ဝါရှင်တန်၊ ဖေဖော်ဝါရီ-၈-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ လာမယ့်အပတ်မှာ ဆွေးနွေးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်လိုပါတယ်။
ဒီဆွေးနွေးမှုဟာ မျက်နှာချင်းဆိုင် ဒါမှမဟုတ် အွန်လိုင်းဗီဒီယိုကွန်ဖရင့်စနစ်နဲ့လုပ်မလားဆိုတာ အသေးစိတ်တော့မပြောပေမယ့် အိမ်ဖြူတော်မှာ လုပ်နို်ငတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
သူကတော့ ယူကရိန်းကို မသွားဘူးလို့ ထရန့်ကဆိုပါတယ်။ သမ္မတဇီလန်စကီးနဲ့လာမယ့်အပတ်မှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်နိုင်ပြီး ရုရှားသမ္မတ ပူတင်နဲ့လည်း ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ သူက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
သုံးနှစ်ကြာ ယူကရိန်းစစ်ပွဲ အဆုံးသတ်တာမြင်ချင်ပြီလို့ ထရန့်ကပြောပါတယ်။ ဒါဟာ ရယ်စရာကောင်းတဲ့ စစ်ပွဲတပွဲလို့လည်း သူကဝေဖန်ပါတယ်။ နှစ်ဖက်ဆွေးနွေးမှုမှာတော့ ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေအတွက် မြေရှားသတ္တုလို ယူကရိန်းတွင်းထွက်ဆိုင်ရာ သဘောတူညီချက်အတွက် ဇီလန်စကီးနဲ့ ဆွေးနွေးလိုတယ်လို့ သူက ပြောပါတယ်။
သူသမ္မတဖြစ်တာနဲ့ ယူကရိန်းစစ်ပွဲ အမြန်ဆုံးရပ်ရမယ်လို့ ထရန့်က ကတိခံထားတာဖြစ်ပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပါဝင်မယ့် မြူးနစ်လုံခြုံရေးညီလာခံကို ယခုလနှောင်းပိုင်းမှာ ကျင်းပမှာဖြစ်ပြီး သမ္မတဇီလန်စကီးကလည်း တက်ရောက်နိုင်ဖွယ်ရှိပါတယ်။
အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်ဟာလည်း ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပမယ့် အဲဒီညီလာခံကို တက်ရောက်မှာဖြစ်ပြီး သူဟာ ယူကရိကန်းကို စစ်ရေးအကူအညီတွေ ဆက်လက်ပေးအပ်ရေးကို ဆန့်ကျင်သူဖြစ်ပါတယ်။
Ref:Reuters
Photo:Reuters