ပေကျင်း၊ ဇန်နဝါရီ-၁၈-၂၀၂၅
ရတီ(VOM)
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ဇန်နဝါရီ ၁၇ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဆွေးနွေးမှု ကောင်းမွန်တဲ့ ဆွေးနွေးမှုလို့ သမ္မတနှစ်ဦးစလုံးက ဆိုပါတယ်။ ဒါဟာအပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေအတွက် အစပြုတာလို့ မျှော်လင့်ကြောင်း ရှီကျင်းပင်က ပြောပါတယ်။
တရုတ်-အမေရိကန် စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ သံတမန်ရေးရာတို့မှာ ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေမယ့် နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ သမ္မတရှီကျင်းပင်က တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါအပြင် ထိုင်ဝမ်ဟာ တရုတ်ရဲ့ အချုပ်ခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို အလေးထားတဲ့ ကိစ္စဖြစ်တာကြောင့် သတိထား ကိုင်တွယ်ဆောင်ရွက်ဖို့ ရှီကျင်းပင်က ဒေါ်နယ်ထရန့်ကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
နှစ်နိုင်ငံအကြား အဓိကကိစ္စရပ်များကို ဆက်လက်ဆွေးနွေးဖို့နဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ဖို့ကိုလည်း သဘောတူခဲ့ကြောင်း နို်ငငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သမ္မတရှီကျင်းပင်နဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုပြုခဲ့ပြီး တရုတ်နဲ့ အမေရိကန်တို့အကြား ပြသနာတွေကို ဖြေရှငးနိုင်ဖို့ မျှော်လင့်ထားကြောင်း ထရန့်က ပြောဆိုထားပြီး ကုန်သွယ်ရေးမညီမျှမှုနှင့် မူးယစ်ဆေးဝါးပြသနာတွေကို ရှီကျင်းပင်နဲ့ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။
တရုတ်အစိုးရဟာ ထရန့်ရဲ့ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း အဆင့်မြင့် သံတမန်စေလွှတ်မှုအဖြစ် တရုတ်ဒုတိယသမ္မတကို စေလွှတ်မှာဖြစ်ပြီး ဒါဟာ တရုတ်အနေနဲ့ အမေရိကန်အစိုးရသစ်နဲ့ ဆက်ဆံရေး တည်ငြိမ်လိုနေကြောင်း အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Ref:CNA
Photo:Reuters
VOM Telegram Channel: https://t.me/VOMNEWS2023/11795
VOM Viber Channel: https://invite.viber.com/…
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: http://tinyurl.com/ywyd7eyn.n.