ရန်ကုန်မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေ ဖျက်သိမ်းပြီး မီနီအိုးဝေနဲ့ ပြေးဆွဲခွင့်ပြုမယ်လို့ သတင်းထွက်နေ

ဒီဇင်ဘာ ၃ – ၂ဝ၂၄ KKO(VOM) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အနှေးယာဉ်အဖြစ်ခရီးတိုပြေးဆွဲပေးနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကိုဖျက်သိမ်းပြီး မီနီအိုးဝေတွေကိုအစားထိုးပြေးဆွဲခွင့်ပြုသွားမယ်လို့ VOM သတင်းဌာနက ကနဦးစုံစမ်းသိရှိရပါတယ်။ “အခုဘေးတွဲဆိုင်ကယ်တွေကို ပိတ်သိမ်းမယ်လို့ သတင်းတွေထွက်နေတယ်။ ဘယ်ကာလလောက် ဖြစ်မလဲဆိုတာတော့ အတိအကျမသိရ သေးဘူး။ကြားနေရတာကရန်ကုန် တိုင်းကမြို့နယ် ငါးခုလောက်မှာမီနီအိုးဝေလေးတွေကိုပေးသုံးဖို့ရှိတယ်၊ခွင့်ပြုသွားမယ်လို့ကြားနေတယ်။လူကြီးတွေကဒါကိုစီမံချက် တခုအနေနဲ့လုပ်နေတယ်ကြားတယ်။ ဘေးတွဲတွေကိုတော့အကုန်သိမ်းမယ်ပေါ့နော်။ အဲဒီလိုလေးတော့ကြားနေရပါတယ်”လို့ အုပ်ချုပ်ရေးအသိုင်း အဝိုင်းနဲ့ နီးစပ်သူတယောက်က VOM ကို ပြောပြပါတယ်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းက ဆင်ခြေဖုံးမြို့နယ်တွေဖြစ်တဲ့ ဒဂုံ(၄)မြို့နယ် အပါအဝင် လှိုင်သာယာ၊ရွှေပြည်သာတို့နဲ့ မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်တွေကို ပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ ရန်ကုန်တိုင်းအတွင်းက ဘေးတွဲဆိုင်ကယ်တွေအားလုံးကို ဖျက်သိမ်းပြီး မြောက်ဒဂုံမြို့နယ်မှအပ ကျန်ရှိတဲ့ ဒဂုံတောင်ပိုင်းမြို့နယ်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊လှိုင်သာယာမြို့နယ်နဲ့ ရွှေပေါက်က္ကံမြို့နယ် အစရှိတဲ့မြို့နယ်အချို့မှာ ဘေးတွဲဆိုင်ကယ်အစားမီနီအိုးဝေတွေကိုပြေးဆွဲဖို့ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးထားသကဲ့သို့ အခုထွက်ပေါ်နေတဲ့ သတင်းတွေရ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာလည်း မီနီအိုးဝေတွေကိုအသုံးပြုခွင့်ပေးဖို့ရှိနေတာဖြစ်တယ်လို့…

Read More

အပစ်ရပ် သဘောတူထားပေမယ့် အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ အပြန်အလှန် တိုက်ခိုက်ကြပြန်

တဲလ်အဗစ်၊ ဒီဇင်ဘာ-၃-၂၀၂၄မျိုးဆက်(VOM)အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား ပြီးခဲ့တဲ့ သီတင်းပတ်က ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ လက်ဘနွန်ရှိ ပစ်မှတ်တွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာနှစ်ရွာကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူကိုးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အစ္စရေးဟာ အပစ်အခတ်ရပ်စဲရေးကို ထပ်မံကတိပေးထားပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။အစ္စရေးရဲ့ ချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့သိမ်းပိုက်ထားတဲ့ ဒေသရှိ အစ္စရေးစစ်တပ်ပစ်မှတ်တွေကို မော်တာတွေနဲ့ ပစ်ခတ်သတိပေးခဲ့တယ်လို့ ဟဇ်ဘိုလာတွေက ပြောပါတယ်။ အစ္စရေး-လက်ဘနွန်နယ်စပ် အငြင်းပွားရာ ဒေသမှာ ဟဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဟဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာဖြစ်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ သဘောတူညီချက်ကို ချိုးဖောက်ရင် တိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ သူက အစောပိုင်းကတည်းက သတိပေးထားပါတယ်။အခုလို…

Read More

This Day in History

Voice of Myanmar၁၉၈၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် အိန္ဒိယနိုင်ငံ ဘိုပေါလ်မြို့ရှိ Union Carbide ပိုင် စက်ရုံတရုံမှ ဓါတ်ငွေ့ယိုစိမ့်မှု အကြီးအကျယ်ဖြစ်ပွားပြီး လူနေဒေသများကို ပျံ့နှံ့ခဲ့ပြီးနောက် လူပေါင်း နှစ်သောင်းဝန်းကျင်သေဆုံးခဲကာ သန်းတဝက်မှာ နာတာရှည်ရောဂါများ ကာလရှည်ကြာ ခံစားခဲ့ရသည်။

Read More

ရုရှားကို လာမယ့်နှစ်ကစပြီး မြန်မာလုပ်သားတွေ စေလွှတ်ဖို့ရှိ

ဒီဇင်ဘာ ၃ – ၂၀၂၄SN (VOM)ရုရှားနိုင်ငံရဲ့ အလုပ်သမားလိုအပ်ချက်ကို ဖြေရှင်းနိုင်ဖို့ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာလုပ်သားတွေ စတင်စေလွှတ်ဖို့ ရှိနေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) ဥက္ကဋ္ဌ ဦးချားလ်မျိုးသန့်က ပြောပါတယ်။လက်ရှိမှာ မြန်မာအလုပ်သမားတွေ စေလွှတ်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနကို အလုပ်ကမ်းလှမ်းစာ (Demand Letter) တင်ထားပြီးဖြစ်ကာ ရုရှား – မြန်မာ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ရေးထိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဦးချားလ်မျိုးသန့်က ပြောပါတယ်။“အခုက အစီအစဉ်တွေ ရေးဆွဲနေတုန်းပေါ့။ ဟိုဘက်နဲ့ နှစ်နိုင်ငံ MoU ထိုးဖို့ကလည်း မူကြမ်းအဆင့်ပဲ ရှိသေးတယ်။ ဒီဘက်ကတော့ အလုပ်သမားဝန်ကြီးဌာနကို Demand တင်တဲ့သူကတော့ တင်ထားပြီးသွားပြီ။ ဒါနဲ့ပတ်သက်လို့ ခွင့်ပြုမိန့်ကတော့ သူတို့ဘက်ကနေ အားလုံး process ပြီးသွားလို့၊ draft တွေဘာတွေ ပြီးသွားရင်တော့…

Read More

ထိုင်ဝမ်အနီးမှာ တရုတ်စစ်တပ်ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှု ရက်ပိုင်းအတွင် ပြုလုပ်လာနိုင်

တိုင်ပေ၊ ဒီဇင်ဘာ-၃-၂၀၂၄မျိုးဆက် (VOM)တရုတ်စစ်တပ်ဟာ ယခုသီတင်းပတ်ကုန်ပိုင်းမှာ ထိုင်ဝမ်အနီး အကြီးစားစစ်ရေးလေ့ကျင့်နိုင်တာကြောင့် တရုတ်လေယာဉ်တင်သင်္ဘောတစင်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ပြောပါတယ်။တရုတ်နိုင်ဟာ ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းဖို့ လိုအပ်ရင် စစ်အင်အားသုံးမယ်လို့ ပြောဆိုထားပါတယ်။ ယခုနှစ်အတွင်း ကျွန်းအနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ်ပြုလုပ်နေပါတယ်။ခွဲထွက်ရေးသမားအဖြစ် တရုတ်က တံဆိပ်ကပ်ထားတဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတီဟာ ဟာဝိုင်အီနဲ ဂူအမ်ကျွန်းအပါအဝင် ပစိဖိတ်ဒေသခရီးစဉ်ကြောင်း တရုတ်စစ်တပ်ဟာ ယခုသီတင်းပတ်အတွင်း ထိုင်ဝမ်အနီးမှာ စစ်ရေးလေ့ကျင့်မှု လုပ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။တရုတ်လေယာဉ်တင်င်သင်္ဘော ရှောင်နင်းဟာ ဘယ်နေရာမှာရှိတယ်ဆိုတာ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သိရှိထားပေမယ့် အသေးစိတ်ကိုတော့ ပြောရေးဆိုခွင့်ရှိသူက မပြောပါဘူး။ လေယာဉ်တင်သင်္ဘော ရှောင်နင်းဟာ အောက်တိုဘာလအတွင်း တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပါတယ်။ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး ခိုင်ခိုင်မာမာပြင်ဆင်နေတာကြောင့် ခြိမ်းခြောက်မှုတွေကု မကြောက်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက…

