ဆူးငှက် မန္တလေးသင်္ကြန်၌ ခြေကျင် (သို့မဟုတ်) စက်ဘီးကိုယ်စီနှင့် မြို့မနောက်တကောက်ကောက်လိုက်လိုလိုက် …။ ချစ်ပန်းနွယ်တို့ ရွှေမန်းမေတို့ရှေ့တွင် မော့လိုမော့ ….။ ဗိုလ်သခင်ဆရာတို့၊ ဒိုးဒိုးဒေါက်ဒေါက်တို့၊ ဒဿဂီရိတို့လို သံချပ်အသင်းတွေဘေးငေးလိုငေးနှင့် သင်္ကြန်မရောက်ခင် တီးလုံးတိုက်ကြကတည်းက ရင်ခုန်၊ သင်္ကြန်တွင်း ၄ ရက်လုံးမမောမပန်းလည်ပတ်၊ သင်္ကြန်ပြီးတော့ လွမ်းလွမ်း ဆွေးဆွေးနှင့် နှမြောတသပြီ၊ နောက်နှစ်သင်္ကြန်ရောက်ဖို့ ၃၆၄ ရက်ပဲလိုတော့တယ်ဟု အသစ်တစ်ဖန်ပြန်လည်မျှော်လင့်ခဲ့ကြရသော ကျွန်တော်တို့မိတ်ဆွေများသည် ၁၉၈ဝ ဝန်းကျင်မှာတော့ အသီးသီးအသက၊ အသက ၊ မန္တလေးက ခွဲခွာသွားကြရသည်။ အသက် ၂ဝ နှင့် ၃ဝ အတွင်းတွေဆိုတော့လည်း ယုံကြည်ရာ၊ တာဝန်ရှိရာ၊ ရေကြည်ရာမြက်နုရာတွေဆီ ထွက်ခွာသွားကြသည့်သဘောဖြစ်သည်။ ဤသို့ဖြင့် ၁ဝ နှစ်၊ အနှစ် ၂ဝ။ ထို့နောက် ၂၅ နှစ်…..။…
Read MoreDay: March 17, 2025
တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
မတ် ၁၇ – ၂၀၂၅ SS (VOM) ဒီတပတ်မှာလည်း ပြည်တွင်းရွှေဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ဒေါ်လာဈေးကတော့ ဆက်လက် ကျဆင်းနေပြီး ၄၄၀၀ အောက်ကို ရောက်ရှိလာပါတယ်။ အဲဒီလိုပဲ စက်သုံးဆီ ဈေးကွက်ထဲမှာလည်း ဆီအမျိုးအစားအားလုံး ဈေးဆက်ကျနေတာကို တွေ့ရပါတယ်။ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာတော့ ကုန်စိမ်းတချို့ ဈေးပြန်ကျနေပြီး တချို့ ကုန်စည်တွေကတော့ ဈေးထပ်တက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း ဒီတပတ် ပြည်တွင်းက ပြင်ပ ရွှေဈေးကွက်ထဲမှာလည်း ဈေးနှုန်းတွေက အတက်ဘက်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ မတ် ၁၄ ရက်နေ့၊ ညနေပိုင်းမှာတော့ တပတ်တာအတွင်း အမြင့်ဆုံးဈေးအဖြစ် ကျပ် ခြောက်ဆယ့်ခုနစ်သိန်းခွဲ ဝန်းကျင်ကို ရောက်ရှိခဲ့တာပါ။ “ကမ္ဘာ့ရွှေဈေးက ဒီတပတ်မှာ သမိုင်းဝင် စံချိန်တင်ဈေးတန်းကို ရောက်ခဲ့တာ။ တအောင်စ ဒေါ်လာ ၃၀၀၀ ကျော်အထိကို…
Read Moreနောင်ချိုဗုံးကျဲခံရပြီး သေဆုံးသူ ၁၄ ယောက်ထိရှိလာ
မတ် ၁၆ – ၂၀၂၅ GG (VOM) ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်မှာ ဒီနေ့မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး နောင်ချိုမြို့ရှိ ပရိယတ္တိစာသင်တိုက်ပေါ်ကို ကျရောက်ခဲ့ကြောင်း ၊ သံဃာကိုးပါးနဲ့လူ ငါးယောက် သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။ “သေဆုံး ၁၄ ယောက်မှန်ပါတယ်။ ဗုံးကျဲတာတော့ လေးကြိမ်လည်းမှန်ပါတယ် ” လို့ မြေပြင်ဒေသခံနဲ့အချိတ်ဆက်ရှိသူကပြောပါတယ်။ နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး TNLA ကလည်းသတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှုက နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ပေါ်ကို ဗုံးလေးလုံးကျဲချခဲ့ကြောင်း ၊ စက်သေန တ်တွေနဲ့လည်း ကျဲချပစ်ခတ်ခဲ့ကြောင်း ၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူအများအပြားထိခိုက်မှုရှိပြီး နေအိမ်နဲ့ ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။ ထိခိုက်မှုနောက်ဆက်တွဲအခြေအနေကို ထပ်မံဖော်ပြသွားမယ်လို့ အသိပေးထားတာတွေ့ရပြီး နစကဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။ ဇန်နဝါရီ ၂၁…
Read More