ထိုင်းနိုင်ငံကို မြန်မာလုပ်သားစေလွှတ်မှုယာယီရပ်ဆိုင်းထား

.
ဖေဖော်ဝါရီ၁၄-၂၀၂၅
Ms(VOM)
မြန်မာလုပ်သားအရေအတွက်အများဆုံးသွားရောက်အလုပ်လုပ်ကြတဲ့ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်မှုယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ကနေသိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနအ‌နေနဲ့ထိုင်းနိုင်ငံကို ပြည်ပလုပ်သားစေလွှတ်မှုကိုဖေဖော်ဝါရီလ၁၄ရက်မှစပြီးယာယီရပ်ဆိုင်းလိုက်ပြီလို့ကြေငြာတဲ့အကြောင်းကို မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)က ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံလတ်တလောအကြောင်းကြားထားပြီလို့ဆိုပါတယ်။
“မနေ့ကပြည်ထောင်စုနေ့က ထိုင်းဘက်ပို့တဲ့အေဂျင်စီတွေနဲ့ အလုပ်သမားဝန်ကြီးဌာနကိစ္စလေးတွေဖြစ်သွားတယ်လို့ကြားတယ်။ဘာပြသနာဘာကိစ္စလဲတော့မပြောကြဘူး။အဲ့ဒါပြီးတဲ့နောက်မှာ ပြည်ပလုပ်သားစေလွှတ်တာရပ်မယ်လို့သတင်းထွက်တာပဲ။ပထမတော့ အခြားနိုင်ငံတွေပါစေလွှတ်ခွင့်ရပ်တယ်ဆိုပြီးထင်ကြသေးတာ နောက်တော့ထိုင်းတစ်ခုထဲလို့သိရတယ်။လက်ရှိသွားခွင့်ကြထားသူတွေရောပါလားဆိုတာတော့ သေသေချာချာမသိကြသေးဘူး။လေယာဉ်လက်မှတ်ဝယ်ပြီးလို့ သွားဖို့ရက်သေချာတဲသူတွေလည်းစိုးရိမ်ပြီးမေးနေကြတာတွေရှိပါတယ်”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုက တာဝန်ရှိသူတယောက်ကပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မြန်မာလုပ်သားတွေထိုင်းနိုင်ငံကိုစေလွှတ်ခွင့် လက်ရှိမှာယာယီရပ်ဆိုင်းကြောင်းအသိပေးထားပြီး ဖေဖော်ဝါရီလ၁၅ရက်မှာပြုလုပ်မယ့် ဝန်ကြီးဌာနနဲ့အေဂျင်စီတွေ တွေ့ဆုံမယ့် ဌာနရဲ့အစည်းအဝေးမှာတော့ ပြည်ပစေလွှတ်ခွင့်ကိစ္စကို တိတိကျကျအသိပေးနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေထံကသိရပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြသူတွေအနေနဲ့ တရားဝင် MOUစနစ်နဲ့အပြင်တရားမဝင် နည်းလမ်းတွေနဲ့ပါ ထိုင်းနိုင်ငံမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး မြန်မာလုပ်သားအရေအတွက် အနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ၂သန်းကျော်ရှိနေကြောင်း‌ ဒေသတွင်းသတင်းဖော်ပြမှုတွေအရသိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW