ဒါကာ၊ ဧပြီ-၂၈-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံက စစ်ဘေးသင့်သူတွေအတွက် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်မှာ လူသားချင်းစာနာထောက်ထားမှု စင်္ကြံထူထောင်ဖို့ ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ “ ကုလသမဂ္ဂဟာ ရခိုင်ပြည်နယ်ထဲကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး လူသားချင်းစာနာမှုစင်္ကြံ ဖန်တီးဖို့ဆန္ဒရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ် အသွင်းကူးပြောင်းရေး အစိုးရကလည်း အခြေအနေအရ ဒါကို မူအားဖြင့် သဘောတူတယ် ” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး မိုဟာမက်တူဟစ်ဟူစိန်က ဒါကာမှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတစ်ခုဖြစ်လာမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ အခြေအနေတချို့ရှိနေပြီး ဒီကိစ္စတွေ အဆင်ပြေမယ်ဆိုရင် ကုလမဂ္ဂရဲ့ ဆန္ဒအတိုင်း သေချာပေါက် ကူညီမယ်လို့ သူကဆိုပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးလာသူအများအပြားကို ပြန်ပို့ရမှာတွေကြောင့် ဒါဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားနဲ့လည်း ဆက်စပ်နေတယ်လို့ နို်ငငံခြားရေး…
Read MoreDay: April 28, 2025
ရှမ်းတောင်ပိုင်း နေရာအချို့မှာ မိုးသက်လေပြင်းနဲ့ မိုးသီးကြွေကျမှုကြောင့် နေအိမ်၊ သီးနှံစိုက်ခင်းတွေ ပျက်စီး
ဧပြီ ၂၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်တောင်ပိုင်း တချို့နေရာမှာ ဧပြီလ ၂၇ ရက်နေ့က မိုးကြီး လေပြင်း မိုးသီးကြွေ တာတွေကြောင့် နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးမှုတွေရှိကြောင်း ဒေသခံတွေနဲ့ မီးသတ်ဦးစီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ “ကလော မြင်းရွာမှာလည်း မိုးသီးကျတယ်။ ကလောဘက် မိုးသီးကျလို့ အသီးနှံပင်တွေ အကုန်ပျက်ပြီ။ ရင်းနှီး စိုက်ပျိုးထားရတာမို့ နှမျော စရာပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း နေရာကွက်ကြား မိုးရွာပြီး လေကြမ်းတဲ့အပြင် တချို့နေရာတွေမှာ မိုးသီးပါ ကြွေကျ သေးတာလို့ ဆိုပါတယ်။ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ငုံသုံကျေးရွာအုပ်စု၊ ပေါတုတ်ကျေးရွာမှာ ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး…
Read Moreရုရှားကို ကူညီဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား ပထမဆုံးအကြိမ် အတည်ပြု
ပြုံးယမ်း၊ ဧပြီ ၂၈-၂၀၂၅ ရတီ(VOM) ယူကရိန်းကိုတိုက်ခိုက်ဖို့ ရုရှားကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အတည်ပြုပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားစစ်သားတွေဟာ ရုရှား ကာ့စ်နယ်စပ်ဒေသကို လုံး၀လွတ်မြောက်အောင် ကူညီပေးခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ကိုးကားပြီး နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယားစစ်သားတွေရဲ့ သူရဲကောင်းဆန်မှုကို ရုရှားစစ်ဦးစီးချုပ် ဗယ်လရီဂါရာဆင်မော့ဗ်က ချီးကျုးပြီးနောက် ရက်ပိုင်းအကြာမှာ မြောက်ကိုရီးယားရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာဖြစ်ပြီး ဒါဟာ စစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် လူသိရှင်ကြား အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ရုရှားကို စေလွှတ်လိုက်တဲ့ စစ်သား ၁၁၀၀၀ အနက် သုံးလအတွင်း တထောင်ကျော်သေဆုံးခဲ့တယ်လို့ အနောက်တိုင်းထောက်လှမ်းရေးတွေက ဆိုပါတယ်။ ရုရှားဟာ နိုင်ငံအနောက်ပိုင်း ကာ့စ်ဒေသကို အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရုရှားက အခိုင်အမာဆိုပါတယ်။ အမေရိကန်ကတော့ ယူကရိန်စစ်ပွဲ သက်ဆိုးရှည်နေဖို့…
Read Moreတမူးမြို့နယ်မှာ စစ်ရေးပြင်ဆင်ထားပြီးလမ်းကြောင်းအားလုံး ပိတ်ဆို့ထား
ဧ ပြီ ၂၈၊၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်း တမူးခရိုင် တမူးမြို့နယ်မှာ ၂ဘက်လက်နက်ကိုင်တွေက စစ်ရေးပြင်ဆင်ထားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ဆို့ခံထားရပြီး တမူးဒေသခံ အများစုဟာ စား၀တ်နေရေးတွေ ခက်ခဲလာတယ်လို့ တမူးစော်ဘွားရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ် ။ ” တမူးနယ်စပ်မှာ အဖွဲ့အစည်းစုံတယ် အခုရက်ပိုင်းမှာ ၊တမူးမြို့ကိုဆက်သွယ် သွားလာလို့ရတဲ့ လမ်းကြောင်းအားလုံး ပိတ်ဆို့ခံထားရတယ် တမူးကလေးလမ်းပိုင်းက ၊ခါမ်းပါတ် ကနန် ကမ္မကြီး ၊ထင်းစင်၊၀ိတုတ် ဖိုင်လင်း ၊နမ့်မွန်းတား ခုံမွန်းနွံ ၊ပန်းသာ မန်းမော် ၊ ထန်းတပင် အင်တိုင်း စတဲ့ ၊ကျေးရွာတွေဘက်မှာစစ်ရေးပြင်ဆင်တာတွေ လုပ်လာတယ် နောက်ပြီး တမူးမြို့နယ်ကို တချိန်က ကွင်းလမ်းတွေရှိတယ် အဲ့ဒီ ကွင်းလမ်းတွေ ပိတ်ဆို့ထားတယ် ၊အိန္ဒိယနယ်စပ်မှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ပိတ်ဆို့ထားတယ် အခု ကွင်းလမ်း ၊မရှိတော့ဘူး ၊အဲဒါ့ကြောင့် တမူးနယ်မှာ…
Read Moreတောင်ကြီးမှာ လိုင်စင်မဲ့ကား မှန်သမျှ ဖမ်းဆီးနေ
ဧပြီ ၂၈၊ ၂၀၂၅Shy V (VOM )ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမှာ ဒီရက်ပိုင်း လိုင်စင်မဲ့ ကား မှန်သမျှ ဖမ်းဆီးနေကြောင်း ခရီးသွားတွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “လိုင်စင်မဲ့ ကားဖမ်းတာ အမှန်ပါ။ ဧပြီ၂၇ ရက်နေ့ လားရှိုးကနေ ကျမ စီးလာတဲ့ အိမ်စီးကား အာရာဖတ်ကား အေးသာယာမှာ ဖမ်းခံရလို့ ကားချိန်းစီးခဲ့ရပါတယ်” လို့ ခရီးသည် တယောက်က ပြောပါတယ်။ လားရှိုး စစ်ရှောင်တွေ နေရပ်ပြန်ဖို့တောင် လိုင်စင်မဲ့ကားတွေ ဖမ်းနေတာကြောင့် မပြန်ရတာ ပိုဆိုးတယ်၊ ခုတလော ခြေအနေ ကြည့်ပြီးသွားသင့်တယ်လို့ သူက ပြောပါတယ်။ “အခုတလော တောင်ကြီးဘက် ကြပ်နေတယ်။ လိုင်စင်မဲ့ ကားတွေဖမ်းတယ်။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ အစိုးရ ဝန်ထမ်းကားတွေ အပါအဝင် လိုင်စင်မဲ့ကား မှန်သမျှအကုန်ဖမ်းပါတယ်လို့ ဆိုပါတယ်။…
Read Moreကာမိုင်း အနီး တိုက်ပွဲ ထပ်မံ ဖြစ်ပွား
ဧပြီ ၂၊၈၊ ၂၀၂၅ Shy V VOM ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့အနီး ဒီနေ့ ဧပြီလ ၂၇ ကက်နေ့ မနက် ၇ နာရီကျော်ခန့်ကစ နစက တပ်ဖွဲ့ နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကားမိုင်း အထွက် မအူပင်နဲ့ နန့်ယား ကြား ကျောက်ထု မှာ တိုက်ပွဲ ပြင်းထန် နေတာ။ အခြေနေမကောင်းတော့ဘူး။ ဖားကန့်လမ်း တိုက်ပွဲပြင်းထန်နေပြီ။ ဒေသခံ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရပြီ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ နစက တပ်ဖွဲ့ ဘက်က အင်အား ရာချီနဲ့ စစ်ကြောင်း ထိုးလာတာမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်လာပြီး…
Read Moreနိုင်ငံကူးလက်မှတ် အွန်လိုင်းစနစ်လျှောက်ထားတာ ယာယီရပ်နားထားမှု မေ ၁ ရက်မှာပြန်ဖွင့်မယ်
ဧပြီ၂၈၊၂၀၂၅ Ms (VOM) နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ Online Appointment System နဲ့ ဘွတ် ကင်တင်ဖို့ QR Code ရယူတာကို ငလျင်လှုပ်ခတ်မှုကြောင့် ယာယီရပ်နားထားရာ လာမယ့် မေလ၁ရက်မှာ ပြန်လည်ဖွင့်ပေးတော့မယ်လို့သိရပါတယ်။ ငလျင်ဘေးဒဏ်ကြောင့်ဆက်သွယ်ရေး တာဝါတိုင်တွေ ပျက်ဆီးခဲ့တဲ့ အတွက် Online Appointment Systemနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ထားတာ တစ်လနီးပါးကြာမြင့်ခဲ့ပြီးpassport ရုံးရဲ့ QR တင်တဲ့စနစ်ကို ယာယီရပ်ဆိုင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်၊မြစ်ကြီးနားနဲ့ လားရှိးရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တွေ မှာ နိုင်ငံကူး လက်မှတ်ဆောင်ရွက်ဖို Online Appointment Date ရရှိ ထားသူတွေ ဆောလျင်စွာ ဆောင်ရွက် နိုင်ဖို့ Appointment Date တွေ ပြင်ဆင်ထားတဲ့ အတွက် ပြန်လည်စိစစ်ဖိုကိုလည်း အသိပေးထားပါတယ်။ ပြောင်းလဲ ပြင်ဆင်ထားတဲ့ရက်တွေမှာ သက်ဆိုင်ရာရုံးတွေ…
Read Moreလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး ယနေ့အထိပြန်မစနိုင်သေး
ဧပြီ ၂၇ – ၂ဝ၂၅ KKO(VOM) လက်နက်ကိုင်အဖွဲ့အသီးသီးက လမ်းတွေကို ပိတ်ထားလို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ယနေ့အထိပြန်မစနိုင်သေးဘူးလို့ ကလေး – တမူး – မိုးရေးဒေသဘက်တွေမှာနေထိုင်လုပ်ကိုင်ကြတဲ့ နယ်စပ်ကုန်သည်တွေက VOM ကို ပြောပါတယ်။ ဒါအပြင် လက်ရှိအချိန်အထိလည်း အိန္ဒိယ – မြန်မာနိုင်ငံဘက်ကို ဆက်သွယ်ပေးထားတဲ့နယ်စပ်ဂိတ်ကိုလည်း ဒီကနေ့အထိ ပြန်မဖွင့်ပေးသေးတဲ့အတွက် နှစ်နိုင်ငံလုံးမှာရှိတဲ့ ကုန်သည်တွေအတွက် စီးပွားရေးဆိုင်ရာအခက်အခဲများစွာကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ “အဓိကက လမ်းပန်းဆက်သွယ်ရေးကြောင့်ပါပဲ။လမ်းတွေက ဒီနေ့အထိပိတ်နေတယ်။ကလေး-တမူးဘက်တွေက သွားလို့လာလို့ မလွယ်ဘူးပေါ့။လက်နက်ကိုင်အဖွဲ့အသီးသီးက လမ်းတွေကိုဆင့်ကာ ဆင့်ကာ ပိတ်ထားတော့ သွားဖို့က ဘယ်လိုမှမလွယ်ဘူးလေ။ ရတဲ့လမ်းကသွားလည်းပိတ်တာပဲဆိုတော့ဒီဘက်ကနယ်စပ်ဂိတ်တွေပြန်ဖွင့်ရင်တောင် အောက်ပြည်အောက်ပိုင်းတွေကို ကုန်တွေပို့ဖို့ဆိုတာကမလွယ်ဘူးလို့ထင်တယ်။ နယ်စပ်ကုန်သွယ်ရေးတွေမကောင်းတာတော့ အတော်ကြာပြီ၊နိုင်ငံရေးတွေစဖြစ်ထဲကပါပဲ။အခုဆို ၂ဝ၂၁ ထဲကဆို လေးနှစ်ကျော်လောက်ဖြစ်နေပြီ။ ကုန်သည်တွေအကုန်လုံးက ငုတ်တုပ်ပဲ။ အိန္ဒိယဘက်ကလည်း သူတို့ဘက်တွေမှာ အခုကာလအခြေအနေသိပ်မကောင်းတော့ နယ်စပ်ဘက်တွေကအဝင်၊အထွက်တွေတင်းကြပ်ထားတာတွေလည်းရှိပါတယ်။ပြောရရင်အလုပ်တွေမရှိ၊မကောင်းတော့ကြာရင်လည်း…
Read Moreမြန်မာ့သရက်သီးအစိုနဲ့အခြောက် ရုရှားကဝယ်မယ်
ဧပြီ ၂၈၊ ၂၀၂၅ Ms(VOM) မြန်မာနိုင်ငံက ထွက်ရှိတဲ့သရက်သီးခြောက်နဲ့ လတ်ဆက်သရက်သီး(အစို)တွေကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူလိုကြောင်းစီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကိုဆက်သွယ်ကမ်းလှမ်းထား ကြောင်းသိရပါတယ်။ ရုရှားနိုင်ငံအနေနဲ့ မြန်မာက သရက်သီးတွေကိုပထမဆုံး အနေနဲ့ ကနဦးဝယ်ယူတော့မှာ ဖြစ်ပြီး သရက်သီးရောင်းချသူတွေနဲ့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ဖို့ သက်ဆိုင်ရာ ဌာနကတဆင့် ဆက်သွယ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာ ပြည်တွင်းမှ သရက်သီးတင်ပို့ရောင်းချလိုတဲ့ လုပ်ငန်း/ကုမ္ပဏီတွေအနေနဲ့ ဆက်သွယ်ရမယ့် လိပ်စာအပြည့်အစုံကို ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံ ပေးပိုရမှာ ဖြစ်ပြီး၊ ဆက်သွယ်နိုင်မယ့် ပုဂ္ဂိုလ်၊ အီးမေးလ်၊ ဖုန်းနံပါတ်တို့ကို ဧပြီ ၂၅ ရက်နေ့အရောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံ ပေးပို့ဖို့ အသိပေးထားတာလည်းဖြစ်ပါတယ်။ ” ရုရှားကဝယ်မယ်ဆိုတာ မြန်မာ့သရက်သီးဈေးကွက်နဲ့နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းကိုလည်းစာပို့ထားတယ်။ သရက်ခြံလုပ်ငန်းရှင်တွေအနေနဲ့ကတော့ အဲ့ဒီ့ကဝယ်တာတော့ဟုတ်ပေမယ့် ဘယ်လိုတင်ပို့ရမယ်ဆိုတာနဲ့ ပို့တဲ့အခါတွက်ခြေကိုက်မှုရှိမရှိ ဆိုတာတွေကိုတော့သေချာသိခြင်ကြတယ်။ သီးနှံတွေကိုပြည်ပပို့တဲ့နေရာမှာ ရာသီဥတု အခြေအနေနဲ့ လမ်းခရီးအခြေအနေ ကြောင့်ကုန်တွေ ပျက်စီးလို့တဖက်ကမယူတော့တာတွေကို အိမ်နီးချင်းဖြစ်တဲ့…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဧပြီ ၂၈ – ၂၀၂၅ SS (VOM) ဒီတပတ်မှာလည်း ကမ္ဘာ့ရွှေဈေး စံချိန်တင် အတက်ကြမ်းမှုနဲ့အတူ ပြည်တွင်း ရွှေဈေးနှုန်းတွေ လိုက်ပါ မြင့်တက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဈေးကတော့ အကျဘက်မှာ ဈေးငြိမ်နေပါတယ်။ စက်သုံးဆီ ဈေးကွက်ထဲမှာတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးပြန်တက်လာတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ အခြေခံ စားသောက်ကုန် ဈေးကွက်ထဲမှာလည်း ကုန်စည်အများစု ဈေးတက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း အခုတပတ်ထဲမှာလည်း ကမ္ဘာ့ရွှေဈေး ထပ်မံ စံချိန်တင် အတက်ကြမ်းခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာ့ရွှေ မြင့်တက်မှုနဲ့အတူ ပြည်တွင်းက ပြင်ပ ရွှေဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်ခဲ့တာပါ။ တပတ်တာအတွင်း အမြင့်ဆုံး ဈေးတန်းအဖြစ် ဧပြီ ၂၃ ရက်နေ့မှာ ပြည်တွင်း အခေါက်ရွှေဈေးဟာ တကျပ်သား ၇၅ သိန်းခွဲဝန်းကျင်ကို ရောက်ရှိခဲ့ပါတယ်။ ဧပြီ ၂၄ ရက်နေ့မှာတော့ ခုနစ်ဆယ့်လေးသိန်း…
Read More