ဖေဖော်ဝါရီ ၂၅၊ ၂၀၂၅ Shy V (VOM ) ရှမ်းပြည်နယ်၊ သီပေါမြို့မှာ TNLA တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက် စစ်ကျန်လက်နက် ပစ္စည်း ရှာဖွေ ရောင်းချတာ ဈေးကွက် တခုလို ဖြစ်နေတာကြောင့် အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “သီပေါဘက်မှာကလေ အဲဒီဗုံးတွေက ဈေးကွက်ဖြစ်နေတာ။ မကွဲသေးတဲ့ ဗုံးတွေကို လိုက်တူး လိုက်ရှာပြီး ပြန်ရောင်းစားနေကြတာ။ ကွဲလို့သေတဲ့သူအများစုက အဲဒီလိုတွေပဲများတာ။ ဆော့လို့ကွဲသေတယ်ဆိုတာ အလကားပါ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဈေးကောင်းလည်း ရတာကြောင့် အလုပ်အကိုင် ရှားပါးပြီး ဝမ်းရေး အခက်အခဲ နေချိန် တချို့က အဲဒီ စစ်ကျန်လက်နက် ပစ္စည်းတွေကို အန္တရာယ် တွေကြားက ရှာဖွေကာ အခက်အခဲကို ဖြေရှင်း နေကြရတယ် လို့ သူက…
Read MoreMonth: February 2025
ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှု အကန့်အသတ်မရှိဘူးလို့ တရုတ်သမ္မတပြော
ပေကျင်း၊ ဖေဖော်ဝါရီ-၂၅-၂၀၂၅ မျိုးဆက်(VOM) ရုရှားနဲ့ တရုတ် ပူးပေါင်းဆောင်ရွက်မှုဟာ အကန့်အသတ်မရှိကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ရုရှားသမ္မတ ပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ပြောကြားလိုက်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်လာပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တရပ် အမြန်ဆုံးရယူဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွန်းအားပေးနေချိန်မှာ အခုလို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး နှစ်နို်ငငံအကြား မဟာမိတ်ဖွဲ့မှုနဲ့ ရေရှည်ဆက်ဆံရေးကို တတိယာအင်အားစုကြောင့် သက်ရောက်မှုရှိနိုင်မှာမဟုတ်ဘူးလို့ ပူတင်နဲ့ ရှီကျင်းပင်က အလေးပေးပြောဆိုပါတယ်။ တရုတ်-ရုရှားဆက်ဆံရေးမှာ ခို်ငမာတဲ့ ပြည်တွင်ရေးမောင်းနှင်အားနဲ့ ထူးခြားတဲ့ဗျူဟာမြောက် တန်ဖိုးတွေရှိပြီး ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှ ဩဇာလွှမ်းမိုးခြင်းမရှိဘူးလို့ တရုတ်သမ္မတ ရှီကျင်းပင်က ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ နို်ငငံခြားရေး မူဝါဒတွေဟာ ရေရှည်အတွက်ဖြစ်တယ်လို့ သူကဆိုပါတယ်။ နေတိုးနဲ့ အနောက်အုပ်စုနိုင်ငံတွေ ကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းနဲ့ စစ်တိုက်နေတဲ့ ရုရှားကတော့ တရုတ်နဲ့…
Read Moreချင်းတွင်းမြစ် မြစ်ကြောင်းမှာ ပို့ကုန်တွေ ဖြတ်တောက်ခံရလို့ မော်တော်ပိုင်ရှင်တွေနဲ့ ကုန်သည်တွေ အခက်တွေ့
ဖေဖော်၀ါရီ ၊ ၂၅ ၊ ၂၀၂၅ KH ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာဆိပ်ကမ်းကနေအထက်ချင်းတွင်း ဒေသဖြစ်တွေတဲ့ ၊ ကလေး၀ ၊ မင်းကင်း၊မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ခန္တီး စတဲ့ မြို့နယ်တွေဘက်ကို ကုန်စည်တွေ သယ်ယူပို့ဆောင်တဲ့အခါ မြစ်ကြောင်းတလျောက်မှာရှိတဲ့ စစ်ဆေးရေးအဖွဲ့တွေက ပိတ်ဆို့ တားဆီးတာတွေရှိနေတယ်လို့ ရေယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” နှစ်ဘက် စစ်ဆေးရေး အဖွဲ့တွေက ပို့ကုန် တချို့ကို တားဆီးပိတ်ပင်ထားတယ် ၊ အဲ့ဒီလို့ တားဆီး ပိတ်ပင်တွေအဖွဲ့ က မြစ်ကြောင်း တလျောက် အနည်းဆုံး အဖွဲ့၂၀ ကျော်အထက်မှာရှိတယ် ” လို့ ရေယာဥ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် အခုလို တားဆီးပိတ်ပင်ထားတဲ့ ကုန်စည်အမျိုးအစားတွေကတော့ အိမ်သုံးဆေး၀ါး အမျိုးမျိုး…
Read Moreစစ်ရှောင်တွေကြောင့် မကွေးမြို့ပေါ်က အိမ်ခြံမြေဈေးကွက် ပြန်သွက်လာ
ဖေဖော်ဝါရီ ၂၅ – ၂၀၂၅ KKO(VOM) မကွေးတိုင်းရဲ့မြို့တော်ဖြစ်တဲ့ မကွေးမြို့အိမ်ခြံမြေဈေးကွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နှစ်လည်ပိုင်းကစလို့ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်မားလာသကဲ့သို့ အငှားဈေး ကွက်ဟာလည်း ယခင်နှစ်တွေကထက် ငှားရမ်းသူတွေပိုမိုများပြားလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရခိုင်ပြည်နယ်မှာ AA လက်နက်ကိုင်အဖွဲ့တွေနဲ့ နစက တပ်တို့အကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဆက် တိုက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတိုက်ပွဲတွေကြောင့် နိုင်ငံ့၀န်ထမ်းတွေ အခြားသော အရပ်သားတွေ အပါအဝင် ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ မြို့လုံးကျွတ်၊ရွာလုံးကျွတ် အုပ်ချုပ်ရေးပိုင်း၊လုံခြုံမှုအပိုင်းအားကောင်းတဲ့ မကွေးမြို့ပေါ်သို့ အစုလိုက်အပုံလိုက်ပြောင်းရွှေ့လာတဲ့အတွက် မကွေးမြို့အိမ်ခြံမြေဈေးကွက်က ပြန်သွက်လာခဲ့တာဖြစ်တယ်လို့ ဒေသခံအိမ်ခြံမြေဈေးကွက်ပွဲစား တယောက်က VOM ကို ပြောပါတယ်။ “မကွေးကို စစ်ဘေးရှောင်လာကြသူတွေထဲမှာဆိုရင် တိုက်ပွဲဖြစ်ပွားနေတဲ့ မကွေးတိုင်းမြောက်ခြမ်းကမြို့တွေ ချင်းပြည်နယ်တောင်ပိုင်း၊မြောက်ပိုင်းက စစ်ဘေးရှောင်တွေမိသားစု၀င်တွေ ကျောင်းနေအရွယ်ကလေးငယ်တွေ များစွာပါဝင်တဲ့ အတွက် ဒီဘက်က အိမ်ခြံမြေဈေးကွက်မြင့်မားလာတဲ့ သဘောပါ”လို့ မကွေးမြို့ဒေသခံ တယောက်က…
Read Moreဖလမ်းမြို့တိုက်ပွဲ ပြင်းထန်နေပြီး ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေ
ဖေဖော်ဝါရီ ၂၅ – ၂၀၂၅ SN (VOM) ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲ ပြင်းထန်နေသလို ဟားခါးမြို့မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ချင်းညီနောင် ပူးပေါင်းတပ်တွေဟာ ဖလမ်းနဲ့ မင်းတပ် မြို့သိမ်းစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ဒုတိယပတ်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး ဖလမ်းမြို့ကို လက်ရှိအချိန်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ စစ်ဆင်ရေး သုံးလကျော်ကာလအတွင်း ဖလမ်းမြို့နယ် ဧရိယာအများစုကို ချင်းညီနောင် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်ရှိမှာ နစကရဲ့ ခြေလျင်တပ်ရင်း ခလရ (၂၆၈) ဌာနချုပ်တခုသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ “အခုက ဖလမ်းမြို့ရဲ့…
Read Moreရင်ကပ်သရဖီ..၊ကင်ပွန်းခြုံကွယ် နှင့် ပျို့ဇာတိနွယ်
