ဩဂုတ် ၂၈ – ၂၀၂၄SN (VOM)Dawei Watch မီဒီယာရဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမားနှစ်ယောက်ဖြစ်တဲ့ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို နစက က တသက်တကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ Dawei Watch သတင်းဌာနက မနေ့ ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။သူတို့နှစ်ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရား စွဲဆိုပြီး ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ ၊ ၂ဝ၂၄ ခုနှစ် (ခန့်မှန်း) မေလ ၁၅ ရက်မှာ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ် တသက်တကျွန်းချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်ကလည်း ရခိုင်ပြည်အခြေစိုက် Development Media Group (DMG)…
Read MoreYear: 2024
EAO တွေအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်မယ့်အဖွဲ့ မရှိသေး
သြဂုတ် ၂၈- ၂၀၂၄KG( VOM)တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ EAO တွေအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာပါဝင်မယ့်သူဆိုတာမရှိသေးဘူးလို့ နေပြည်တော်မှာပြုလုပ်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့က နေပြည်တော်မှာရှိတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ နစကရဲ့ NSPNC ၊ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ သုံးပွင့်ဆိုင် တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို နှစ်ရက်တာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်သူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်းက ဆွေးနွေးရလဒ်နဲ့ပတ်သက်ပြီး VOM ကို အခုလိုပြောပြခဲ့ပါတယ်။“အစိုးရရဲ့ ဦးတည်ချက်ကတော့ရွေးကောက်ပွဲကို ကောင်းကောင်းမွန်မွန်လုပ်ချင်တယ်။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်။ သတ်မှတ်ထားတဲ့ကာလမှာ လုပ်ချင်တယ်ဆိုတာမျိုးကိုဆွေးနွေးတာရှိတယ်။ ရှင်းပြတာရှိတယ်။ ထို့အတူနိုင်ငံရေးပါတီတွေကလည်းအားတက်သရောတော့ရှိတယ်။ဒါပေမယ့် EAO တွေကျတော့လည်းရွေးကောက်ပွဲမှာပါဝင်မယ့်သူဆိုတာမရှိသေးဘူး။ရွေးကောက်ပွဲကတော့ နိုင်ငံရေးပါတီနဲ့အများကြီးဆိုင်တာပေါ့။ဒါပေမယ့် တိုင်းပြည်တပြည်မှာဒီမိုကရေစီစနစ်ကိုသွားမယ်လို့ဆိုလို့ရှိရင် ရွေးကောက်ပွဲဟာလိုအပ်တယ်။အဲဒီရွေးကောက်ပွဲဟာဆိုလို့ရှိရင်လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲအမှန်တကယ်ဖြစ်ဖို့လိုတယ်”လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။အခုပြုလုပ်ခဲ့တဲ့ NSPNC၊ နိုင်ငံရေးပါတီများနဲ့ EAO…
Read Moreအိန္ဒိယ ဆရာဝန်အမျိုးသမီးအသတ်ခံမှု ဆန္ဒပြပွဲ ရဲတပ်ဖွဲ့ကဖြိုခွင်းပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီး
ဒေလီ၊ ဩဂုတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ဆရာဝန်အမျိုးသမီးတယောက် အဓမ္မကျင့် သတ်ဖြတ်ခံရမှုကြောင့် တရားမျှတမှုတောင်းဆိုတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်း လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေအတွင်း အကြမ်းဖက်လုပ်ဆောင်ခဲ့မှုကြောင့် လူ ၁၀၀ ထက်မနည်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတယောက်က ပြောပါတယ်။ နိုင်ငံအရှေ့ပိုင်း ကိုလ်ကတ္တားမြို့မှာ ယခုလအစောပိုင်းက အသက် ၃၁ နှစ်အရွယ် ဆရာဝန်အမျိုးသမီးတယောက် အခုလိုသတ်ဖြတ်ခံရပြီးနောက် နိုင်ငံတွင်းမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးတွေ နိုင်ငံတဝန်း ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နေ့မှာတော့ အမျက်ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ကိုလ်ကတ္တားမြို့ရှိ အစိုးရရုံးတခုကို ချီတက်ခဲ့ပြီး အနောက်ဘင်ဂေါဝန်ကြီးချုပ် မာမာတာဘန်နာဂျီက ရာထူးကနေနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆရာဝန်အမျိုးသမီး အဓမ္မကျင့်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဆေးရုံက စေတနာ့ဝန်ထမ်းတယောက်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကို အိန္ဒိယဗဟို စုံစမ်းစစ်ဆေးရေးဗျူရိုက ကိုင်တွယ်စုံစမ်းနေပါတယ်။ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေတားဆီးရေးအတွက် တင်းကြပ်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့ပေမယ့်လည်း…
