ဆိုးလ်၊ ဇန်နဝါရီ-၂၇-၂၀၂၅ မျိုးဆက်(VOM) စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို ပုန်ကန်မှုနဲ့တရားစွဲဝင် စွဲချက်တင်လိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် မကြုံစဖူးနိုင်ငံရေး အကျပ်အတည်းဖြစ်ပွားပြီးနောက် ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံးသော တောင်ကိုရီးယားရဲ့ ရာထူးရှိနေဆဲ သမ္မတဖြစ်လာပါတယ်။ သမ္မတကို ဆက်လက်ထိန်းသိမ်းထားဖို့ တောင်းဆိုချက်ကို ဆိုးလ်တရားရုံးကပယ်ချပြီးနောက် အခုလို တရားစွဲဆိုမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပုန်ကန်မှုခေါင်းဆောင်ရဲ့ ပြစ်ဒဏ်က ခုနောက်ဆုံးတော့ စတင်ပြီလို့ အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဟန်မင်ဆူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သီးခြားအနေနဲ့ ယွန်းဆွတ်ခ်ယိုကို သမ္မတရာထူးတာဝန်ကို ပြန်လည်အပ်နှင်းမလား ရာထူးကနေ ထုတ်ပယ်မလားဆိုတာကို စတင်ကြားနာမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတယွန်းကတော့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆိုထားပါတယ်။ သူ့ကို ကာကွယ်ရေးဝန်ကြီးဟောင်း၊ အကြီးတန်းစစ်ဦးစီချုပ်တွေနဲ့အတူ တရားရုံးတင်စစ်ဆေးဖို့ စီစဉ်နေပြီး သူတို့တွေဟာ ပူးပေါင်းအာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တယ်လို့…
Read MoreDay: January 27, 2025
ကလောမှာ ညဈေး ဆိုင်ခန်းတခန်းကို တရက် ၁၀၀၀ ကျပ်နဲ့ ငှားပေးမယ်
ZY(VOM) ဇန်နဝါရီ ၂၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ လာမယ့်ဖေဖော်ဝါရီလအတွင်း ညဈေးဖွင့်လှစ်ရောင်းချခွင့်ပြု သွားမှာဖြစ်သလို ဈေးရောင်းချလိုတဲ့ ဒေသခံတွေကို ဆိုင်ခန်းတခန်း ငှားရမ်းခအဖြစ် တရက်၁၀၀၀ ကျပ်နဲ့ ငှားပေးရောင်းချခွင့်ပြုသွားမှာဖြစ်တယ်လို့ ကလောမြို့နယ်စည်ပင်သာယာရေးဌာနထံကနေ သိရပါတယ်။ ကလောမြို့နယ်စည်ပင်သာယာရေးဌာနပိုင် မောမြေဦးပန်းခြံအတွင်းရှိ မီးရှော်တိုင်ကွင်းနေရာမှာ အလျား ၂၀၊ အနံ ၁၀ပေရှိ ဖြုတ်/တပ်သံဖရိုင်တဲတွေနဲ့ ညဈေးတန်းဆိုင်ခန်းတွေကို ယာယီအငှားချထားပေးမှာဖြစ်တဲ့ အတွက် ကလောမြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးနှင့် သားသတ်ဌာနစိတ်ထံ လာရောက်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ “ကလောမှာလက်ရှိအမှန်တကယ်နေထိုင်တဲ့သူတွေကိုပဲ ရောင်းချခွင့်ပြုမှာပါ။ ငှားချသူတွေအနေနဲ့ လကုန်အထိ လျှောက်ထားလို့ရပါပြီ။ အစားအသောက်တွေကို ကိုယ်တိုင်ရောင်းချရမှာပါ။ ဆိုင်ခန်းပြန်ငှားစားလို့ မရပါဘူး။ ငှားစားရင်တော့ အရေးယူမှာပါ”လို့ စည်ပင်သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ အဲဒီညဈေးကို ညနေ ၃နာရီကနေ ည ၉နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကိုသာ ရောင်းချရမှာဖြစ်သလို ဆိုင်ခန်းနေရာနဲ့ ပါတ်ဝန်းကျင်သန့်ရှင်းရေး၊…
Read Moreပို့ကုန် သွင်းကုန်တွေအပေါ် အခွန်ကောက်ခံတဲ့ငွေလဲနူန်းကို ယခင်အတိုင်းတဒေါ်လာ ၂၁၀၀နဲ့ တွက်ချက်ကောက်ခံပြန်
ဇန်နဝါရီ ၂၇ – ၂၀၂၅ GG (VOM) ပို့ကုန် သွင်းကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံတဲ့နူန်းကို Market Trading Rate တဒေါ်လာ ကျပ် ၃၅၈၆ ဝန်းကျင်နဲ့တွက်ပြီးကောက်ခံနေခြင်းအစား အရင်ကကောက်ခံတဲ့နူန်းအတိုင်း ၂၁၀၀ ကျပ်နဲ့သာတွက်ချက်ပြီး ပြန်လည်ကောက်ခံနေပြီဖြစ်ကြောင်း ကုန်သည်တွေဆီကသိရပါတယ်။ အခွန်ကောက်ခံခြင်းအတွက ငွေလဲနူန်း ၃၅၈၆ ကျပ်နဲ့တွက်ချက်ကောက်ခံမှုက သွင်းကုန်လုပ်ငန်းရင်တွေနဲ့ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အဆင်မပြေတာကြောင့် အကောက်ခွန်ဦးစီးဌာနက ပြန်လည်ပြင်ဆင်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” အခုလိုအခွန်ကောက်ခံတဲ့ ငွေလဲနူန်းကိုအရင်ကအတိုင်းပြောင်းလဲလိုက်တော့ အသက်ရှုချောင်သွားတာပေါ့။ ပို့ကုန်သမားတွေကိုပဲမြေဩဇာဘာညာပြန်သွင်းခွင့်ပြုထားတာလေ။အခွန်ကောက်တဲ့ငွေလဲနူန်းပြောင်းတော့ ပေးရတဲ့အခွန်က ပိုများသွားတော့လုပ်ငန်းရှင်တွေ အဆင်မပြေကြဘူးပေါ့။ဒါကြောင့်ခုလိုပြန်ပြောင်းလိုက်တယ်လို့ထင်ပါတယ်။ခုလိုပြန်ပြောင်းပေးလိုက်တော့ လုပ်ငန်းတွေပြန်သွက်လာမယ့်အခြေအနေရှိပါတယ်။” လို့ ပို့ကုန်လုပ်ငန်းရှင်ကသုံးသပ်ပြောပါတယ်။ ငွေလဲနူန်း ၃၅၈၆ ကျပ်နဲ့တွက်ပြီး အခွန် ပြောင်းလဲကောက်ခံခြင်းကို လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကမှစ ပြီးပြောင်းလဲကောက်ခံခဲ့တာဖြစ်ပါတယ်။ အခွန် ငွေလဲနူန်း ပြောင်းလဲကောက်ခံပြီး ၂၅ ရက်အကြာမှာတော့အရင်ကောက်ခံခဲ့တဲ့ ၂၁၀၀ ကျပ်နူန်းနဲ့သာပြန်လည်တွက်ချက်ကောက်ခံနေတာဖြစ်တယ်လို့သိရပါတယ်။ ပြောင်းလဲကောက်ခံတဲ့…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဇန်နဝါရီ ၂၇ – ၂၀၂၅ SN (VOM) ဒီတပတ်မှာတော့ ပြည်တွင်း ရွှေဈေး အနည်းငယ် ပြန်ကျလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်ဒေါ်လာဈေးကတော့ အတက်ဘက်မှာသာ ရှိနေဆဲဖြစ်ပါတယ်။ အလားတူ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီဈေးတွေအားလုံး ပြန်တက်နေပါတယ်။ အဲဒီလိုပဲ အခြေခံစားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစု ဈေးပြန်တက်နေတာကို တွေ့ရပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ပြီးခဲ့တဲ့ တပတ်ကစပြီး ၆၅ သိန်းကျော်ဝန်းကျင်မှာ ရှိနေခဲ့တဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၂၅ ရက်၊ ညနေပိုင်းကစလို့ အနည်းငယ် ပြန်ကျနေပါတယ်။ ရွှေဈေးဟာ ပြီးခဲ့တဲ့တပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာ ဖြစ်ပါတယ်။d တပတ်တာအတွင်း အမြင့်ဆုံးဈေးကတော့ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ ကျပ် ခြောက်ဆယ့်ငါးသိန်း…
Read Moreမြင်းခြံ၊ နွားထိုးကြီးနဲ့ ဆိပ်ဖြူမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် လူအယောက် ၂၀ ကျော် သေဆုံး
ဇန်နဝါရီ ၂၇ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်နဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂၆ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူအယောက် ၂၀ ကျော်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာမှာ မနေ့ မနက် ၈ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့တာကြောင့် ၁၉ ယောက် ဝန်းကျင် သေဆုံးကာ အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်မှုက ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းပေါ်ကျတာ။ စာသင်ကျောင်းက ရွာအဝင်ကားလမ်းဘေးမှာ ရှိတာ။ ရွာနဲ့လည်း နီးတယ်။ လက်ရှိ စာရင်းအရတော့ သေဆုံး အယောက် ၂၀ နီးပါးပေါ့။ ဆေးကုသနေရင်း သေဆုံးတာတွေလည်း ရှိတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း…
Read Moreတနှစ်ကျော်ကြာ ခရီးသွားမရှိခဲ့တဲ့ ဟိုက်ပါရေတံခွန်နဲ့ မိုင်းရှူးတိမ်ပင်လယ်တို့ ပြန်လည်စည်ကားလာ
ZY(VOM) ဇန်နဝါရီ ၂၇၊ ၂၀၂၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့ရှိ မိုင်းရှူးတိမ်ပင်လယ်နဲ့ ဟိုက်ပါရေတံခွန်တို့မှာ အခု ဇန်နဝါရီလ၊ တတိယပါတ်မှာစတင်ပြီး လာရောက်လည်ပါတ်ကြတဲ့ ခရီးသွားဧည့်သည်တွေနဲ့ ပြန်လည်စည်ကား လာနေပြီဖြစ်တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီအစပိုင်းကစတင်ပြီး ဒေသအခြေအနေ မတည်ငြိမ်မှုကြောင့် လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးခဲ့ရာကနေ အခုအခါမှာတော့ ရပ်ဝေးရပ်နီးက လာရောက် လည်ပါတ်သူတွေ တဖြည်းဖြည်းနဲ့ စည်ကားလာနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ “နစကနဲ့ PNLOတို့ မနှစ်က တိုက်ပွဲစဖြစ်တော့ ခရီးသွားတွေက မရှိသလောက်ကို နည်းသွားတာ။ အခုတော့ ပြန်ဝင်လာကြပြီ။ ဒီဇင်ဘာမှာကတည်းက နည်းနည်းစဝင်လာတာ။ ပြီးခဲ့တဲ့တပါတ်ကနေစပြီးတော့ တော်တော်လေးပြန်စည်နေပြီ။ ခရီးသွားဧည့်သည်တွေ ပြန်ဝင်လာတော့ ဒေသခံတွေအတွက် အလုပ်အကိုင်၊ ဝင်ငွေတွေ အဆင်ပြေလာတာပေါ့”လို့ မြို့မမြို့ဖတယောက်က VOMကို ပြောပါတယ်။ မိုင်းရှူးမြို့ရှိ ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်နယ်မှာ အလှဆုံးရေတံခွန်ဖြစ်တာကြောင့် အရင်က ပြည်တွင်းသာမက…
Read Moreနှစ်ဖက်တပ်တွေ မဆုတ်ခွာတာကြောင့် လက်ဘနွန် အပစ်ရပ်ရေး ဖော်ဝါရီလလယ်ထိ သက်တမ်းတိုး
တဲလ်အဗစ်၊ ဇန်နဝါရီ-၂၇-၂၀၂၅ မျိုးဆက်(VOM) အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား မနေ့ကသက်တမ်းကုန်ဆုံးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ဖေဖော်ဝါရီလလယ်ထိ သက်တမ်းတိုးခဲ့တယ်လို့ အမေရိကန်နဲ့ လက်ဘနွန်အစိုးရက ပြောပါတယ်။ လက်ဘနွန်အစိုးရဟာ ဟဇ်ဘိုလာတွေကို ဖယ်ရှားဖို့လိုတဲ့နေရာတွေကနေ ရုပ်သိမ်းဖို့ သဘောတူညီချက် တစိတ်တပိုင်းကို အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိဘူးလို့ အစ္စရေးက စွပ်စွဲထားပြီး သတ်မှတ်ရက် ကျော်လွန်တဲ့ အစ္စရေးတပ်တွေကို ချထားနေပါတယ်။ အပစ်အခတ်ရပ်စဲရေးဟာ ဖေဖော်ဝါရီ ၁၈ ရက်ထိ အကြုံးဝင်မယ်လို့ လက်ဘနွန်ဝန်ကြီးချုပ်က ပြောပါတယ်။ နိုဝင်ဘာနှောင်းပိုင်းမှာ ရရှိခဲ့တဲ့ ကနဦးအပစ်အခတ်ရပ်စဲရေး အစီအစဉ်ဟာ အစ္စရေးနဲ့ ဟဇ်ဘိုလာတို့အကြား ၁၄ လကြာ ပဋိပက္ခကို အဆုံးသတ်ခဲ့ပါတယ်။ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ်မှုအရ ရရှိခဲ့တဲ့ သဘောတူညီချက်မှာတော့ လက်ဘနွန်တောင်ပိုင်းကနေ ဟဇ်ဘိုလာတွေ တည်ရှိနေတာကို ရုပ်သိမ်းဖို့နဲ့ အစ္စရေးတပ်တွေလည်း အလားတူ လုပ်ဆောင်ဖို့ ရက် ၆၀ အချိန်ပေးထားပေမယ့် အပြီးသတ်အထမမြောက်သေးပါဘူး။ သဘောတူညီချက်ကို…
