ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ကြံတင်ပို့ဖို့ ကားမလုံလောက်လို့ အခက်အခဲ ဖြစ်နေ

ဖေဖော်ဝါရီ ၂၁၊ ၂၀၂၅
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့နယ်က ကြံ တောင်သူတွေ ဒီနှစ် ကြံရာသီမှာ ကြံတင်ပို့ဖို့ ကား မလုံလောက်လို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ကြံစိုက်တောင်သူတွေဆီက သိရပါတယ်။
“ဒီနှစ်က ကြံတင်မယ့်ကား နည်းတယ်။ ကားတွေက တရုတ်ကားပဲ ရတယ်။ ကြံ ကုမ္ပဏီက အရင်နှစ်က ကားတွေငှားပြီး ပိုက်ဆံ မပေးလို့တဲ့။ ဒီနှစ် ကား သိပ်မငှား ပေးချင်ကြတော့ ကြံတင်ကား နည်းသွားတာ။ ကားနည်းသွားတော့ လု တင်နေရတာ။ ကား အရမ်း ခက်နေတယ်။” လို့ ကြံတောင်သူ တယောက်က ပြောပါတယ်။
ကြံ တင်ကား အခက်အခဲကြောင့် ကြံခုတ်ထားပေမယ့် ကြန့်ကြာကာ ကြံ အလေးချိန်ပါ လျော့ကုန်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက မြန်မာဘက်ခြမ်းက ကားတွေကို မသုံးတော့ပဲ တရုတ်ကားတွေပဲ သုံးတဲ့ အပြင် အဲဒီ ကားတွေကလည်း ကြံ ကုမ္ပဏီက ငှားပေးတဲ့ ကားတွေနဲ့ပဲ တင်ပို့ ခွင့်ပြုတယ်လို့ ဆိုပါတယ်။
“ကြံတင်ကား နည်းသွားလို့ ကျနော်တို့ဆီက မနှစ်တုန်းက ကြံကား မောင်းတဲ့ သယတွေတောင် မမောင်း ရတော့ဘူး တစ်ယောက်မှ။ အလုပ် မရှိ ဖြစ်သွားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ခါတိုင်းက တရုတ်ကား သုံးပေမယ့် တရုတ် ယာဉ်မောင်းတွေ မြန်မာ ဘက်ထဲ မဝင်ပဲ နယ်စပ် ဂိတ်မှာ မြန်မာ ယာဉ်မောင်းတွေနဲ့ ချိန်း ရတာ ဖြစ်ပေမယ် ယခုနှစ်မှာတော့ တရုတ်ကား နဲ့ တရုတ်ယာဉ်မောင်းတွေ မြန်မာဘက်ခြမ်း အထိ တိုက်ရိုက် ဝင်လာတာတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
တရုတ် မြန်မာ နယ်စပ် တလျှောက်က မြန်မာ နယ်စပ် တလျှောက်မှာတော့ တရုတ် လုပ်ငန်းရှင်တွေဟာ မြန်မာ ဝောာင်သူတွေနဲ့ လယ်မြေ၊ ယာမြေကို ငှားရမ်းပြီး ရင်းနှီး မြှုပ်နှံကာ ကြံတွေကို စိုက်ကာ ရိတ်သိမ်း ချိန်မှာတော့ တရုတ်ဘက် ပြန်လည် သယ်ယူ တာဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW