ဖေဖော်ဝါရီ ၂၁ – ၂ဝ၂၅ KKO(VOM) နိုင်ငံကျော် မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည်ဟာဖေဖော် ဝါရီ ၂ဝ ရက်၊ ည ၁၁ နာရီ ၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ကျန်ရစ်သူ ကာယကံရှင် မိသားစုဝင်တွေက ပြောပါတယ်။ တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရီဟာ အဆုပ်ကင်ဆာရောဂါကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကင်ဆာဌာနမှာ တက်ရောက်ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ “ဟုတ်ပါတယ်။မနေ့ညက ဆုံးတာပါ။အခုတော့ အမေရဲ့ နာရေးကိစ္စတွေအတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ရန်ကုန်ဆေးရုံကြီးမှာ ပဲဆုံးတာပါ။အဆုပ်ကင်ဆာနဲ့ပါ”လို့တေးသံရှင်ကြီး ဒေါ်ခင်ညွန့်ရည်ရဲ့သမီးဖြစ်သူက VOM ကို ပြောပါတယ်။ ဂီတအသိုင်းအဝိုင်းနဲ့ ဂီတနယ်ပယ်က အနုပညာရှင်တွေကတော့ မြန်မာ့ဂန္တဝင်အဆိုတော်ကြီး ဒေါ် ခင်ညွန့်ရည် ကွယ်လွန်သွားခဲ့ခြင်းနဲ့ ပတ် သက်လို့ ဝမ်းနည်းစကားတွေကို Facebook လူမှုကွန်ရက်ပေါ်မှာ ပြောကြားထားကြတာကိုလည်းတွေ့ရပါတယ်။ “သူချစ်တဲ့အနုပညာ သူချစ်တဲ့ပရိတ်သတ်တွေကို ထာဝရစွန့်ခွာသွားပါပြီ”လို့နိုင်ငံကျော်တေးသံရှင် ဒေါ်ခင်ညွန့်ရည် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဂီတအနုပညာနယ်ပယ်က ဝမ်းနည်းစကားဆိုထားပါတယ်။ ကွယ်လွန်သူ…
Read MoreDay: February 21, 2025
ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ကြံတင်ပို့ဖို့ ကားမလုံလောက်လို့ အခက်အခဲ ဖြစ်နေ
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ဒီနှစ် ကြံရာသီမှာ ကြံတင်ပို့ဖို့ ကား မလုံလောက်လို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ကြံစိုက်တောင်သူတွေဆီက သိရပါတယ်။ “ဒီနှစ်က ကြံတင်မယ့်ကား နည်းတယ်။ ကားတွေက တရုတ်ကားပဲ ရတယ်။ ကြံ ကုမ္ပဏီက အရင်နှစ်က ကားတွေငှားပြီး ပိုက်ဆံ မပေးလို့တဲ့။ ဒီနှစ် ကား သိပ်မငှား ပေးချင်ကြတော့ ကြံတင်ကား နည်းသွားတာ။ ကားနည်းသွားတော့ လု တင်နေရတာ။ ကား အရမ်း ခက်နေတယ်။” လို့ ကြံတောင်သူ တယောက်က ပြောပါတယ်။ ကြံ တင်ကား အခက်အခဲကြောင့် ကြံခုတ်ထားပေမယ့် ကြန့်ကြာကာ ကြံ အလေးချိန်ပါ လျော့ကုန်တယ်လို့ သူက…
Read Moreပေါက်တောမြို့ လေကြောင်းတိုက်ခိုက်မှု လေးယောက် သေ၊ အယောက် ၂၀ နီးပါး ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၁ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လေးယောက် သေဆုံးကာ အယောက် ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပေါက်တောမြို့ပေါ်နဲ့ ကျောက်တောင်၊ ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီ၊ တောင်ချောင်၊ ဆင်တက်မော် တောတန်း၊ ဆင်တက်မော် မွတ်ဆလင်မ်ရွာ၊ မညင်းကိုင်း၊ အနောက်ရဲရွာ၊ ဆံတော်ရှင်ကျွန်း၊ သဲခုံ၊ ပိန္နဲချောင်း၊ တောင်ဦးမော် စတဲ့ ကျေးရွာတွေမှာ မနေ့ နေ့လယ် ၁ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “မနေ့ နေ့လယ် ၁ နာရီခွဲလောက်က စပြီး ၂ နာရီကျော်တဲ့အထိ ဆက်တိုက်ဆိုသလို ဖြစ်သွားတာ။ လူသေဆုံး၊ ဒဏ်ရာရအပြင်…
Read Moreရှမ်း/တောင်မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာနေပြီး ဘိန်းမည်းတပိဿာ ၁၃သိန်းအထိ ပေါက်ဈေးရှိနေ
