အမေရိကန်မှာ လူအုပ်ထဲ ထရပ်ကားနဲ့ဝင်တိုက်လို့ ၁၅ ယောက်သေပြီး ၃၅ ယောက်ဒဏ်ရာရ

ဝါရှင်တန်၊ ဇန်နဝါရီ-၂-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ နယူးအော်လင်းစ်မှာ လူအုပ်ထဲကို ထရပ်ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးသွားပြီး ၃၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ကပ်ထရပ်ကားကို အရှိန်ပြင်းပြင်းမောင်းနှင်တိုက်ခိုက်ခဲ့တဲ့ သံသယရှိသူဟာ တက္ကဆက်ပြည်နယ်မှ အသက် ၄၂ နှစ်အရွယ် အမေရိကန်နိုင်ငံသား ရှန်ဆက်ဒါဂျာဘာဆိုသူဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ထရပ်ကားပေါ်မှာ အိုင်အက်စ်အဖွဲ့ရဲ့အလံတွေ့ရှိခဲ့ပြီး တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးနေပါတယ်။ တိုက်ခိုက်မှုဟာ တယောက်တည်းလုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေပါတယ်။
ရဲတပ်ဖွဲ့ဟာ ထရပ်ကားပေါ်နဲ့ အခင်းဖြစ်ရာနေရာအနီးမှာ ဖြစ်နိုင်ခြေရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုမတိုင်ခင် နာရီပိုင်းအလိုမှာ သံသရှိသူဟာ အိုင်အက်စ်တွေရဲ့ လွှမ်းမိုးမှုနဲ့အတူ သတ်ဖြတ်လိုနေကြောင်း လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
သံသယတရားခံ ရှန်ဆက်ဒါဂျာဘာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာနှင့် သတင်းအချက်အလက်နည်းပညာ ကျွမ်းကျင်သူအဖြစ် အမေရိကန်စစ်တပ်တွင် အမှုထမ်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ် ဇူလိုင်လထိ နည်းပညာကျွမ်းကျင်သူအဖြစ် အမေရိကန်အရန်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်ကြပ်အဆင့်နဲ့ ရာထူးတာဝန်ရှိထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ စစ်တပ်တာဝန်ရှိသူက ပြောပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW