ဒေလီ၊ မေ-၃-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတိုက်ခိုက်မှုအပြီး တင်းမာမှုတွေမြင့်တက်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြန်အလှန် စစ်အင်အားတွေပြပြီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယလေတပ်ဟာ အမြန်လမ်းတလျှောက်မှာ လေယာဉ်တွေ ဆင်းသက်တာနဲ့ ပျံသန်းမှုလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီး ဒါဟာ တိုက်ခို်ကမှုတခုခုကြောင့် လေယာဉ်ပြေးလမ်းတွေ အသုံးပြုမရရင် အမြန်လမ်းကို အသုံးပြုဖို့ လေ့ကျင့်မှုအဖြစ် ရှုမြင်ရပါတယ်။ ပါကစ္စတန်ကလည်း တာဝေးပစ်အမြောက်တွေ၊ စစ်လေယာဉ်တွေနဲ့အတူ အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အိန္ဒိယရဲ့ စစ်ရေးလုပ်ဆောင်မှုမှန်သမျှကို လျင်မြန်ပြတ်သားစွာ တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်စစ်ထပ် ထိပ်တန်းတာဝန်ရှိသူက သတိပေးထားပါတယ်။ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က စစ်သွေးကြွတိုက်ခိုက်မှုအတွင်း ခရီးသွား ၂၆ ယောက်သေဆုံးခဲ့ပါတယ်။ ဒီကိစ္စမှာ ပါကစ္စတန်ပါဝင်ပတ်သက်ကြောင်း အိန္ဒိယက စွပ်စွဲထားပေမယ့် တဖက်ကတော့ ငြင်းဆိုထားပါတယ်။ တိုက်ခို်ကမှုနဲ့ပတ်သက်ပြီး လူပေါင်း ၁၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေပြီး…
Read MoreDay: May 3, 2025
TNLA ကို မန်တုံ ၊ နမ့်ဆန်အထိ ဆုတ်ခွာဖို့ နစကဘက်က တောင်းဆိုလို့ ကူမင်း ဆွေးနွေးပွဲပျက်
မေ ၃၊ ၂၀၂၅ Shy V (VOM) ကူမင်းဆွေးနွေးပွဲမှာ TNLA တပ်ဖွဲ့ကို မန်တုံ နဲ့ နမ့်ဆန် အထိ ဆုတ်ခွာဖို့ နစက တပ်ဖွဲ့ဘက်ကပြောလို့ ဆေးနွေးပွဲ ရပ်တန့်သွားကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ နစက တပ်ဖွဲ့ ကိုယ်စားလှယ်တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် ဒေသ တွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံ မြို့နယ်အတွင်းထိ TNLA တပ်ဖွဲ့တွေ အားလုံး ပြန်လည်ဆုတ်ခွါရန် ပြောတာကြောင့် TNLA ဘက်က သဘောမတူနိုင်လို့ နှစ်ဖက် ဆွေးနွေးမှု ရပ်ဆိုင်းသွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နှစ်ဖက် အပစ်အခတ် ရပ်စဲနိုင်ရန်အတွက် လာမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။…
Read Moreအစ္စရေးက အကူအညီတွေဝင်ရောက်မှု ပိတ်ပင်ထားလို့ ဂါဇာမှာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေ
ဂါဇာစီးတီး၊ မေ-၃-၂၀၂၅ ရတီ(VOM) ဂါဇာကမ်းမြှောင်ဒေသအတွက် အရေးကြီးထောက်ပံ့ကူညီရေးပစ္စည်းတွေကို အစ္စရေးရဲ့ ပိတ်ဆို့ထားမှုဟာ နှစ်လကြာမြင့်လာပြီဖြစ်ပြီး ဂါဇာဒေသခံတွေ အစုလိုက်အပြုံလိုက် အငတ်ဘေးဆိုက်နို်ငကြောင်း ကုလသမဂ္ဂနဲ့ အကူအညီပေးရေးအဖွဲ့တွေက သတိပေးလိုက်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ ငတ်မွတ်အောင်လုပ်တာဟာ စစ်ရာဇဝတ်မှုဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည် အကူအညီပေးရေး အေဂျင်စီက ဝေဖန်ထားပြီး အစ္စရေးအပေါ် နိုင်ငံတကာ ဖိအားတွေလည်း တိုးပွားနေပါတယ်။ ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေဟာ အစားအသောက်အတွက် အကူအညီပေးရေးအဖွဲ့တွေရဲ့ မီးဖိုချောင်တွေကို အားထားနေရပြီး ခန်းယွန်နစ်ရှိ အရီနာမှာလည်ပတ်နေတဲ့အဖွဲ့ကတော့ တနေ့ကို လူ ၆၀၀၀ အတွက် ချက်ပြုတ်ကျွေးမွေးနေပါတယ်။ ဒါပေမယ့် အစ္စရေးရဲ့ ပိတ်ဆို့မှုတွေ မရုပ်သိမ်းရင်တော့ ဂါဇာမှာ သိုလှောင်ထားတဲ့ စားနပ်ရိက္ခတွေဟာ ကုန်လုဆဲဆဲဖြစ်နေပါတယ်။ အကူအညီတွေကို ဟားမတ်စ်အဖွဲ့က ခိုးယူနေတယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ဂါဇာအတွက် အစားအစာနဲ့ ဆေးဝါး ဝင်ရောက်မှုတွေကို အစ္စရေးက မတ် ၂…