Read MoreThis Day in History
Voice of Myanmarဗြိတိန် ဝေလမင်းသား ချားလ်စ်နှင့် မင်းသမီး ဒိုင်ယာနာတို့သည် ၁၅ နှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့ပြီးနောက် ၁၉၉၆ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် တရားဝင်ကွာရှင်းပြတ်စဲ လမ်းခွဲခဲ့ကြသည်။
Read MoreEVကား စွန့်ပစ်ဘက်ထရီနဲ့ အစိတ်အပိုင်းတွေ တင်သွင်းရင် ထောင်ဒဏ်ကျတဲ့ထိ တရားစွဲဆိုနိုင်
သြဂုတ်၂၈ ၊ ၂၀၂၄ Ms(VOM) လျှပ်စစ်သုံးယာဉ် EVနဲ့ပတ်သက်တဲ့ စွန့်ပစ်ဘတ်ထရီနဲ့ အစိတ်အပိုင်းတွေ ဟာ ပတ်ဝန်းကျင် ညစ်ညမ်းတာနဲ့ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတဲ့ အချက်တွေကြောင့် မြန်မာပြည်တွင်းကို တင်သွင်းခြင်းမပြုဖို့ သံယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက အသိပေးထားပါတယ်။ EVကား စွန့်ပစ်ပစ္စည်းနဲ့ ဘတ်ထရီတွေကို တင်သွင်းလာသူတွေအနေနဲ့ အသိပေးထားတာကို မလိုက်နာပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ (၃၂) အရ တနှစ် နဲ့ အထက်ပိုသော ထောင်ဒဏ် ၊ ငွေဒဏ်တွေကို ချမှတ်ခံရမယ်လို့ဆိုပါတယ်။ ” စွန့်ပစ်Evပစ္စည်းတွေကို တင်သွင်းခွင့်တားမြစ်တာဟာ ကျန်းမာရေးပြသနာရှိတာ ဆိုတာထက် အဓိကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု က ပိုမယ်ထင်တယ်။ ဒီEVကားတွေက သူများနိုင်ငံတွေမှာ သုံးတာကြာလာတာနဲ့အမျှ သူကထွက်တဲ့ စွန့်ပစ်ပစ္စည်းပမာဏကလည်း အဲဒီနိုင်ငံတွေမှာ များလာတယ် တောင်ပုံယာပုံ ဖြစ်လာတယ်။ ဒါကို မြန်မာက အခုမှ EVကားသုံးတာကိုစတော့ ဒီပစ္စည်းတွေကို ကိုယ့်နိုင်ငံပြန်ယူမယ်…
Read Moreဂျပန်မှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ပြီ
တိုကျို၊ ဩဂုတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကို စတင်ဝင်ရောက်တိုက်ခတ်မယ့် အင်းအားပြင်းမုန်တိုင်း ရှန်ရှန်ကြောင့် အာဏာပိုင်တွေက ဒီနေ့မှာ အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အလွန်ပြင်းထန်တဲ့ မုန်တိုင်းအဖြစ် သတ်မှတ်ခံထားရတဲ့ တိုင်ဖွန်းမုန်တိုင်း ရှန်ရှန်ဟာ တစက္ကန့်ကို မီတာ ၅၀ ကနေ ၇၀ နှုန်း သို့မဟုတ် တနာရီလေတိုက်နှုန်း ၂၅၂ ကီလိုမီတာထိ ရှိမယ်လို့ မိုးလေဝသထာနက သတိပေးထားပါတယ်။ ယနေ့အချိန်ထိ မတွေ့ရဖူးသေးတဲ့ လေပြင်းတို်ကခတ်မှု ၊ လှိုင်းကြီးမှုနဲ့ ဒီရေတက်တာတွေနဲ့ပတ်သက်ပြီး သတိပြုကြဖို့ ဂျပန်မိုးလေဝသ အေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မုန်တိုင်းရှန်ရှန်ဟာ လာမယ့်ရက်အနည်းငယ်အတွင်း နိုင်ငံအနောက်ပိုင်း ကျူရှူးကျွန်းကိုလည်း ဝင်ရောက်တိုက်ခတ်နိုင်ပြီး သီတင်းပတ်ကုန်ပိုင်းမှာတော့ ကုန်းတွင်းပိုင်းဖြစ်တဲ့ တိုကျိုအပါအဝင် နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းတွေထိပါ ဝင်ရောက်တိုက်ခတ်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ အလယ်ပိုင်း အိုင်ချီ၊ ရှီဇူအိုကာ စီရင်စုနဲ့ ကျူရှူးကျွန်းရှိ ကာဂိုရှီးမားစီရင်စုမှာ…
Read Moreမိုးကြောင့် ဆွာဆည် ရေလျှံနေပြီး တောင်ငူမြို့နယ်အတွင်း ရေဘေးအရေးပေါ်ကြုံ
ဩဂုတ် ၂၈ – ၂၀၂၄ SN (VOM) ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ သုံးပတ်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆွာဆည် ရေလျှံလာပြီး ရေဘေးအရေးပေါ် ကြုံတွေ့နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ တောင်ငူမြို့နယ်အတွင်းက (၈) ရပ်ကွက်၊ (၉) ရပ်ကွက်နဲ့ အလယ်ကျွန်း ရပ်ကွက်တွေမှာ မနေ့ ဩဂုတ် ၂၇ ရက်၊ မနက် ၉ နာရီဝန်းကျင်မှစတင်ကာ ရေဝင်ရောက်လာတာဖြစ်ပြီး အိမ်ထောင်စု ခန့်မှန်းခြေ ၂၅၀၀ ဝန်းကျင်လောက် ရေဘေးသင့်နေတယ်လို့ သိရပါတယ်။ “မိုးကတော့ သုံးပတ်ဆက်တိုက်ကို နေ့ရော၊ ညရောကို သည်းသည်းမည်းမည်း ရွာတာ။ ရေသွန်ချသလိုပဲ ရွာတာ။ ရေမြုပ်တဲ့နေရာတွေက အနိမ့်ပိုင်းလည်းကျတယ်၊ အိမ်ကလည်း နိမ့်တယ်ဆိုရင်တော့ ခေါင်အထိမြုပ်တဲ့ အိမ်တွေရှိတယ်” လို့ (၉) ရပ်ကွက်မှ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိ ရေမြင့်တက်မှုဟာ…
Read Moreလာမယ့် ဩဂုတ်လကုန်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်
ဩဂုတ် ၂၇ – ၂၀၂၄SN (VOM)လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့် ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။“ခန့်မှန်းချက်တွေအရ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့်အထိတော့ အားကောင်းလာနိုင်တာကို တွေ့ရတယ်။ ဒါတောင် ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။ မုန်တိုင်းတခု ဖြစ်ဖို့ဆိုတာက လေဖိအားနည်းရပ်ဝန်းက စရတာဆိုတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပြီးမှသာ သူ့ရဲ့ အနေအထား၊ လေတိုက်ခတ်မှု၊ လေဖိအားကျဆင်းမှု အခြေအနေတွေကို ကြည့်ပြီးတော့ ဘယ်လောက်အထိ အားကောင်းမလဲ ဆိုတာကို တွက်ချက် ခန့်မှန်းရမှာပါ။ လောလောဆယ်ကတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်တယ်၊ မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်တယ်လို့ပဲ ပြောနိုင်ပါသေးတယ်” လို့ ဦးလှထွန်းက ပြောပါတယ်။ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း ဖြစ်ပေါ်တတ်တဲ့ မုန်တိုင်းတွေဟာ မြန်မာနိုင်ငံဘက် တိုက်ရိုက် ဝင်ရောက်နိုင်ဖို့ အလားအလာ ရာခိုင်နှုန်းအားဖြင့် အလွန်…
Read Moreမျောက်ကျောက်ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်တယ်လို့ WHO ပြော
ဂျီနီဗာ၊ ဩဂုတ်-၂၇-၂၀၂၄မျိုးဆက်(VOM)အာဖရိကမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။အာဖရိကဒေသ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ရပ်နိုင်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဒေါ်လာ ၁၃၅ သန်းလိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့စ်က ဆိုပါတယ်။ကွန်ဂိုတွင် အဓိကဖြစ်ပွားနေတဲ့ မျိုးကွဲသစ်အပါအဝင် ကူးစက်မှုတွေဟာ အာဖရိကဒေသပြင်ပထိ ပျံ့နှံ့လာပြီးနောက်မှာ ဒီရောဂါကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။ရောဂါတားရေးအတွက် ကျယ်ကျယ်ပြန့်ပြန် ညှိနှိုင်းဆောင်ရွက်ရမယ့် အစီအစဉ်တွေ လိုအပ်တယ်လို့ သူကဆိုပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ပ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့မဟာဗျူဟာ ကြိုတင်ပြင်ဆင်မှုနဲ့ တုံ့ပြန်မှုအစီအစဉ်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထိ အကြုံးဝင်မှာဖြစ်ပါတယ်။မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိတဲ့ တိရိစာ္ဆန်တွေကနေ လူကို ကူးစက်မှုနဲ့ လူလူချင်း အနီးကပ်ထိတွေ့မှုတွေကြောင့် ကူးစက်တတ်ပြီး လူ ၁၀၀ မှာ လေးယောက် သေဆုံးမှုနှုန်းရှိ ပါတယ်။ လက်ရှိမှာတော့ အာရှဒေသမှာ…
Read Moreတိုင်းနဲ့ ပြည်နယ်တချို့မှာ လက်နက်ကြီးကြောင့် ၁၁ ရက်အတွင်း ဒေသခံ အယောက် ၂၀ ခန့် သေဆုံးပြီး ၂၂ ယောက်ခန့် ဒဏ်ရာရ
ဩဂုတ် ၂၇ – ၂၀၂၄SS (VOM)မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ်တချို့မှာ လက်နက်ကြီးကြောင့် ငါးရက်အတွင်း ဒေသခံ အယောက် ၂၀ ခန့် သေဆုံးပြီး ၂၂ ယောက်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ခင်ဦး၊ နွားထိုးကြီး၊ အင်းတော်၊ လောင်းလုံး၊ ယင်းမာပင်၊ ကသာ၊ မုံရွာ၊ ရေစကြို၊ ဆားလင်းကြီး၊ သီပေါ စတဲ့ မြို့နယ်တွေမှာ လက်နက်ကြီး ကျရောက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒေသခံပြည်သူတွေ ထိခိုက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာမှာ တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တယောက် သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို အင်းတော်မြို့မှာလည်း…
Read More