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ YZ(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ အခုနှစ်ရာသီ ဘိန်းစိုက်ကာလ အတွင်း ပြီးခဲ့တဲ့နှစ် ဘိန်းစိုက်ရာသီကထက် စိုက်ပျိုးတဲ့ဧရိယာ ပိုများလာနေပြီး လက်ရှိမှာ ဘိန်းမည်း တပိဿာ ၁၃သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာတာဖြစ်ပြီး ပင်လောင်းမြို့နယ်မှာ အများဆုံးတိုးလာနေတာ ဖြစ်သလို လက်ရှိမှာတော့ ဆောင်းရာသီ ရေသွင်းစိုက်ပျိုးရတဲ့ ဘိန်းမည်းတွေ စတင်ထွက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ “ရေခြံက ဘိန်းမည်းတွေ စခြစ်လို့ရနေပြီ။ ကုန်းခြံတုန်းကတော့ တစ်ပိဿကို ၁၀သိန်းလောက်ရတယ်။ အခု ရေခြံကထွက်တဲ့ဟာကြတော့ ၁၃သိန်း၊ တချို့နေရာတွေမှာဆို ၁၅သိန်းလောက်အထိ ပေါက်ဈေးရှိနေပြီ။ ကုန်းခြံကထွက်တဲ့ဟာထက် ရေခြံကထွက်တဲ့ဟာက ကွာလတီ၊ အရည်အသွေးပိုကောင်းတယ်လေ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ပင်လောင်းနဲ့ ဆီဆိုင်ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေရှိနေတာကြောင့် ဒေသခံအများအပြားဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရပေမယ့်…
Read Moreတာချီလိတ်ကို ရန်ကုန်ကနေ စက်သုံးဆီ သယ်ယူရောင်းချဖို့ စီစဉ်နေ
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေ တဆင့် စက်သုံးဆီ သယ်ယူဖြန့်ဖြူး ရောင်းချသွားမယ့် ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး စက်သုံးဆီများပြတ်လပ်မှု မဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်က တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲဒီဆွေးနွေးပွဲကို စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့မိမြို့ဖတွေနဲ့ စက်သုံးဆီလုပ်ငန်းရှင်များ အသင်းက တာဝန်ရှိသူတွေ၊ စက်သုံးဆီလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပြီး စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ စက်သုံးဆီရောက်ရှိလာစေရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ “အဓိကကတော့ ဆီဝယ်ယူနေတဲ့ ကိစ္စတွေပေါ့။ အမြန်ဆုံးရောက်ရှိလာနိုင်ဖို့ ဘယ်လိုနည်းလမ်းနဲ့ လုပ်ကြမလဲ။ ရောက်လာခဲ့ရင် ဘယ်လိုဈေးနှုန်းတွေ သတ်မှတ်ရောင်းချကြမလဲဆိုတဲ့ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ ဒီတစ်ပါတ်ထဲမှာတော့ တာချီလိတ်ကို ရောက်လာမယ်လို့ မှန်းထားပါတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ထိုင်းနိုင်ငံကနေ…
Read Moreမန္တလေးမှာ နှစ်ကြိမ် ခိုးခံရတဲ့ ရှေးဟောင်းဆင်းတု ဒီတကြိမ်လည်း ပြန်လည်ရရှိ
မန္တလေး၊ ဖေဖော်ဝါရီ – ၂၀- ၂၀၂၅ SA(VOM) မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားမှာရှိတဲ့ ရွှေအိုးရစေတီတော် ပရဝုဏ်အတွင်းက ကျောက်သားဆင်းတုတော်ဟာ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့ညက ထပ်မံအခိုးခံခဲ့ရပြီး ၁၉ ရက်နေ့ညပိုင်းမှာ အဲ့ဒီ ရှေးဟောင်းသမိုင်းဝင် ကျောက်သားဆင်း တုတော်ကို ခိုးယူခဲ့တဲ့ တရားခံလေးဦးကို ဖမ်းဆီရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူထံကနေ သိရပါတယ်။ “ဆင်းတုတော်ကို ခိုးယူခဲ့တဲ့သူတွေကို ဖမ်းဆီးမိထားတယ်ဆိုတာ ဆက်သွယ်လာပါတယ်၊ လက်တလောတော့ သီတင်းသုံးရာ ဓမ္မာရုံအတွင်းကို ပြန်မရောက်သေးပါဘူး” လို့ အဲ့ဒီ ဆင်းတုတော်နဲ့ စေတီတော်ကို စောင့်ရှောက်နေတဲ့ ဦးဇော်ဝင်းက VOM ကိုပြောပါတယ်။ အဲ့ဒီဆင်းတုတော်ဟာ ပထမတခေါက် အခိုးမခံရမီအချိန်က အကာအရံမရှိပေမယ့်၊ ၂၀၀၇ ခုနှစ်က ဆင်းတုတော်ကို ပြန်ရချိန်မှာ…