Read Moreကူမင်း ဆွေးနွေးပွဲ သဘောတူညီချက် မရပြီးနောက် မိုးကုတ်နဲ့ နောင်ချို ဗုံးကြဲခံရ
မေ ၃၊ ၂၀၂၅ Shy V (VOM) နစက တပ်ဖွဲ့ နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်နိုင်ငံ၊ကူမင်း ဆွေးနွေးပွဲ သဘောတူညီမှု မရရှိတဲ့နောက် မေလ ၂ ရက်ညနဲ့ ၃ ရက်မနက် တွေမှာ နောင်ချို နဲ့ မိုးကုတ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ ရကြောင်း ဒေသခံတွေဆီနဲ့ TNLA ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။ “မိုးကုတ် အနောက်ပိုင်း ကသဲ ရပ်ကွက် အနောက်ကျောင်းနား ဗုံးကြဲသွားတယ်။ လမ်းခင်းနေတဲ့ တယောက် သေဆုံးသွားတယ်။ တယောက် ဒဏ်ရာ ပြင်းထန်တယ်။” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီနေ့ မေလ ၃ ရက် မနက် ၉ နာရီဝန်းကျင်ခန့်က မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံး တလုံး လာကြဲခဲလို့…
Read Moreလူဦးရေထောင်ဂဏန်းသာ ရှိတော့တဲ့ “သက်” လူဦးရေပိုနည်းလာပြီး လူမျိုးပျောက်မှာ စိုးရိမ်နေ
မေ ၂၊ ၂၀၂၅ Shy V (VOM) မြန်မာနိုင်ငံမှာ လူဦးရေ ထောင် ဂဏန်းသာ ရှိဝောာ့တဲ့ သက် လူမျိုးတွေ နေရာ တကွဲ တပြား စစ်ဘေး ရှောင်ေနရတာကြောင့် လူဦးရေ ပိုနည်းပြီး လူမျိုး ပျောက်ကွယ် လာမှာကို စိုးရိမ်နေကြောင်း သက် လူမျိုးတွေဆီက သိရပါတယ်။ “စစ်ဘေးရှောင်ရင်းနဲ့ ဟိုရောက်၊ ဒီရောက် အကုန်လုံး နေရာ အနှံ့ ပြန့်ကျဲ သွားပြီ။ စုစည်းမှု မရှိတော့ဘူး။ ဒီတိုင်းဆိုရင် ကျနော်တို့မှာ တဖြည်းဖြည်းနဲ့ လူမျိုးတောင် ပျောက်လာမယ့် အလားအလာတောင် ရှိနေပြီ။” လို့ သက် စာပေနဲ့ ယာဉ်ကျေးမှု အသင်း နာယက က ပြောပါတယ်။ မြန်မာ တနိုင်ငံလုံးမှာ အိမ်ထောင်စု ၃၀၀ ဝန်းကျင်သာရှိပြီး ခန့်မှန်းခြေ လူဦးရေ ၆၀၀၀…
Read Moreလားရှိုး ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံ ပြန်ဖွင့်
မေ ၂၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမှာ ဒီနေ့ မေလ ၂ ရက်နေ့ကစ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး ပြန်ဖွင့်မှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့ ဆေးရုံ ဖွင့်ဖွဲ လို့မယ်လို့ သိရတယ်။ ဆေးရုံ သန့်ရှင်းရေး လုပ်နေကြတယ်။ ရှုပ်ပွထေအာင် လုပ်သွားကြတယ်။ သန့်ရှင်းရေး လုပ်နေကြတယ်။ ဆေးရုံအတွင်းဘက်ရော သန့်ရှင်း ရေး လုပ်နေကြတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ယမန်နေ့ မေလ ၁ ရက်နေ့ကစ လားရှိုးက ဌာနဆိုင်ရာရုံးတွေ စဖွင့်တာလို့ သိရတယ်လို့ သူက ပြောပါတယ်။ “ဆေးရုံကတော့ ဖွင့်ပေမယ့် ကောင်းကောင်းလည်ပတ်နိုင်ဖို့ မလွယ်ဘူး ထင်တယ်။ တံခါးတွေကတော့ ဧပြီလ ၃၀ ရက်နေ့ ကတည်းက ဖွင့်ထားတယ်။…
Read Moreမန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ လျှပ်တပြက်ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်