Read More

တာချီလိတ်ကနေ PV ပတ်စပို့စ်နဲ့ ထိုင်းနိုင်ငံသွားမယ့်သူတွေကို ယာယီပိတ်ပင်

ZY(VOM)ဒီဇင်ဘာ ၁၊ ၂၀၂၄ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အမှတ်(၁) မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်မှာ PV (Passport Visit) ပတ်စပို့စ်နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံသွားရောက်မယ့်သူတွေကို နိုဝင်ဘာလ နောက်ဆုံးပါတ်ကစတင်ပြီး ယာယီပိတ်ပင်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) နယ်စပ်ဂိတ်မှာ PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို စစ်ဆေးမှုတွေတင်းကြပ်ပြီး အထက်လူကြီး အမိန့်ကြောင့်ဟုဆိုကာ ယာယီပိတ်ပင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။“အရင်တုန်းကတော့ ဂိတ်မှာ ကြားလူကတဆင့် ပိုက်ဆံပေးပြီး ညှိနှိုင်းသွားလို့ရတယ်။ အခုက မရတော့ဘူး။ အကြောင်းအရင်းသေသေချာချာလည်း မသိရပဲ အထက်လူကြီးအမိန့်ကြောင့် သွားလို့မရသေးဘူးဆိုပြီး လှည့်ပြန်ခိုင်းတယ်။ ဘယ်တော့သွားလို့ရမလဲမေးတော့ သူတို့လည်း သေချာမသိသေးဘူးလို့ ပြောတယ်။ ဆေးသွားကုမယ့်သူတွေကိုလည်း ဆေးရုံနဲ့ အုပ်ချုပ်ရေးပိုင်းက ထောက်ခံစာ အပြည့်အစုံပါမှ သွားခွင့်ပေးတာ။ သူတို့နဲ့ နီးစပ်တဲ့ ပိုက်ဆံရှိတဲ့လူတွေ၊ လူကြီးသားသမီးတွေတော့ သွားလို့ ရနေတာပဲ”လို့ သတင်းရင်းမြစ်တယောက်က…

Read More

ထိုင်းနဲ့ မလေးရှားမှာ ရေကြီးရေလျှံမှုကြောင့် လူ ၁၂ ယောက်သေဆုံးပြီး လူသိန်းချီပြီး ဘေးလွတ်ရာ ရွှေ့ပြောင်း

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁-၂၀၂၄ မျိုးဆက်(VOM) မလေးရှားနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၂ ယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးရေလျှံမှုတွေကြောင့် မလေးရှားမြောက်ပိုင်းမှာ လူပေါင်း တသိန်းနှစ်သောင်းကျော်နဲ့ ထိုင်းတောင်ပိုင်းမှာတော့ လူ ၁၃၀၀၀ ကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မုန်တိုင်းသတိပေးချက်တွေ ဆက်လက်ရှိနေတာကြောင့် ရေဘေးပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။ ယခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် နှစ်နိုင်ငံစလုံးမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေရပါတယ်။ ရေကြီးမှုကြောင့် ထိုင်းတောင်ပိုင်းမှာ အိမ်ထောင်စု ငါးသိန်းသုံးသော်ကျော် ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေကြီးမှုကြောင့် ပြည်နယ်ခြောက်ခုမှာ အရေးပေါ်အခြေအနေကို ကြေညာထားပါတယ်။ အစိုးရက ပြည်နည်တခုချင်းစီအတွက် ရေးဘေးကယ်ဆယ်ရေးအဖြစ် ဘတ်သန်း ၅၀ သုံးစွဲပြီး ပြန်လည်ထူထောင်ရေး လုပ်ဆောင်မယ်လို့ ထိုင်းဝန်ကြီးချုပ် ပေထရောင်တန်ရှင်နာဝပ်ထရာက ပြောပါတယ်။ မလေးရှားမှာတော့ ထိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အရှေ့မြောက်ဘက်…

Read More

This Day in History

Voice of Myanmarအန္တာတိကတိုက်ကို သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် ထိန်းသိမ်းရန် စစ်မဲ့ဇုန်အဖြစ်သတ်မှတ်သည့် Antarctic Treaty သဘောတူစာချုပ်ကို အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံ ၁၂ နိုင်ငံက ၁၉၅၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကာ နောက်ပိုင်းတွင် အခြားနိုင်ငံ အများအပြား ဝင်ရောက်လာခဲ့သည်။

Read More
VOM News

FREE
VIEW