ရခိုင်စစ်ရှောင်တွေကို ဘင်္ဂလားဒေ့ရှ်မှတဆင့် အကူအညီတွေပေးပို့နိုင်ရေး ကုလတောင်းဆိုချက် မူအားဖြင့် သဘောတူထား

ဒါကာ၊ ဧပြီ-၂၈-၂၀၂၅
မျိုးဆက်(VOM)
မြန်မာနိုင်ငံက စစ်ဘေးသင့်သူတွေအတွက် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ လူသားချင်းစာနာထောက်ထားမှု စင်္ကြံထူထောင်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
“ ကုလသမဂ္ဂဟာ ရခိုင်ပြည်နယ်ထဲကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး လူသားချင်းစာနာမှုစင်္ကြံ ဖန်တီးဖို့ဆန္ဒရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် အသွင်းကူးပြောင်းရေး အစိုးရကလည်း အခြေအနေအရ ဒါကို မူအားဖြင့် သဘောတူတယ် ” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး မိုဟာမက်တူဟစ်ဟူစိန်က ဒါကာမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ အခြေအနေတချို့ရှိနေပြီး ဒီကိစ္စတွေ အဆင်ပြေမယ်ဆိုရင် ကုလမဂ္ဂရဲ့ ဆန္ဒအတိုင်း သေချာပေါက် ကူညီမယ်လို့ သူကဆိုပါတယ်။
မြန်မာနိုင်ငံက ထွက်ပြေးလာသူအများအပြားကို ပြန်ပို့ရမှာတွေကြောင့် ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားနဲ့လည်း ဆက်စပ်နေတယ်လို့ နို်ငငံခြားရေး အကြံပေးက ဆိုပါတယ်။ လက်ရှိမှာတော့ ကော့ဘဇားဒေသမှာ ရိုဟင်ဂျာ ၁ ဒဿမ ၃ သန်းခိုလှုံနေကြပါတယ်။
ရခိုင်ပြည်နယ်မှာ AA အဖွဲ့ကို ပိတ်ဆို့ဖို့အတွက် မြန်မာအာဏာပို်ငတွေဟာ ရခိုင်ပြည်နယ်အတွင်းကို ထောက်ပံ့ရေးပစ္စည်းတွေ ပိတ်ပင်ထားတာကြောင့် ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ ပိုမိုဆိုးရွားလာပါတယ်။
ဒီအခြေအနေကြောင့် ပြည်နယ်တွင်း ဒေသခံတွေ စားနပ်ရိက္ခာအကျပ်အတည်းအပေါ် စိုးရိမ်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး စင်္ကြံတခုဖန်တီးရေးကို ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂက တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Ref:Anadolu
Photo: Anadolu
Zaw Myint

ဘဂ်လားသဘေားတူရင်ဘဂ်လားပိုင်နက်မှာလုပ်ပေါ့၂နိုင်ငံနယ်စက်နဲ့မြန်ပိုင်နက်မှာလာမလုပ်နဲ့
နစကလဲလက်မခံနဲ့aaနဲ့ဘဂ်လားအကွတ်ထဲဝင်သွားမယ်နော်စစ်ရှောင်ဆိုပီးစစ်စခန်းလုပ်နေရင်မွေကိုတ်ပီပဲ
  • Reply
  • Send message
  • Hide

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Facebook

Publish

Related posts

Leave a Comment

VOM News

FREE
VIEW