပါတယ်။ အတိုက်အခံတွေကတော့ ယခုသီတင်းပတ်ကုန်မှာ…
Read More