အ.ထ.က (၁) လသာ ကျောင်းဝန်းထဲမှာ အထက်တန်းပြကျောင်းဆရာ ကြိုးဆွဲချသတ်သေမှု ဖြစ်ပွား

ဖေဖော်ဝါရီ ၁၈ – ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း၊ လသာမြို့နယ် ၊ အမှတ်(၁၀)ရပ်ကွက်ရှိ ၊ အထက(၁)လသာကျောင်းက အထက်တန်းပြကျောင်းဆရာ မိမိကိုယ်ကိုကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ကျောင်းဆရာက ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ အထက(၁)လသာကျောင်းဝန်းအတွင်းထဲက သူနေထိုင်ရာနေအိမ်အတွင်းမှာပဲ ကြိုးဆွဲချအဆုံးစီရင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
” ကြိုးဆွဲချသေနေတာကို မနက် ၆ နာရီကျော်လောက်မှာမှ တွေ့ကြတာ။ သူကကျောင်းဝန်းထဲမှာပဲနေတဲ့သူပါ။ ဘယ်လိုကြောင့် ခုလိုလုပ်သွားသလဲဆိုတာတော့ မသိကြဘူးပြောတယ်။ ကျွန်တော်တို့ကလည်း သေချာမသိဘူး။ပို့ဆိုလို့ပို့ပေးရုံပဲ။မိသားစု တွေ အကြောင်းကြားထားတယ်တော ့သိရတယ်။ရဲကတော့သေမှုသေခင်းဖွင့်ထားတယ်။ ” လို့ လူမှုကူညီရေးအဖွဲ့ဝင်ကပြောပါတယ်။
မိမိကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အထက်တန်းပြ ကျောင်းဆရာက အသက် ၃၆ နှစ်အရွယ် ဦးမျိုးမင်းဦး ဆိုသူဖြစ်ပြီး လက်ရှိမှာရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မြောက်ဒဂုံမြို့နယ်၊ ၄၃ ရပ်ကွက်မှာနေထိုင်တဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့မှာ အလုပ်အကိုင် အဆင်မပြေမှုနဲ့ စားဝတ်နေရေးကြပ်တည်းလာမှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်တွေဟာလည်းများစွာရှိခဲ့တယ်လို့ သတင်းဌာနတွေရဲ့မှတ်တမ်းတွေနဲ့ လူမှုကူညီရေးသမားတွေရဲ့ပြောပြမှုတွေအရ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW