မေ ၂၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမှာ ဒီနေ့ မေလ ၂ ရက်နေ့ကစ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး ပြန်ဖွင့်မှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီနေ့ ဆေးရုံ ဖွင့်ဖွဲ လို့မယ်လို့ သိရတယ်။ ဆေးရုံ သန့်ရှင်းရေး လုပ်နေကြတယ်။ ရှုပ်ပွထေအာင် လုပ်သွားကြတယ်။ သန့်ရှင်းရေး လုပ်နေကြတယ်။ ဆေးရုံအတွင်းဘက်ရော သန့်ရှင်း ရေး လုပ်နေကြတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ယမန်နေ့ မေလ ၁ ရက်နေ့ကစ လားရှိုးက ဌာနဆိုင်ရာရုံးတွေ စဖွင့်တာလို့ သိရတယ်လို့ သူက ပြောပါတယ်။
“ဆေးရုံကတော့ ဖွင့်ပေမယ့် ကောင်းကောင်းလည်ပတ်နိုင်ဖို့ မလွယ်ဘူး ထင်တယ်။ တံခါးတွေကတော့ ဧပြီလ ၃၀ ရက်နေ့ ကတည်းက ဖွင့်ထားတယ်။ ဘာမှ မကျန် MNDAA ဆုတ်တော့အကုန် သယ်သွားတာပဲ။ အခွံပဲ ကျန်တယ်လေ။ ရုံးတွေလည်း စဖွင့်နေပြီလို့ ပြောတယ်။ မြို့ထဲ မပတ်ကြည့်ရသေးဘူး” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
ယာဉ်ထိန်းရဲတွေကတော့ ယမန်နေ့ မေလ ၁ ရက်နေ့ကစ အလုပ်လုပ်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
“လားရှိုးမှာ စည်ပင်ဝန်ထမ်းတွေလည်း ရောက်နေပါပြီ။ အလုပ်လုပ်နေကြပါပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။
ဌာနဆိုင်ရာ ရုံးတချို့ ပြန်ဖွင့်ပြီ ဖြစ်ပေမယ့် လောလောဆယ် ရုံးလုပ်ငန်းတွေ လုပ်ပေးနိုင်တာ မရှိသေးဘူး၊ ကျောင်းတွေလည်း ဖွင့်မယ်လို့သိရ တယ်လို့ဆိုပါတယ်။
လားရှိုးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လ ၃ ရက်နေ့ကစ MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက် ထိန်းချုပ်ခဲ့ရာက တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် ယခင်လ ဧပြီ ၂၁ ရက်နေ့ကစ နစက တပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ကာ လက်ရှိ တရုတ်နိုင်ငံက စေလွှတ်ထားတဲ့ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့က မြို့ထဲ ရုံးထိုင်စောင့်ကြည့် သွားမှာဖြစ်ကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
Photo Crd# ဒေသခံများ
