အမေရိကန် အကူအညီတွေဖြတ်တောက်မှု လူသားချင်းစာနာမှုအခြေအနေ ပိုဆိုးလာပြီး ရခိုင်မှာ အငတ်ဘေးကြုံနိုင်ကြောင်း သတိပေး

ဂျီနီဗာ၊ မတ်-၁၈-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဖြတ်တောက်မှုဟာ အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်ခြေနဲ့အတူ မြန်မာပြည်သူတွေအတွက် ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိလာနေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးက သတိပေးလိုက်ပါတယ်။ ပဋိပက္ခတွေ တိုးပွားလာတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေကို ထောက်ပံ့တဲ့ အစားသောက်၊ ဆေးဝါးနဲ့ ကျန်းမာရေး အစီအစဉ်တွေကို ဖြတ်တောက်လိုက်တာဟာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့ မစ္စတာသောမတ်စ်အန်ဒရူးက ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီလိုကူညီထောက်ပံ့မှုတွေကို အမေရိကန်က ရုတ်တရက်ဖြတ်တောက်လိုက်လို့ မြန်မာပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိနေပြီလို့ သူကဆိုပါတယ်။ ဇန်နဝါရီလမှာ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီမှု ရှိမရှိပြန်လည်သုံးသပ်ဖို့ နိုင်ငံခြားအကူအညီပေးမှုအားလုံးကို ရပ် ၉၀ ဆိုင်းငံ့မိန့်ထုတ်ခဲ့ပါတယ်။ မကြာသေးမီကလည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က မြန်မာပြည်သူများအတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်လိုက်တာကလည်း လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေပြီး နိုင်ငံအနောက်ပိုင်း…

Read More

နေပြည်တော်အဝင်မှာ လက်နက်ခဲယမ်းနဲ့ ကျည်အများအပြား ဖမ်းဆီးရမိ

မတ် ၁၈၊ ၂၀၂၅ ZY(VOM) နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်။ ကင်းသာကျေးရွာရှိ နစကရဲ့ စစ်ဆေးရေးဂိတ်မှာ မနေ့ မတ်လ ၁၇ရက်က လက်နက်ခဲယမ်းနဲ့ ကျည်မျိုးစုံ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ကနေ တပ်ကုန်းမြို့ကို ဆင်းလာတဲ့ ကုန်တင်ကားတစီးကို ကင်းသာဂိတ်မှာ စစ်ဆေးရာ နနွင်းအိတ်တွေထဲမှာ သိုဝှက်သယ်ဆောင်လာတဲ့ သေနတ် (၁၆) လက်၊ ကျည်ဆံမျိုးစုံ ထောင်နဲ့ချီ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သတင်းရလို့ စစ်ဆေးရာကနေ မိတာ။ ဘယ်လိုသယ်ဆောင်လာတာ၊ ဘယ်ကိုပို့မယ်ဆိုတာတော့ စစ်ဆေးနေတုန်းပဲ။ နေပြည်တော်မှာ လက်နက်မိတာတော့ တော်တော်ရှားတဲ့ ဖြစ်စဉ်လို့ ပြောရမယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ယာဉ်မောင်း နှစ်ယောက်ကို အသေးစိတ်စစ်ဆေးနေသလို ဆက်စပ်ပါတ်သက်သူတွေကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေပြီး သက်ဆိုင်ရာဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Photo:CJ #Voiceofmyanmar #VOM…

Read More

စာချုပ်ပြီးသား အလုပ်သမားတွေကို စေလွှတ်ပြီးမှ ပြည်ပအလုပ်ခေါ်စာအသစ်တွေ လက်ခံမယ်

မတ် ၁၈ – ၂၀၂၅ SS (VOM) ပြည်ပ အလုပ်အကိုင်အတွက် စာချုပ် ချုပ်ဆိုထားပြီးဖြစ်တဲ့ အလုပ်သမားတွေကို စေလွှတ်ပြီးမှသာ အလုပ်ခေါ်စာအသစ် (Demand Letter) တင်ပြတာကို ခွင့်ပြုသွားမှာဖြစ်ကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MOEAA) က အကြောင်းကြားလာတယ်လို့ အေဂျင်စီတွေက ပြောပါတယ်။ မနေ့ မတ် ၁၇ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ ပေးပို့ခဲ့တာလို့ သိရပြီး သက်ဆိုင်ရာနိုင်ငံအလိုက် စေလွှတ်ဖို့ကျန်တဲ့ အလုပ်သမားတွေကို စေလွှတ်ပြီးပါက သက်ဆိုင်ရာနိုင်ငံအလိုက် Demand Letter အသစ် တင်နိုင်ပြီဖြစ်ကာ တင်ခွင့်ပေးမယ့် အရေအတွက်ကို ဌာနက သတ်မှတ်ပြီး အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “သူက Demand Letter အသစ် ပြန်တင်ခွင့် ရရင်လည်း အကန့်အသတ်နဲ့ ဖြစ်သွားပြီ။ အလုပ်သမား ညွန်ကြားရေးဦးစီးဌာနဆီ…

Read More

ဖလမ်းမြို့တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေ

မတ် ၁၈ – ၂၀၂၅SN (VOM)ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နစကတပ်နဲ့ ချင်းညီနောင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖလမ်းမြို့က နောက်ဆုံး ကျန်ရှိနေတဲ့ နစကရဲ့ ခြေလျင်တပ်ရင်း (ခလရ – ၂၆၈) တပ်ကုန်းကို ချင်းညီနောင် ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ မတ် ၁၂ ရက်နေ့က စတင်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။“တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ။ နှစ်ဖက်စလုံးလည်း အထိအခိုက်များနေတယ်။ အခုက ဖလမ်းမှာ ခလရ – ၂၆၈ တပ်ရင်းတရင်းပဲ ကျန်တော့တာ။ ဒါကို ပေးလိုက်ရရင် ချင်းညီနောင်တွေက ဖလမ်းကိုရသွားပြီ။ ဖလမ်းမြို့ ကျသွားရင် ကျန်နေသေးတဲ့ ဟားခါးဗျူဟာကိုပါ ချင်းညီနောင်က ဆက်ပြီး ထိုးစစ်ဆင်လာနိုင်တယ်။ အဲဒါကြောင့် နစကတပ်က…

Read More

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရန့်နဲ့ ပူတင် ယခုသီတင်းပတ်မှာ ဆွေးနွေးဖို့ရှိ

ဝါရှင်တန်၊ မတ်-၁၇-၂၀၂၅ ရတီ(VOM) ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ယခုသီတင်းပတ်အတွင်းမှာ ဆွေးနွေးနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝှစ်အော့ဖ်ဟာ ပြီးခဲ့တဲ့ ကြသပတေးနေ့မှာ ရုရှားသမ္မတ ပူတင်နဲ့မော်စကိုမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတနှစ်ယောက်ရဲ့ ဆွေးနွေးမှုကတော့ ယခုသီတင်းပတ်အတွင်း ဖြစ်နိုင်ကြောင်း သူက CNN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ သမ္မတပူတင်နဲ့ ဆွေးနွေးမှုဟာ သုံးနာရီကနေ လေးနာရီထိ ကြာမြင့်ပြီး အပြုသဘောဆောင်တယ်လို့ စတိဗ်ဝှစ်အော့ဖ်က ပြောပါတယ်။ သမ္မတနှစ်ယောက်ရဲ့ ဆွေးနွေးမှုကလည်း ကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။ ဒီအတောအတွင်း ယူကရိန်းတပ်တွေဟာ ရုရှားကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ပြီး မကြာခင်မှာ သိမ်းပိုက်ခဲ့တဲ့ ရုရှားအနောက်ပိုင်း ကာ့စ်ဒေသ Sudzha မြို့ကနေ ဆုတ်ခွာခဲ့ပြီး မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကလည်း ဆိုထားပါတယ်။…

Read More

ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို မန္တလေးမှာ စည်ကားသိုက်မြိုက်စွာကျင်းပမယ်

မန္တလေး၊ မတ်- ၁၇ – ၂၀၂၅ SA(VOM) ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မြန်မာရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် တရား ဝင်သတ်မှတ်ခံရပြီးနောက် ဒီနှစ်အတာသင်္ကြန်ပွဲတော်ကို အရင်ကထက် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့အတွက် စီစဥ်ထားသလို မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် ဗဟိုဆုပေးမဏ္ဍပ်ကြီးကိုလည်း ဆောက်လုပ်နေပြီဖြစ်ပါတယ်။ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်နိုင်ဖို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကော်မတီ ကို ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ပေးပို့တင်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက တင်သွင်းထားတဲ့ အဆိုပြုစာကို ပါရာဂွေးနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကစပြီး ၇ ရက်နေ့အထိကျင်းပခဲ့တဲ့ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံမှာ မြန်မာရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှု…

Read More

မိုးကုတ်မှာ အကောက်အခွန်တွေကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေ

မတ် ၁၇၊ ၂၀၂၅ Shy V(VOM) TNLA သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့မှာ အကောက်အခွန် တွေကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အခွန်ဆောင်ရတယ်။ လမ်းဘေး ကွမ်းယာဆိုင်တွေရော ဟင်သီးဟင်းရွက် ကုန်စိမ်း ရောင်းတဲ့ သူတွေပါ အကုန်လုံး ဆောင်ရပါတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လမ်းဘေး ကွမ်းယာဆိုင်တောင်မှာ တနှစ်စာ အခွန် တသိန်းခွဲ ဆောင်ရတယ်လို့ သူက ပြောပါတယ်။ အခွန်မဆောင်ရင် ဈေးရောင်းခွင့် မပြုတဲ့ အပြင် အခွန် လာကောက်တာ မပေးရင် အချုပ်ထဲမှာ ထည့်မယ် ဆိုပြီး ဖိအားပေး ခြိမ်းခြောက်တယ် လို့ သူက ပြောပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေက ဆိုင်ရာ ပိုင်ရာ ပေါင်းပြီး…

Read More

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ နွေရာသီ ကျောင်းပိတ်ရက်မှာ ရက်၂၀ ကျောင်းပြန်တက်ရမယ်

မတ် ၁၇ – ၂၀၂၅ SN (VOM) ၂၀၂၄-၂၅ ပညာသင်နှစ်မှာ စာမေးပွဲ ဖြေဆိုပြီးစီးထားတဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေ အခုနွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းပြန်တက်ရမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။ ကျောင်းတက်ရမယ့်ရက်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး ဧပြီလမှာ ၁၅ ရက်၊ မေလမှာ ငါးရက်၊ စုစုပေါင်း ရက် ၂၀ တိတိ ကျောင်းပြန်တက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုလို ကျောင်းပြန်တက်ရမှာက တနိုင်ငံလုံးကို ရည်ညွှန်းပါတယ်။ လုပ်လို့ရမယ့်နေရာ၊ လုံခြုံမှုရှိတဲ့ နေရာတိုင်းမှာ ဆောင်ရွက်ခိုင်းပါတယ်။ စမယ့်ရက်က ဧပြီလ ၁ ရက်နေ့စမယ်။ သင်္ကြန်ရက်တွေတော့ ရှောင်ရမှာပေါ့။ အဲဒီမှာ ၁၅ ရက် ရအောင်တော့ သက်ဆိုင်ရာကျောင်းတွေက သူ့နည်းသူ့ဟန်နဲ့…

Read More

ယခုနှစ်သင်္ကြန် မြို့ကြီးတွေမှာသာ စည်ကားနိုင်

မတ် ၁၇ – ၂ဝ၂၅ KKO(VOM) ကြိုတင်ပြင်ဆင်မှုတွေ စနေပြီဖြစ်တဲ့ ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု ယူနက်စကိုစာရင်းဝင် မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ယခုနှစ်မှာလည်းမြို့ကြီးတွေမှာစည်စည်ကားကားပြုလုပ်ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ ယခုနှစ်အတာသင်္ကြန်ဟာ ရန်ကုန်မြို့တော် အပါအဝင် နေပြည်တော်၊မန္တလေးမြို့တို့လို မြို့ကြီးတွေမှာသာ ပိုမိုစည်ကားနိုင်သလို ယခုမတ်လ အလယ်ပိုင်းကစလို့ ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ မြို့တော်ဝန် သင်္ကြန်ရေကစားမဏ္ဍပ်စတင်ဆောက်လုပ်နေတာကိုလည်းတွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကတော့ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်အတွင်းမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို ယူနက်စကိုက ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီးနောက် ယခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ “မြို့နယ်တိုင်းကတော့ နှစ်တိုင်းသင်္ကြန်မဏ္ဍပ်ဆောက်ကြပါတယ်။ဒီနှစ်လည်း မြို့နယ်မဏ္ဍပ်ဆောက်ဖို့ ရှိပါတယ်။မဏ္ဍပ်ဆောက်မယ်လို့ပြောတယ်။သင်္ကြန်ဆိုတာကအား လုံးပျော်ကြမှာပဲလေ၊အားလုံးက အပူသောကတွေနဲ့ပဲလေ၊ဒီသင်္ကြန်အချိန်လေးပဲပျော်ရတာဆိုတော့ ဒီရက်လေးတွေကို ပျော်ခွင့်ပြုလိုက် ပါကိုငြိမ်းမောင်လို့ပဲ ပြောချင်ပါတယ်”လို့ ရန်ကုန်တိုင်းအတွင်းက အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။…

