အစ္စရေးကို အီရန်လက်တုံ့ပြန်တာ ကာကွယ်ဖို့ စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ အမေရိကန် ထပ်မံစေလွှတ်မယ်

  ဝါရှင်တန်၊ ဩဂုတ်-၃ မျိုးဆက်(VOM) အီရန်နဲ့ မဟာမိတ်တွေက အစ္စရေးကို လက်တုံ့ပြန်တိုက်ခို်ကမှုကနေ ကာကွယ်ဖို့ အတွက် အရှေ့အလယ်ပိုင်းကို နောက်ထပ်စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ဖြန့်ကြက်ချထားဖိူ့ စေလွှတ်သွားမယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။ အီရန်မှာ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဘက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးတို့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။ ဒါကြောင့်အမေရိကန်ဟာ ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့တွေကိုလည်း အရှေ့အလယ်ပိုင်းဒေသမှာ တိုးမြှင့်ချထားဖို့ လည်း အဆင်သင့်ရှိနေကြောင်းနဲ့ အစ္စရေးကို အကာအကွယ်ပေးတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ဟာ ခိုင်မာကြောင်း ပင်တဂွန်စစ်ဌာနချုပ်ကဆိုပါတယ်။ တပ်ဖြန့်မှုအသစ်ဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးတက်စေမှာဖြစ်ပြီး အစ္စရေးရဲ့ ကာကွယ်ရေးအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ ပင်တဂွန်စစ်ဌာနချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အသက် ၆၂ နှစ်အရွယ် ဟားမတ်စ်နိုင်ငံရေးခေါင်ဆောင် ဟာနီယာဟာ ဂါဇာစစ်ပွဲရပ်စဲရေး စေ့စပ်ဆွေးနွေးမှုတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူသေဆုံးမှုအတွက်…

Read More

မလေးရှားပို့မယ့် ကျပ် ၉၆ ဘီလီယံတန်ဖိုး မူးယစ်ဆေးတွေ ဖျာပုံမှာ ဖမ်းမိပြီး လူ၁၂ ယောက်ကို ဖမ်းဆီးထား

  ဩဂုတ် ၃ – ၂၀၂၄ CC (VOM) ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ မလေးရှားနိုင်ငံကို ပို့မယ့် ငွေကျပ် ၉၆ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ၂ . ၃ တန်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar ကသိရပါတယ်။ ဖျာပုံမြို့နယ်၊ ကမ်းနားကွင်းကျေးရွာ၊ ခါးပြတ်ချောင်းထဲမှာမောင်းလာတဲ့ ကုန်တင်စက်လှေကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်း မရှိဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးခဲ့ရာကနေ အမျိုးသားငါးယောက်နဲ့အတူ အိုက်စ်တွေကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးရမိသူတွေကိုထပ်မံစစ်ဆေးခဲ့ရာ ပူးပေါင်းပါဝင်သူ အမျိုးသား ခုနှစ်ယောက် အပြင် သေနတ်တ လက်၊ကျည်အိမ် တခု၊၉မမကျည် ၅၀ တောင့်၊ကားလေးစီးနဲ့ငွေသား သိန်း၁၉၀ ကိုပါ ရန်ကုန် ၊ပြင်ဦးလွင်၊ဖျာပုံမြို့နယ်တွေမှာ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ ” ကျွန်တော်တို့လည်းသတင်းကြားပါတယ်။ရပ်ဖို့တားတာကိုမောင်းပြေးလို့စစ်တာမှာ မိတာ။စက်လှေပိုင်ရှင်က ရန်ကုန်ကပါ။လှေပေါ်ကမိတာ ငါးယောက်။လှေပိုင်ရှင်ပါထပ်မိတယ်သိရတယ် ” လို့ ဖျာပုံဒေသခံတယောက်ကပြောပါတယ်။ စက်ေလှပေါ်ကနေ…

Read More

နစက အထူးကိုယ်စားလှယ် ကမ္ဘောဒီယားမှာ ဟွန်ဆန်သားအဖနဲ့တွေ့၊ မြန်မာ့အရေး အမြန်ဆုံးပြေလည်ဖို့ ဟွန်မာနက်မျှော်လင့်

  ဖနွမ်းပင်၊ ဩဂုတ်-၃-၂၀၂၄ မျိုးဆက်(VOM) နစကဥက္ကဌရဲ့ အထူးသံတမန်ဖြစ်တဲ့ ဥက္ကဌရုံး ဝန်ကြီးဌာန ၂ ရဲ့ ဝန်ကြီးဖြစ်သူ ဦးကိုကိုလှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်တို့နဲ့တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ နစကအထူးသံတမန်ဖြစ်သူ ဦးကိုကိုလှိုင်နဲ့ ဖနွမ်းပင်မှာ ဩဂုတ် ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။ “ကမ္ဘောဒီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နယ်ပယ်များစွာမှာ အလားအလာကောင်းတွေရှိနေပြီး မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံက အခြေအနေတွေ ပြေလည်ဖို့ မျှော်လင့်ထားတယ်” လို့ ဟွန်မာနက်က ပြောပါတယ်။ ဆွေးနွေးမှုမှားတော့ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူချင်း ကူးလူးဆက်သွယ်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။…

Read More

ရွှေစက်တော် အောက်စက်တော်ရာထိရောက်နေတဲ့ မန်းချောင်းရေ ပြန်မကျသေး

  ဩဂုတ် ၃ – ၂၀၂၄ SS (VOM) တောင်ကျချောင်းရေနဲ့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ရေကျော်နေတဲ့အတွက် မင်းဘူးမြို့နယ်ရှိ ရွှေစက်တော် အောက်စက်တော်ရာမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရေပြန်လည် ကျဆင်းခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်ကတည်းက အောက်စက်တော်ရာအတွင်း ရေဝင်ရောက်နေတာဖြစ်ပြီး ဩဂုတ် ၂ ရက်နေ့မှာတော့ ရေပိုပြီး အတက်ကြမ်းလာတယ်လို့ သိရပါတယ်။ မန်းချောင်း ရေလှောင်တမံဟာ မနေ့ သြဂုတ် ၂ ရက်၊ မနက် ၆ နာရီ အချိန် တိုင်းတာချက်အရ ရေပိုလွှဲမှ ၅ ပေခွဲကျော်အထိ ရေလျှံနေတာကြောင့် မန်းချောင်းနံဘေးရှိ ရွှေစက်တော်ဘုရား အောက်ခြေတော်ရာ တန်ဆောင်းအတွင်း ရေအဝင်ကြမ်းနေတာလို့ သိရပါတယ်။ “မနေ့ (ဩဂုတ်…

Read More

ဆိုမာလီ အပန်းဖြေကမ်းခြေမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၂ ယောက်သေပြီး ၆၀ ကျော်ဒဏ်ရာရ

  မိုဂါဒစ်ရှူး ၊ ဩဂုတ်-၃-၂၀၂၄ မျိုးဆက်(VOM) ဆိုမာလီနိုင်ငံရှိ နာမည်ကျော် အပန်းဖြေကမ်းခြေတခုမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ အသေခံဗုံးခွဲမှုတွေကြောင့် လူ ၃၂ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြော ပါတယ်။ ဒီတိုက်ခို်ကမှုအတွင်း လူ ၆၃ ယောက်ဒဏ်ရာရရှိခဲ့ပြီး အချို့က စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဆိုမာလီတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများအပြားကို ထိန်းချုပ်ထားတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေလက်ချက်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုအပြီးမှာ ပစ်ခတ်မှုတွေ ချက်ချင်းဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။တိုက်ခိုက်မှုကို လူငါးယောက်ထက်မနည်း ပြုလုပ်ခဲ့ပြီး တယောက်က အသေခံဗုံးခွဲခဲ့ကာ သုံးယောက်သေဆုံးပြီး တယောက်ကို အရှင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အယ်လ်ရှာဘတ်အဖွဲ့ဟာ အယ်လ်ကေးဒါအဖွဲ့နဲ့လည်း ဆက်နွယ်နေပြီး ကုလသမဂ္ဂကျောထောက်နောက်ခံပြု ဆိုမာလီအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပြီး အကြမ်းဖက်မှုတွေ မြင့်တက်နေပါတယ်။…

Read More

ငွေကြေးမူဝါဒကြောင့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း မြင့်တက်လာတာလို့ လုပ်ငန်းရှင်တွေ ပြော

  ဩဂုတ် ၃ – ၂၀၂၄ SS (VOM) ငွေကြေးမူဝါဒ အပြောင်းအလဲကြောင့် ပြည်ပမှ တင်သွင်းရတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရည်ညွှန်းဈေးဖော်ပြချက်အရ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းဟာ အမျိုးအစားအလိုက် တလီတာကို ၈၅ ကျပ်မှ ၁၆၀ ကျပ်အထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ 92 Ron တလီတာ ၂၆၃၀ ကျပ်ကနေ ၂၇၇၀ ကျပ်၊ 95 Ron တလီတာ ၂၇၃၀ ကျပ်က‌နေ ၂၈၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၃၆၅ ကျပ်ကနေ ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၂၇၇၀ ကျပ်ကနေ ၂၉၂၀ ကျပ်အထိ မြင့်တက်လာတာ…