Read Moreမိုးမောက် လေကြောင်းတိုက်ခိုက်မှု ခုနစ်ယောက် သေ၊ ငါးယောက် ဒဏ်ရာ ရ
ဖေဖော်ဝါရီ ၂၀ – ၂၀၂၅ SS (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက်အစောပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေ၊ ငါးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမောက်မြို့နယ်က နှင်းအီကျေးရွာမှာ မနေ့ မနက် ၁ နာရီ ဝန်းကျင်က ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ငါးယောက် ဒဏ်ရာရရှိပြီး နေအိမ် လေးလုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ထပ်မံပြီး မနက် ၁ နာရီ ၂၄ မိနစ်ဝန်းကျင်မှာ ဝက်ငင်းကျေးရွာမှာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “လေကြောင်း တိုက်ခိုက်မှုက ၅ မိနစ်အတွင်းမှာ ဆက်တိုက်ဆိုသလို ဖြစ်သွားတာ။ မနက်အစောကြီး…
Read Moreကျိုင်းတုံ အားကစားကွင်းတိုက်တန်းရှိ ဆိုင်ခန်းပေါင်း ၁၄၀ ကျော်ကို ဖျက်သိမ်းမှာဖြစ်လို့ ဆိုင်ဖွင့်ထားသူတွေ အခက်တွေ့
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅ ZY (VOM) နှစ်ပေါင်း (၃၀)ကျော်အကြာ ဖွင့်လှစ်ခွင့်ပြုထားခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ မြို့မအားကစားကွင်းတိုက်တန်းရှိ ဆိုင်ခန်းပေါင်း (၁၄၀)ကျော်ကို ဖျက်သိမ်းရှင်းလင်းမှာဖြစ်ကြောင်း အသိပေးလာတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဆိုင်ဖွင့်လှစ်ရောင်းချနေသူတွေအနေနဲ့ သိရပါတယ်။ ကျိုင်းတုံခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရဲ့ ကြီးကြပ်မှုအောက်ရှိ အဲဒီအားကစားကွင်းပတ်လည်က ဆိုင်ခန်း ၁၄၄ခန်းကို သတ်မှတ်ပုံစံတည်ဆောက်ပြီး ၁၉၉၀ ဝန်းကျင်က နှစ်(၂၀) သက်တမ်းနဲ့ ငှားရမ်းစာချုပ် ချုပ်ဆိုကာ ငှားရမ်းပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ထပ်မံ သက်တမ်းတိုးခြင်းအဖြစ် (၃)နှစ်သက်တမ်းတိုးတွေကို ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၃ နဲ့ ၂၀၁၉ခုနှစ်တွေမှာ နှစ်တိုးငှားရမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ သက်တမ်း ဆက်လက်တိုးခွင့် မပေးတော့ဘဲ ဆိုင်ခန်းများအားလုံးကို ဖျက်သိမ်းဖို့ အထက်ဌာနက ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ညွှန်ကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်ကလည်း နှစ်ကြိမ်လောက်ရှိပြီ။ စာလာပြီး…
Read Moreမူရာကို ပူတာ သူလာလို့ ဆွတာကြောင့်
ဆူးငှက် ကိုဗစ်ကာလ အရှိန်မသေနိုင်သေးတော့ ဒီနှစ် ဘုရားပွဲရာသီက တိတ်ဆိတ်ငြိမ်သက် ခြောက်ကပ်ကာ ပြီးဆုံးသွားတော့မည်။ ကံကောင်းပါမှ လာမည့်သင်္ကြန်ကို ဆင်နွှဲနိုင်ကြပေမည်။ မတတ်နိုင်။ ပြီးခဲ့သည့် နှစ်တွေက ဘုရားပွဲရာသီမှာ ပွဲလမ်းတခြိမ့်ခြိမ့်နှင့် ထုံးစံအတိုင်း ကျင်းပကြတော့ လူမှန်းသိတတ်ကတည်းက ဖြစ်မြဲကိစ္စမို့ မသိလိုက် မသိဖာသာ ကျော်ဖြတ်သွား၏။ ဟော.. ဒီနှစ် မကျင်းပဖြစ်ဘူးဆိုမှ ပွဲဈေးတန်း လမ်းလျှောက်ချင်သလိုလို၊ မုန့်သိုင်းခြုံစားချင်သလိုလို။ ကရေကရာဝယ်ချင်သလိုလို။ ချွေတာရေးမုန့် သတိရသလိုလို၊ အငြိမ့် ကြည့်ချင်သလိုလို၊ ခြင်းဝိုင်းမော့ချင်သလိုလို ချဉ်ခြင်းတပ်နေသည်။ ဘယ့်နှယ် ထူးထူးခြားခြား ငယ်စဉ် ကလေးဘဝက ကြည့်ခဲ့ဖူးသော ရုပ်သေးပွဲကို သတိရနေပြန်၏။ ရှေးရုပ်သေးသီချင်းတစ်ပုဒ်ထဲကလို “မူရာကို ပူတာ သူလာလို့ ဆွတာကြောင့်” ဟု ပြောရမလိုဖြစ်သည်။ သြော်… နှစ်၅၀လောက်ရှိရောပေါ့။ ××××× ××××× ကျွန်တော့် အသက်အရွယ်တန်းမှာကိုပဲ…
Read More