ဗျူနိုအေရိစ်၊ ဖေဖော်ဝါရီ-၁၄-၂၀၂၅
ရတီ (VOM)
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစွဲချက်တွေကြောင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင်အချို့ကို အာဂျင်တီးနားတရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ပြောပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ၂၀၁၉ ခုနှစ်ကတည်းက လူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီးနားတရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဒါဟာ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေအတွက် တရားမျှတမှုအတွက် သမိုင်းဝင်ခြေလှမ်းဖြစ်ပြီး ဆယ်စုနှစ်များစွာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခံနေရတဲ့ ရိူဟင်ဂျာတွေနဲ့မိသားစုတွေအတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး ကမ္ဘာတဝန်းမှာ နို်ငငံတကာ ဥပဒေတွေကို ချိုးဖောက်မှုတွေကြီးထွားလာချိန်မှာ တရားမျှတမှုအတွက် အောင်ပွဲတခုဖြစ်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌ ဦးထွန်းခင်က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒီအမှုကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နဲ့မြန်မာရိုဟင်ဂျာအဖွဲ့တို့က တင်သွင်းခဲ့တာဖြစ်ပြီး မြန်မာနို်ငငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တယား(IIMM) က စုံစမ်းစစ်ဆေးမှုတွေကို ကူညီခဲ့ပါတယ်။
ဖမ်း၀ရမ်းထုတ်ခံရသူတွေထဲမှာ နစက ဥက္ကဌအပြင် စစ်တပ်ထိပ်တန်းတာဝန်ရှိသူ ၂၃ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။ ဖမ်ဒ၀ရမ်းတွေကိုတော့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှား၊ ဥရောပသမဂ္ဂ၊ အိုအိုင်စီအဖွဲ့၊ အမေရိကန်နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ကို ပို့မယ်လို့ ဦးထွန်းခင်က ဘီဘီစီ သတင်းဌာနကို ပြောဆိုထားပါတယ်။
နစက ဥက္ကဌကို ဖမ်း၀ရမ်းထုတ်ရေးနဲ့ပတ်သက်ပြီး နို်ငငံတကာ ရာဇဝတ်ရားရုံး (ICC) ရှေ့နေ ကာရမ်ခန်းက နိုဝင်ဘာ ၂၇ ရက်မှာ တင်ပြလျှောက်ထားခဲ့ပါပြီး ဒီကိစ္စကိုတော့ ICC က အမိန့်ချတာမျိုးမရှိသေးပါဘူး။
Ref: BROUK
Photo:Reuters