ZY(VOM) အောက်တိုဘာ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ လက်ရှိကာလအတွင်း သဘာဝဘေးကြောင့် ပြန်လည် ထူထောင်ရေးအတွက် ရုန်းကန်နေဆဲကာလမှာ ကလောတန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မယ့် အပေါ် ဒေသခံတွေ ဝေဖန်ပြောဆိုနေကြပါတယ်။ ကလောမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ရက်ကစတင်ပြီး တောင်ကျချောင်းရေတွေ အဆမတန် တက်လာကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို မြေပြိုမှုတွေလည်း မြို့နယ်အနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး အဲဒီသဘာဝဘေး ကြောင့် သေဆုံးသူ ၂၅ ယောက်ထက်မနည်း၊ ပျောက်ဆုံးသူ ၄၀ ခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ရေဘေးသင့်အိမ်ထောင်စု ၉၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျ ပျက်စီးသွားတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် လက်ရှိအချိန်ထိ ရုန်းကန်နေဆဲကာလ ဖြစ်ပေမယ့် ဒေသအာဏာပိုင်တွေက ကလောတန်ဆောင်တိုင်(သို့) ၁၉ ကြိမ်မြောက် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်…
Read MoreYear: 2024
တာဇံမင်းသားကြီး ရွန်အီလီ ကွယ်လွန်
ဝါရှင်တန်၊ အောက်တိုဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)၁၉၆၀ ခုနှစ်များက အောင်မြင်ခဲ့တဲ့ တာဇံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် ရွန်အီလီဟာ အသက် ၈၆ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ကမ္ဘာကြီးဟာ သူသိဖူးသမျှထဲမှာ အကြီးကျယ်ဆုံးသော အမျိုးသားတယောက်ကို ဆုံးရှုံးလိုက်ရသလို မိမိလည်း ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီလို့ ရွန်အီလီရဲ့ သမီးဖြစ်သူ ခရစ်စတန်ကာဆေးအီလီက သူ့ရဲ့ အင်စတာဂရမ်က နေ ထုတ်ပြန်ပါတယ်။၁၉၆၆ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်ထိ အင်န်ဘီစီရုပ်သံကနေ တာဇံဇာတ်လမ်းတွဲတွေကို ထုတ်လွှင့်ပြသခဲ့ပြီး သူ့ရဲ့ စတန့်ပြကွက်နဲ့ သရုပ်ဆောင်မှုတွေအတွင်း အရိုးတွေအများအပြား ကျိုးခဲ့သလို တိရိစာ္ဆန်တွေရဲ့ တိုက်ခိုက်မှုတွေလည်း ခံခဲ့ရပါတယ်။၁၉၈၀ ခုနှစ်မှာတော့ အီလီဟာ အပျော်စီးသင်္ဘောကို အခြေခံရိုက်တဲ့ ဟာသရုပ်ရှင် The Love Boat မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို အခြားနာမည်ကြီး တီဗီအစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။သူဟာ ၂၀၀၁ ခုနှစ်မှာ သရုပ်ဆောင်လောကကနေ အနားယူခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ် ဝတ္ထုနှစ်ပုဒ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။…
Read Moreတူရကီ အာကာသလေကြောင်းကုမ္ပဏီ တိုက်ခိုက်ခံရမှု ငါးယောက်သေပြီး ၂၂ ယောက်ဒဏ်ရာရ
အန်ကာရာ ၊ အောက်တိုဘာ-၂၄-၂၀၂၄ရတီ(VOM)တူရကီနိုင်ငံ မြို့တော်အန်ကာရာအနီး အာကာသလေကြောင်းကုမ္ပဏီတခုရဲ့ ဌာနချုပ်မှာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူငါးယောက်သေဆုံးသွားပြီး ၂၂ ယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။တိုက်ခိုက်သူတွေထဲက အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးခဲ့ပြီး ဒါဟာ ကာ့ဒ်သူပုန်အဖွဲ့ ပီကေကောရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး အလီယာလီကာရာက ပြောပါတယ်။ဒီတိုက်ခိုက်မှုဟာ မြို့တော်အန်ကာရာအပြင်ဘက် ကီလိုမီတာ ၄၀ အကွာရှိ တူရကီ အာကာသနဲ့ လေကြောင်းကုမ္ပဏီ တီအေအိုင် ဝင်ပေါက်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေနတ်သမားနှစ်ယောက် ထက်မနည်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။သေဆုံးသူ လေးယောက်ဟာ လေကြောင်းကုမ္ပဏီ ဝန်ထမ်းတွေဖြစ်ပြီး ငါးယောက်မြောက် သေဆုံးသူကတော့ အငှားယာဉ်မောင်းတယောက်ဖြစ်တယ်လို့ တူရကီ အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူ ၂၂ ယောက်ထဲမှာ တူရကီ အထူးတပ်ဖွဲ့ဝင် ခုနှစ်ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ဒီတိုက်ခိုက်မှုကို ကြိုးကိုင်လုပ်ဆောင်ခဲ့ကြောင်း လက်ရှိချိန်ထိ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ဒီအတောအတွင်း အီရတ်မြောက်ပိုင်းနဲ့ ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်သူပုန်ပစ်မှတ်တွေကို…
Read MoreThis Day in History
Voice of Myanmarနိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ကမ္ဘာ့နိုင်ငံများ ပါဝင်သော ကုလသမဂ္ဂကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်၌ ဖွဲ့စည်းတည်ထောင်ခဲ့သည်။
Read Moreတရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဦးဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်
အောက်တိုဘာ ၂၃ – ၂ဝ၂၄ KKO(VOM) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် နို၀င်ဘာလအတွင်းမှာ တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးစဉ်သွားရောက်မယ်ဆိုတဲ့ သတင်းတွေဟာ အခုလပိုင်းအတွင်းမှာကျယ်ပြန့်စွာထွက်ပေါ်လာခဲ့ပါတယ် ။အဲအပြင်ဗိုလ်ချူပ်မှူးကြီးရဲ့တရုတ်ပြည်ခရီးစဉ်မတိုင်မီမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေအပေါ်ကိုကျယ်ပြန့်စွာသုံးသပ်မှုတွေလည်းစတင်ထွက်ပေါ်လို့လာခဲ့တာပါ။ ဒီနှစ်ဩဂုတ်လအတွင်းမှာ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော် တွေ့ဆုံပွဲအပြီးမှာ အခုလို သတင်းတွေထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။ အခုဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်သွားရောက်မယ်ဆိုတဲ့ တရုတ်ပြည်ချစ်ကြည်ရေးခရီးစဉ်ဟာ ခေတ်သစ် တရုတ်- မြန်မာဆက်ဆံရေးကိုစတင်တော့မယ့်အချိန်အခါလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက တွေးထင်ယူဆထားကြပါတယ်။ “ဒါကတရုတ်နိုင်ငံခြားရေး၀န်ကြီးရဲ့မြန်မာပြည်ခရီးစဉ်အပြီးမှာစတင်ခဲ့တဲ့နွေးထွေးတဲ့ဆက်ဆံရေးကိုအသစ်တဖန်ပြန်လည်စတင်လိုက်တယ်လို့ပဲ ယူဆရပါတယ်။ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးကိုစတင်တော့မယ့် အချိန်အခါမှာ ဒီအချက်ကိုလည်းအဓိကထားပြီးဆွေးနွေးရမှာပါ။မြန်မာနဲ့ တရုတ်နှစ်နိုင်ငံလုံးက ကမ္ဘာကြီးရဲ့အရေးကြီးတဲ့အာရှ-ပစိဖိတ်ရပ်၀န်းဒေသမှာယှဉ်တွဲနေထိုင်ကြတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဟိုးယခင်ကတည်းက ပြင်ပဖိအားတွေကိုလည်းအတူတူရင်ဆိုင်ခဲ့ရတာဖြစ်တယ်။Win Win Theory အရအတူတူလက်တွဲလုပ်ကိုင်ကြနိုင်မှသာအာရှတိုက်ကြီးဟာငြိမ်းချမ်းစွာနဲ့တည်ရှိမှာဖြစ်ပါတယ်။ဒါမှတရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးဟာလည်းအောင်မြင်လာမှာဖြစ်ပါတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်က သူရဲ့သဘောထားအမြင်ကို မှတ်ချက်ပြု ပြောပြခဲ့ပါတယ်။ တရုတ်-မြန်မာဆက်ဆံရေးကိုပြန်လည်သုံး သပ်ရရင် ၁၉၈၈ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့လောက်ကစပြီးအကြမ်းဖျင်းသုံးသပ်ကြည့်သင့်တယ်လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်ပြည်တွင်းမှာ သပိတ်မှောက်မှုပေါင်းစုံနဲ့အတူ ထိုစဉ်ကအုပ်ချူပ်နေတဲ့…
Read Moreလားရှိုးမှာ တရက်အတွင်း လေကြောင်းကနေ ၄ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိသလို ထောင်က စစ်သုံ့ပန်း ၁၀ဦးလွတ်မြောက်သွား
သတင်း-ZY+Shy V (VOM) အောက်တိုဘာ ၂၃၊ ၂၀၂၄ ကိုးကန့်တပ် MNDAAထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို နစကေလတပ်က ဒီကနေ့ အောက်တိုဘာလ ၂၃ရက်မှ လေကြောင်းကနေ ၄ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လားရှိုးအကျဉ်းထောင်ရှိ စစ်သုံ့ပန်း ၁၀ဦး လွတ်မြောက်သွားသလို သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံနေ သိရပါတယ်။ ဒီကနေ့ မနက် ၈နာရီခွဲဝန်းကျင်မှာ လားရှိုးမြို့အဝင်ရှိ ရိုးရာ ဆန်အရက်ချက်စက်ရုံကို ၂ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သလို နံနက် ၁၀နာရီဝန်းကျင်မှာ ရပ်ကွက် ၁၂ဖက်နဲ့ လားရှိုးမြို့ပြင်ရှိ ဟက်ကာရွာဖက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီ ၅မိနစ်ဝန်းကျင်မှာ လားရှိုးရဲစခန်းနဲ့ အကျဉ်းထောင်ဖက်ကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ထောင်ကို ဗုံးထိပြီး ထောင်က စစ်သုံ့ပန်း ၁၀ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်။ အရက်ချက်စက်ရုံကိုတော့ ၂ကြိမ်လာကြဲတာ။ ညနေကတော့ ထောင်ကိုလာကြဲတာဆိုတော့ စစ်သုံ့ပန်းတွေ ထွက်ပြေးဖို့…
Read Moreဖိလစ်ပိုင်မှာ မုန်တိုင်း ထရမီကြောင့် ခုနှစ်ယောက်သေပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း
မနီလာ၊ အောက်တိုဘာ-၂၃-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း ထရမီတိုက်ခတ်မှုကြောင့် လူခုနှစ်ယောက်သေဆုံးပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ မုန်တိုင်းဟာ လက်ရှိမှာတော့ အရှေ့ဘက်ကမ်းရိုးတန်းကို ဦးတည်နေပြီး မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရွာလုံးကျွတ်ရေမြုပ်တာတွေ နဲ့ လမ်းတံတားတွေ မော်တော်ယာဉ်တွေပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မု်နတိုင်းဟာ ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းဖြစ်တဲ့ လူဇွန်ကျွန်းကို ချဉ်းကပ်လာတာကြောင့် ဒေသခံ သုံးသောင်းနှစ်ထောင်ကျော်ဟာ နေအိမ်တွေကနေ စွန့်ခွာပြီး ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ မြို့တော်မနီလာရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာရှိ ဘီကိုဒေသမှာတော့ ရေကြီးမှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေပါ နှောင့်နှေးခက်ခဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘီကိုနဲ့ နာဂါမြို့မှာ ရေကြီးရေလျှံမှုကြောင့် လူသုံးယောက်သေဆုံးခဲ့ပါတယ်။ မနီလာအရှေ့တောင်ဘက် ကွီဇွန်ပြည်နယ်မှာတော့ သက်ကြီးရွယ်အိုတယောက်နဲ့ ကလေးငယ်တယောက် ရေနစ်သေဆုံးခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲ ၂ နာရီထိ မုန်တိုင်းရဲ့ ဗဟိုချက်ဟာ လူဇွန်ကျွန်းရှိ အော်ရိုရာပြည်နယ်အရှေ့ဘက်…
Read Moreဘုတလင်မှာ စစ်ရေးတင်းမာနေလို့ ဒေသခံ ငါးသောင်းဝန်းကျင် အရေးပေါ်တိမ်းရှောင်နေရ
အောက်တိုဘာ ၂၃ – ၂၀၂၄ SS (VOM) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒေသခံပြည်သူ ငါးသောင်းဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့မှ စတင်ကာ ဘုတလင်မြို့နယ်အတွင်း နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေအကြား စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေ စစ်ရှောင်နေရတာဖြစ်ပြီး အကူအညီများစွာ လိုအပ်နေတယ်လို့ သိရပါတယ်။ “စစ်ရှောင်နေရတာက မီးဘေးသင့် ဒေသခံတွေလည်း ရှိတယ်။ စစ်ဘေးကြောင့် ရှောင်နေရတာလည်း ရှိတယ်။ စစ်ရှောင်နေရတဲ့ ကျေးရွာပေါင်းကတော့ ၂၅ ရွာထက်မနည်း ရှိနိုင်တယ်။ စစ်ရှောင်ရတဲ့ရက် ကြာလာတာနဲ့အမျှ သူတို့အတွက်က နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲ ရှိလာတယ်။ စားနပ်ရိက္ခာတွေလည်း လိုသလို ဆေးဝါး၊ အမိုးအကာ၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း အရေးပေါ် လိုအပ်နေတယ်” လို့ အကူအညီပေးနေသူက ပြောပါတယ်။…
Read Moreခြံအမှတ် ၅၄ ကို ကြမ်းခင်းစျေး ကျပ်ဘီလီယံ၂၉၀ နဲ့လျှော့ချလေလံပစ်ဖို့ တရားရုံးမှာ လျှောက်ထားပြန်
အောက်တိုဘာ၂၃ ၊၂၀၂၄Ms(VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ခြံအမှတ် (၅၄) နဲ့ နေအိမ်ကို ငွေကျပ်ဘီလီယံ၂၉၀ နဲ့ ဈေးလျော့လေလံပစ်ဖို့ကို မနေ့က အောက်တိုဘာ၂၂ရက်နေ့ မှာ တရားရုံးကို ဦးအောင်ဆန်းဦး ရဲ့ရှေ့နေကတင်ပြ လျှောက်ထားလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။ခြံအမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ဖို့ အရေး ဒုတိယအကြိမ်ဈေးခေါ်ထားခဲ့တုန်းက လေလံကြမ်းခင်းဈေး ကျပ်ငွေ ၃၀၀ ဘီလီယံတန်ဖိုးကနေ ကျပ် ၁၀ဘီလီယံ လျော့ချပေးပြီး ကျပ်၂၉၀ ဘီလီယံနဲ့ လေလံတင်ဖို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင် တရားရုံး ရဲ့ရုံးချိန်းမှာ တင်ပြ ခဲ့တာဖြစ်ပြီး အဲဒီလို တင်ပြမှုအပေါ် လာမယ့်ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ပြန်လည်တင်ပြဖို့ရှိနေပြီး နှစ်ဖက်စလုံးကို တင်ပြချက်တွေကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။” ပထမအကြိမ်နဲ့ဒုတိယအကြိမ် လေလံမအောင်တော့ နောက်ထပ် မရမခြင်း အကြိမ်ကြိမ်လေလံတင်ဖို့လုပ်မယ့်ပုံပေါ်တယ်။ လာမယ့်ရုံးချိန်းက နိုဝင်ဘာ၁၃ဆိုတော့…
Read More၂၄ နာရီအတွင်း ဟဇ်ဘိုလာ တပ်မှူးသုံးယောက်နဲ့ တိုက်ခိုက်ရေးသမား ၇၀ ကို သုတ်သင်ခဲ့ကြောင်း အစ္စရေးထုတ်ပြန်
တဲလ်အဗစ်၊ အောက်တိုဘာ-၂၃-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဟဇ်ဘိုလာတပ်မှူး သုံးယောက်နဲ့ တိုက်ခိုက်ရေးသမား ၇၀ ကို သုတ်သင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ဟဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင်သစ်ဖြစ်လာမယ့် ဟတ်ရှန်ဆာဖီဒင်းကို ဘေရွတ်တောင်ပိုင်းမှာ လွန်ခဲ့တဲ့ သုံးပတ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း သုတ်သက်ခဲ့တယ်လို့ အစ္စရေးကအတည်ပြုပြီးနောက် ဟဇ်ဘိုလာ တပ်မှူးတွေနဲ့ တိုက်ခိုက်ရေးသမားတွေ သေဆုံးမှုကို ထုတ်ပြန်လာတာဖြစ်ပါတယ်။လက်ဘနွန်တောင်ပိုင်းမှာ ဟဇ်ဘိုလာတွေရဲ့ အခြေခံအဆောက်အအုံတွေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးတွေကို အစ္စရေးတပ်တွေက အကန့်အသတ် ၊ ဒေသအလိုက် ပစ်မှတ်ထားစီးနှင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ဒီအတောအတွင်း လက်ဘနွန်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ တိုင်ရီရှိ ရပ်ကွက်အများအပြားက ဒေသခံတွေကို ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ အစ္စရေးစစ်တပ်က သတိပေးချက် ထုတ်ပြန်ထားပါတယ်။အစ္စရေးဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာအဖွဲ့နဲ့ တနှစ်ကြာ ထိပ်တိုက်ပဋိပက္ခတွေ မြင့်တက်လာပြီးနောက် လက်ရှိမှာတော့ လက်ဘနွန်မှာ ထိုးစစ်တရပ် ဆင်နွှဲနေပါတယ်။အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့်…
Read More