Read Moreမန္တလေးကျုံးနဲ့ တမိုင်ပတ်လည် အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့် ယာယီဆိုင်းငံ့
ဇန်နဝါရီ ၂၇၊ ၂၀၂၅ Voice Of Myanmar မန္တလေး နန်းမြို့ကျုံးနဲ့ တမိုင်ပတ်လည်မှာရှိတဲ့ အောင်မြေသာစံနဲ့ ချမ်းအေးသာစံ မြို့နယ်ထဲက နေရာတချို့မှာ အထပ်မြင့်ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာက ယာယီဆိုင်းငံ့ထားတာကြောင့် ဆောက်လုပ်ခွင့်တင်သူတွေ ခွင့်ပြုမိန့်မကျဘူးလို့ လျှောက်ထားသူတွေဆီက သိရပါတယ်။ ” ကျနော်မြေဝယ်တာ တသောင်းခွဲ တိုက်ဆောက်ဖို့ သိန်းတသောင်းခွဲတန်မြေဝယ်ထားတာဗျာ ၊ပါတဲ့အိမ်က နေမဖြစ်လို့ အသစ်ဆောက်မလို့ဟာ ဒီတားမြစ်ချက်ကြောင့် အခက်တွေ့နေတယ်။ တထပ်ပဲ ဆောက်ခွင့် ပေးတယ်တဲ့။ အိမ်ခြံေမြ အရောင်းအဝယ်ပါ အလုပ်မဖြစ်တော့ဘူး” လို့ အိမ်ဆောက်မယ့်သူ တယောက်က ပြောပါတယ်။ ဘာ့ကြောင့် ခုလိုတားမြစ်သလဲ ဆိုတာ သက်ဆိုင်ရာကိုပြန်မေးတော့လည်း လုံခြုံရေးကြောင့်ဖြစ်နိုင်တယ်လို့ မတင်မကျပြောတယ်လို့ဆိုပါတယ်။ ဒီတားမြစ်ချက်ကြောင့် အိမ်ဆောက်မယ့်သူနဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာတွေကြားလည်း ပြဿနာတချို့ရှိပြီး ဆောက်လုပ်ရေးပစ္စည်းတွေ ဆက်ဝယ်ရမလား ရပ်ထားရမလား ဝေခွဲမရဖြစ်နေတဲ့သူရှိသလို တချို့ရပ်ထားကြရတယ်လို့ သိရပါတယ်။ ဆောက်လုပ်ခွင့်ပေးတဲ့ သက်ဆိုင်ရာဌာနတွေကို VOM…
Read Moreကျောက်မဲမှာ လေကြောင်းတိုက်ခိုက်ခံရပြန်လို့ တယောက်သေ နှစ်ယောက်ဒဏ်ရာပြင်းထန်
ဇန်နဝါရီ ၂၇ – ၂၀၂၅ GG (VOM) TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့မှာ ဒီနေ့ဇန်နဝါရီ၂၇ ရက်နေ့မှာလည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီး တယောက်သေကာ နှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။ မွန်းလွဲ ၂ နာရီကျော်လောက်မှာ လေကြောင်းကနေ ဗုံးတလုံးကြဲချတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ၊ဗုံးက ကျောက်မဲမြို့ ရပ်ကွက် ၂ ကံ့ကော်လမ်းထဲကိုကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေအပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “၂ နာရီ ၁၅ မိနစ်လောက်မှာလေယာဥ်နဲ့ဗုံးကြဲသွားတာပါ။ ဗုံးကကျောက်မဲ မေတ္တာမွန်ခန်းမဘေးလမ်း၊ဒန်းလေ့ာလေထိုးကျွတ်ဖာဘေးကျတယ်။အိမ်နီကြီးပေါ်လဲကျတယ်။ မြမာလာတည်းခိုခန်း အိမ်ခေါင်မိုးတွေပွင့်ကုန်တယ်။ အနီးနားအိမ်အကုန်ထိတယ်။ ညစျေးခင်းတဲ့သူတွေ လူစည်ကား ဝရုန်းသုန်းကားပြေးရတယ်။ သေတဲ့အမျိုးသားက ခေါင်းတခြားကိုယ်တခြားပါ။” လို့ ဒေသခံကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူက အမျိုးသားဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူကအမျိုးသမီးနှစ်ယောက်ဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဆေးဝါးကုသမှုပေးနေတယ်လို့သိရပါတယ်။ ကျောက်မဲမြို့လေကြောင်းတိုက်ခံရမှုမှန်ကြောင်းနဲ့ထိခိုက်မှုအခြေအနေကို ထပ်မံဖော်ပြမယ်ဆိုပြီး TNLA ကတော့သတင်းထုတ်ထားပါတယ်။ နစက ဘက်ကတော့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့သတင်းထုတ်ပြန်မှုမတွေ့ရှိရသေးပါဘူး။…
Read More