Read More

အီရန်နဲ့ စစ်သွေးကြွအဖွဲ့တွေ ပူးပေါင်းလက်တုံ့ပြန်နိုင်ကြောင့် အစ္စရေးစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်

  တဲလ်အဗစ်၊ ဩဂုတ်-၂-၂၀၂၄ မျိုးဆက်(VOM) ဟားမတ်စ်နဲ့ ဟဇ်ဘိုလာခေါင်းဆောင်တွေ လုပ်ကြံခံရမှုအတွက် အီရန်နဲ့ သူ့ရဲ့ မဟာမိတ်စစ်သွေးကြွအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နိုင်တာကြောင့် အစ္စရေးစစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားကြောင်း အစ္စရေးအခြေစိုက် သတင်းဌာတွေက ဖော်ပြထားပါတယ်။ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာဟာ အီရန်နိုင်ငံ တီဟီရန်မှာ ဗုဒ္ဓဟူးနေ့က အသတ်ခံခဲ့ရပြီး ဒီကိစ္စအပေါ် အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီကတော့ အစ္စရေးလက်ချက်လို့ ပြောဆိုထားပြီး လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ ထိပ်တန်းတပ်မှူးတယောက်လည်း ဘေရွတ်မှာပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ ဟဇ်ဘိုလာခေါင်းဆောင်ကတော့ ရန်သူဟာ လက်တုံ့ပြန်မယ့်အရေး ကြိုမျှော်လင့်ထားသင့်တယ်လို့ သတိပေးထားပါတယ်။ အီရန်ဟာ အစ္စရေးကို လက်တုံ့ပြန်ရေးအတွက် လာမယ့်ရက်များအတွင်း မျက်နှာစာများစွာမှ ထွက်ပေါ်နိုင်ကြောင်း အစ္စရေး သတင်းဌာနတခုက ဖော်ပြထားပါတယ်။ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူကတော့ အစ္စရေးတပ်တွေကို အမြင့်ဆုံး သတိပေးချက် ထုတ်ထားပြီး ဘယ်အခြေအနေအတွက်မဆို ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ…

Read More

ပြည်တွင်းစစ်နဲ့ ပြန်လည်ထူထောင်ရေး

  မြန်မာ့အရေးလေ့လာသူတဦး လက်ရှိပြည်တွင်းစစ်မှာဘယ်နေရာ လက်လွှတ်လိုက်ရတယ်၊ ဘယ်နေရာက တပ်စခန်းကိုတိုက်လိုက်ပြီ၊ ဘယ်မြို့ကို သိမ်း လိုက်ပြီဆိုပေမယ့် အစိုးရဆိုတော့ ခဏကြာရင်ပြန်သိမ်းမှာလေ ၊ပြန်လည်သိမ်းနေ တာကို မြင်နေကြားနေရတာ ။ အိမ်နီးချင်းကြီးကလည်း အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ကို အပျက်ခံပြီးပြည်နယ်တွေ ခွဲထွက်တာ၊ လွတ်လပ်ရေးကြေညာတာကို အလိုအလျှောက် ဆန့်ကျင်ရမှာမို့ လက်ရှိမြောက်ပိုင်းလက်နက်ကိုင်တွေလည်း မမဆောင်း ပြောသလို ဖြစ်နေဦးမှာ။ မြို့တွေ၊ရွာတွေကို ဦးတည်တိုက် လိုက်တဲ့အတွက် မြို့ပျက်ရွာပျက်တာက ရလဒ် လိုဖြစ်လာတယ်။ အိုးမဲ့အိမ်မဲ့ စစ်ရှောင်တွေ တိုးလာမယ်။ ပြည်တွင်းစစ်၊ဒေသဆိုင်ရာစစ်ကြောင့် လူငယ်တွေလည်း ထိုင်းဖက်ကို နည်းမျိုးစုံနဲ့ ဝင်သွားရတယ်။ “ခင်ဗျားတို့နိုင်ငံမှာ ဖြစ်နေတာ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရ​မှာ လူတိုင်းပါ” လို့ ထိုင်းမိတ်ဆွေ၊အိမ်နီးချင်း နိုင်ငံက ပညာရှင် တချို့ရဲ့မှတ်ချက်ကြောင့် ကြိုက်သည်ဖြစ်စေ မ ကြိုက်သည်ဖြစ်စေ သူတို့အမြင်ကို ရေးချင်လာတယ်။ ပြည်သူတွေက မိအေး၂ခါနာဖြစ်ရကြောင်းကို…