ညို့ညို့ဆိုင်းဆိုင်း၊ မှိုင်းပြာရီ မှောင်တန်းတော့ တိမ်ခိုးလေးတွေ ဘေးက ယှက်လို့ တောင်တန်းတစ်ဖက် တစ်ချက် ဝန်းကာရံကာပင် လွမ်းစရာ့ စံရာတစ်ခွင် သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။ သနားစရာ ကမ်းပါးအစ၊ ရင်ခတ်သရဖီ အခွေအခွေပင် . . . ။ ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊ ပုံတော်အစစ်ကို မြင်ရတော့ သခင်မ၊ ယခင်ဘဝ . . . အသက်မရှည်လေခြင်း . . . ကျေးဇူးရှင်ရယ် နေညိုနု၊ ရွှေလိုရှု . . . မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။ (နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း) …
Read Moreမြိုင်မြို့နယ်က PDF မင်္ဂလာဆောင်ပွဲ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်များ
ဖေဖော်၀ါရီ ၊ ၂၅ ၊ ၂၀၂၅ KH(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ကျောက်ခွက် ရေနံမြေအနီး ဆုံကုန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒီကနေ့ မနက် ၁၀ နာရီ ၀န်းကျင်ခန့်က မဂ်လာဆောင်ပွဲ ပြုလုပ်နေတဲ့ နေရာအပေါ် လေကြောင်း တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေအများပြား ရှိတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ် ။ ” မဂ်လာဆောင်တာက PDF စုံတွဲဖြစ်တယ် ၊ ဒီမနက် ၁၀ နာရီလောက်မှာ လေယာဥ်ရောက်လာပြီး မင်္ဂဆောင်လုပ်နေတဲ့ နေရာအပေါ်ကို ဗုံးကျဲချသွားတယ် ၊အသေအပျောက်များတယ် အရေအတွက်တော့ မသိရသေးဘူး ၊ နောက်ပြီး ဒဏ်ရာရတဲ့တွေလည်းရှိတယ် ” လို့ မဂ်လာဆောင်ပွဲသွားခဲ့တဲ့ ဒေသခံ တယောက်က ပြောပါတယ်။ ဆုံကုန်းရွာခံ တယောက်ပြောတာက ” အသေအပျောက်က…
Read Moreမန္တလေးမှာ ကျရောက်ခဲ့တဲ့ ပလိပ်ရောဂါဘေးဆိုးကြီးကို ဘာသာရေးနည်းလမ်းဖြင့်လည်း ကုစားခဲ့ကြပုံ
ဆူးငှက် မန္တလေးမြို့ရဲ့ အထင်ကရ မန္တလေးတောင် အတက်လမ်းမှာရှိတဲ့ ရသေ့ကြီးဦးခန္တီကျောင်းတိုက်မှာ ဂေါတမမြတ်စွာဘုရားရဲ့ အရိုးဓာတ်တော်များကို ပူဇော်ထားရှိပါတယ်။ ဒီ ဓာတ်တော်တွေကို ထိုစဉ်ကာလ အိန္ဒိယနိုင်ငံ (ယခု ပါကစ္စတန်နိုင်ငံ) ပက်သျှဝါမြို့က ပင့်ဆောင် လာခဲ့ကြောင်း သိရပါတယ်။ မန္တလေးကို အင်္ဂလိပ်သိမ်းပိုက်ပြီး နှစ်၂၀ကျော်အကြာ ၁၉၀၇ခုနှစ်မှာ ပလိပ်ရောဂါဘေးဆိုးကြီး ကျရောက်ပါသတဲ့။ အစိုးရအနေနဲ့လည်း ကာကွယ်နှိမ်နင်းရေးစရိတ်တွေက မနိုင်မနင်းဖြစ်သတဲ့။ ရောဂါကလည်း ကပ်ဘေးဆိုးကြီးတစ်ခုလို သုံးလေးနှစ် အမြစ်မပြတ်ဖြစ်နေတာကိုး။ ဒီကပ်ဘေးကြောင့် မြို့လူထုရဲ့ သုံးပုံတစ်ပုံလောက် ကလည်း အဝေးကို ထွက်ပြေးကြတယ်။ စစ်ကိုင်းတောင်ရိုးကို ပြေးကြသူချည်းကို ၂သောင်းလောက်ရှိသတဲ့။ အဲဒီကာလ မန္တလေးလူဦးရေက တစ်သိန်းခွဲလောက်ပဲ ရှိတာပါ။ ပလိပ်ရောဂါဖြစ်တဲ့ ကာလမှာ မန္တလေးက လူဦးရေ ၄သောင်းခွဲလောက် အဝေးကို ပြေးကြတာလို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ရောဂါတားဆီးနှိမ်နင်းမှု ပြုလုပ်တဲ့အခါ မြို့လူထုကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကုစားမှုအနေနဲ့…
Read Moreယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ သမ္မတရာထူး နုတ်ထွက်ပေးနိုင်ကြောင်း ဇီလန်စကီးပြော
ကိဗ်ယက်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၅ ရတီ(VOM) ယူကရိန်းငြိမ်းချမ်းရေးရရှိဖို့ သမ္မတရာထူးကို စွန့်ဖို့အသင့်ရှိတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ယူကရိန်းစစ်ပွဲသုံးနှစ်ပြည့်မတိုင်ခင်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီရာထူး၊ ဒီထိုင်ခုံကနေ ထွက်သွားဖို့လိုအပ်ရင် ဒါကိုလုပ်ဖို့ အသင့်ဖြစ်ပြီး ယူကရိန်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေးနဲ့အပြန်အလှန် လဲလှယ်နိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ မေးမြန်းမှု့ကို ဇီလန်စကီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဇီလန်စကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မှတ်ချက်ပြု ပြောဆိုခဲ့ပြှီးနောက်မှာ ဇီလန်စကီးက အခုလို တုံ့ပြန်လာတာဖြစ်ပါတယ်။ ဒီကိစ္စအတွက် စိတ်မဆိုးကြောင်းနဲ့ ဒါဟာ အာဏာရှင် ဖြစ်နေလိမ့်မယ်လို့ ၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတဖြစ်လာတဲ့ ယူကရိန်းသမ္မတက ပြောပါတယ်။ လက်ရှိမှာတော့ ယူကရိန်းလုံခြုံရေးကို အာရုံစိုက်နေပြီး ဆယ်စုနှစ်ကြာ သမ္မတဖြစ်ရေးမှာ သူ့ရဲ့ အိပ်မက်မဟုတ်ဘူးလို့ ဇီလန်စကီးက ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းမှာ စစ်အုပ်ချုပ်ရေး ကြေညာထားရပြီး…
Read Moreပြည်- ပေါက်ခေါင်းလမ်းပိုင်း တိုက်ပွဲကြောင့် ဒေသခံ တသောင်းကျော် စစ်ရှောင်နေရ
ဖေဖော်ဝါရီ ၂၄ -၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ် ၊ ပြည် – ပေါက်ခေါင်းလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် နေရပ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၀၀၀၀ ကျော်လောက်အထိရှိနေတယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစလို့ ပြည် – ပေါက်ခေါင်းလမ်းပိုင်းက အိုင်စောက်၊ သဖန်းကိုင်း၊ သစ်ရောင်းပြန်၊ ကြို့ပင်ဝိုင်း၊ရွှေကူ၊သပြေတန်း ၊ ကုန်းတန်း၊ကျောင်းကုန်း ၊ လွှစင်ကုန်း၊ ရွာမ၊ ငှက်ပျောတော၊ကွမ်းအုံစု ရွာတွေက ဒေသခံတွေဟာ နေအိမ်ကနေတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့ညပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲ ခံခဲ့ရတဲ့အပြင် အဲဒီနောက်မှာလည်း လက်နက်ကြီးပစ်ခတ်မှုတွေရှိတာကြောင့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြတာဖြစ်တယ်လို့သိရပါတယ်။ “ရွာမှာ ဘယ်သူမှကိုမရှိတော့ဘူး ။ကျွန်တော်တို့မိသားစုလည်း ပြေးလာတာ ပဲ။အိမ်မှာ ဆန်စားဖို့ဆိုပြီး ကြိတ်ခွဲထားတဲ့ဆန်သုံးအိပ်နဲ့ စပါးလေးတွေရှိတော့နှမြောနေတာ။ပြန်ယူဖို့လည်း မယူရဲဘူးဖြစ်နေတာ။ခုထိနယ်မြေက မအေးသေးဘူး။အစစ်ဆေးလည်းကြမ်းနေတုန်းပဲ။အရင်ရက်ကဗုဲးကြဲတော့ ရွာနီးချင်းစပ်ကရွာတွေအကုန်ပြေးရတာပဲ။မပြန်ရဲကြသေးဘူး။”လို့ ကြို့ပင်ဝိုင်းရွာဒေသခံကပြောပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာ ကျေးရွာတွေနဲ့…
Read More