Read More

အမြန်လမ်းက ရွှေပုလ္လင်ဆိုင်မှာ ဘုရားစေတီပုံတွေ တခါသုံးခွက်မှာ ရိုက်နှိပ်အသုံးပြုနေလို့ သက်ဆိုင်ရာကစစ်ဆေးသိမ်းဆည်း

မတ်၁၇၊၂၀၂၅ Ms(VOM) အမြန်လမ်း၊ ၃၉ မိုင် ယာဉ်ရပ်နားစခန်းရှိရွှေပလ္လင်စားသောက်ဆိုင်မှာ ဘုရားစေတီပုံများ ရိုက်နှိပ်ထားသော တခါသုံးခွက်များကိုအသုံးပြုနေ ကြောင်းတွေ့ရလို့သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ရဲတပ်ဖွဲ့က စစ်ဆေးသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါရွှေပလ္လင်စားသောက်ဆိုင်တွင် ကော်ဖီနဲ့လက်ဖက်ရည်များထည့်ကာ ရောင်းချနေတဲ့ တခါသုံးခွက်တွေမှာ ဘုရားစေတီပုံနဲ့ မြို့တော်ခန်းမ၊ကရဝိတ် စတဲ့ ပုံတွေထည့်သွင်းရိုက်နှိပ်ထားကြောင်း သတင်းအရ နယ်မြေခံအထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနဲ့ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ထပ်မံပြီးအသုံမပြုရသေးတဲ့ စေတီပုံပါတခါသုံးခွက်တွေကိုလည်းသိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။ ” လူမှုကွန်ယက်မှာ ဝေဖန်မှုတွေများလာလို့ပြီးခဲ့တဲ့မတ်လ၁၆ရက်ညပိုင်းက ဘုရာကြီးအပိုင်းက ထွေအုပ်အဖွဲ့တွေနဲ့ရဲတပ်ဖွဲ့တွေ စစ်ဆေးတော့ အဲ့ဒီ့ဘုရားစေတီပုံပါ တခါသုံးခွက်တွေ အသုံးမပြုရသေးတာ၂၅ခွက်တွေ့လို့သိမ်းသွားတယ်လို့ပြောတယ်။တခြားအရေးယူမှုဘယ်လိုရှိလဲတော့မသိသေးဘူး။ ဝေဖန်သူတွေကတော့ သာသနာရေးကို ထိခိုက်အောင်လုပ်တယ်ပြောသူနဲ့ ၊ မြန်မာပြည်ရဲ့အထင်ကရနေရာတွေကို အမှတ်တံဆိပ်တစ်ခုအဖြစ်ဖော်ထုတ်ပြသရာရောက်တယ်လို့ အကောင်းဘက်ကရော၊အဆိုးဘက်ကပါ ဝေဖန်နေကြတာလို့ ဘုရာကြီးမြို့ မှာနေထိုင်တဲ့ဒေသခံတယောက်ကပြောပါတယ်။ တခါသုံးခွက်တွေမှာ ဘုရားစေတီပုံထည့်သွင်းရိုက်နှိပ်တာနဲ့ပတ်သက်ပြီး ၃၉မိုင်က ရွှေပုလ္လင်စားသောက်ဆိုင်က အသုံးမပြုရသေးတဲ့စေတီပုံပါခွက်တွေကိုသိမ်းဆည်းတာသာသိရပြီး ယင်းခွက်တွေကိုထုတ်လုပ်သူအားအရေးယူခြင်းရှိမရှိကိုတော့မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း မတ်လ၁၆ရက်နေ့က လည်း အွန်လိုင်းsale ရောင်းချရာမှာ သီလရှင်ဝတ်စုံ ဝတ်ကာမရည်ရွယ်ပဲဈေးရောင်းခဲ့မိလို့…

Read More
VOM News

FREE
VIEW