Read More

နစကလက်ထက်မှာ ဆန်စျေးသုံးဆလောက်အထိမြင့်တက်သွား

  ဩဂုတ် ၁ – ၂၀၂၄ GG (VOM) နစက တာဝန်ယူတဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်တွင်းဆန်စျေးကွက်အခြေအနေက သုံးဆလောက်အထိမြင့်တက်သွားတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။ နစက တာဝန်မယူခင် NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် နှစ်ကုန်ကနေ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိကိုပင် ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်ကြမ်းတပြည်ကိုမှ ငွေကျပ် ၈၀၀ ကျပ်သာရှိပြီး ဆန်၂၄ ပြည်တအိတ်ကိုမှ ၂၀၀၀၀ ဝန်းကျင်သာရှိခဲ့ပါတယ်။ အလားတူ အမြင့်ဆုံးဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းကိုမှ ၂၀၂၁ ခုနှစ်ဇန်နဝါရီလအထိကိုပင် ၅၀၀၀၀ ကျပ်အထက်သာရှိခဲ့ပြီး ဧရာဝတီတိုင်းကထွက်တဲ့ ပေါ်ဆန်းဆန်ကလည်း ၄၀၀၀၀ ကျပ်အောက်စျေးတန်းမှာပဲရှိခဲ့သလို မကွေးတိုင်းကထွက်တဲ့ ဧရာပဒေသာဆန်ကလည်း ၂၄ ပြည်တအိတ်ကိုမှ ၄၀၀၀၀ ကျပ်ဝန်း ကျင်သာရှိခဲ့ပါတယ်။ အဲဒီနောက် နစကတာဝန်ယူလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစပြီး ဆန်စျေးနူန်းတွေ တရိပ်ရိပ်မြင့်တက်ခဲ့ပြီး လက်ရှိ ၂၀၂၄ ခုနှစ် ၊ဩဂုတ်လမှာတော့…

Read More

ရန်ကုန် – မော်လမြိုင်လမ်းပေါ်က တံတားတစင်မိုင်းခွဲခံရ ဘီးလင်းမှာ ကားတွေသွားမရဖြစ်နေ

  ဩဂုတ် ၂ – ၂၀၂၄ GG (VOM) ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်က ဘီးလင်း-သထုံကြားရှိ ကမာဆိုင် ကွက်သစ်ကျော်တံတတား ဒီနေ့ဩဂုတ်လ ၂ ရက်နေ့မှာ မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့သိရပါတယ်။ ဒါကြောင့် လတ်တလောမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းသွားလာလို့မရတော့တဲ့အခြေအနေဖြစ်တယ်လို့သိရပါတယ်။ ” တံတားမိုင်းခွဲခံရလို့ ခုမနက်မှသိရတာ။အခုတော့ ပြည်ထောင်စုလမ်းမကြီးကနေသွားမရဘူး။တံတားကအသေးဆိုပေမယ်လည်းလုံးလုံးပျက်စီးသွားတော့ သွားမရတဲ့အခြေအနေပါ ။တံတားကသံကူကွန်ကရစ်တံတားပါ။” လို့ သထုံ​ဒသခံကပြောပါတယ်။ အဆိုပါ တံတားဟာ အရင်တခါဖျက်ဆီးခံရတဲ့ မစောတံတားအနီးမှာရှိပြီး ရွာပတ်လမ်းတွေကနေသွားလို့ရပေမယ့် မိုးရွာသွန်းပြီး ရေကြီးထားတာကြောင့် လမ်းတွေပျက်စီးနေတဲ့အတွက် ကျေးရွာပတ်လမ်းကလည်းအဆင်မပြေနိုင်ဘူးလို့သိရပါတယ်။ ဒါကြောင့်လက်ရှိ ရန်ကုန် -မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရောက်ရှိတဲ့ကားတွေကတော့ သထုံမြို့ တဖက်တချက်မှာသွားလာမရဘဲပိတ်မိနေတယ်လို့သိရပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲခံရပြီးပျက်စီးခဲ့ပါတယ်။ မေလထဲတုန်းကလည်း ရန်ကုန် – မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသလို မစောတံတားလည်း…

Read More
VOM News

FREE
VIEW