မေ ၂ – ၂၀၂၅ SN (VOM) မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြန်မာတနိုင်ငံလုံး လွှမ်းခြုံတဲ့ လျှပ်တပြက် ရေကြီးခြင်းဆိုင်ရာ ကြိုတင် သတိပေးစနစ်မှ ရရှိတဲ့ အချက်အလက်တွေအရ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ မိုး/ဇလဌာနရဲ့ မနေ့ မေ ၁ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ နောက် ၂၄ နာရီအတွင်း မန္တလေးတိုင်းရှိ ရမည်းသင်းနဲ့ မိတ္ထီလာခရိုင်၊ ရှမ်းပြည်နယ်ရှိ တောင်ကြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လွိုင်လင်၊ လင်းခေးနဲ့ ကျိုင်းတုံခရိုင်တို့မှာ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ “ဒီ လျှပ်တပြက်ရေကြီးမှု ဆိုတာက ကျွန်တော်တို့ မိုး/ဇလဌာနမှာ တပ်ဆင်ထားတဲ့ မော်ဒယ်တွေမှာ ပြတဲ့အတိုင်း အခြေအနေသတင်းအနေနဲ့ သတိပြု…
Read Moreညီနောင်မဟာမိတ်သုံးဖွဲ့က အပစ်ရပ်ကာလ (၁)လ ထပ်တိုးကြောင်း ကြေညာပြန်
မေ ၂ -၂ဝ၂၅ KKO(VOM) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က တဖက်သတ်အပစ်ရပ်ကာလသက်တမ်းကို (၁) လထပ်တိုးလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ကြေညာလိုက်တဲ့အဖွဲ့တွေကတော့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)၊အာရက္ခတပ်တော် (AA)တို့ပဲဖြစ်ပါတယ်။ တဖက်သတ်အပစ်ရပ်ကာလသက်တမ်းကို တလထပ်တိုးခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဘက်ကတော့ ငလျင်နောက်ဆက်တွဲတိုက်တာအဆောက်အအုံတွေ ရှင်းလင်းဖို့နဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်း တွေကို ဆက်လက်ဆောင်ရွက်ဖို့အတွက် အပစ်ရပ်တာဖြစ်တယ်လို့ သူတို့ရဲ့ထုတ် ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးငလျင်ကြီးအတွက်ဟုဆိုကာ အပစ်ရပ်ကာလကို ဧပြီ ၁ ရက်ကနေ ၃၀ ရက်ထိ ကြေညာခဲ့ပြီးနောက် အခုသက်တမ်းကို တလအထိထပ်မံတိုးမြှင့်လိုက်တာလည်းဖြစ်ပါတယ်။ “အပစ်အခတ်ရပ်စဲဖို့က သိပ်မထင်ပါဘူး။ဘက်အသီးသီးက ကိုယ်ကျိုးစီးပွားတွေရှိနေကြပါတယ်။နောက်ပြီးအပစ်ရပ်ဖို့ဆိုတာက မြေပြင်မှာတကယ်တိုက်နေတဲ့အဖွဲ့တွေကိုယ်တိုင်က တကယ်အပစ်ရပ်ဖို့လိုတယ်။ ငြိမ်းချမ်းရေးစကားပြောရင်အပစ်အခတ်က ခဏလေးပဲရပ်ရပ်ပေါ့။အပစ်ရပ်တဲ့အပေါ်မှာကြိုဆိုတယ်။ ထောက်ခံတယ်၊သဘောတူတယ်။ဒီလိုမျိုးအပစ်ရပ်ဖို့ဘက်အသီးသီးကပါဝင်လာဖို့ဆိုရင် ဒါကိုလည်းခဏခဏပြောပါတယ်။အင်အားအကြီးဆုံးအဖွဲ့ကြီးတွေကလျော့ပေးရမယ်။တိုင်းပြည်ကိုအမျှော်အမြင်ရှိစွာနဲ့ နောင်ရေးအတွက်အမျှော်အမြင်ကြီးကြီးနဲ့ လျှော့ပေးရမယ်။ဒါအရေးကြီးပါတယ်”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တယောက်က VOM ကို ပြောပါတယ်။…
Read Moreအိန္ဒိယနဲ့ တင်းမာနေချိန် ကက်ရှ်မီးယားနယ်စပ်ဒေသခံတွေကို စားနပ်ရိက္ခာ နှစ်လစာစုဆောင်းဖို့ ပါကစ္စတန် ညွှန်ကြား
အစ္စလာမ္မာဘတ်၊ မေ-၃-၂၀၂၅ မျိုးဆက်(VOM) အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ စစ်သွေးကြွတိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကက်ရှ်မီးယားနယ်စပ်အနီးနေထိုင်သူတွေအနေနဲ့ အစားအစာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ အခြေခံပစ္စည်းတွေ စုဆောင်းသိုလှောင်ထားဖိုပ ပါကစ္စတန် တာဝန်ရှိသူတွေက ညွှန်ကြားလိုက်ပါတယ်။ ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်အခြမ်း ပါဟယ်ဂမ်ဒေသမှာ ကမ္ဘာလှည့်ခရီးသွား ၂၆ ယောက်သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုမှာ ပါကစ္စတန်ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယက စွပ်စွဲထားပါတယ်။ ပါကစ္စတန်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သံတမန်တွေ အပြန်အလှန်နှင်ထုတ်တာ၊ ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းတာနဲ့ လေကြောင်းလိုင်းတွေ ပျံသန်းခွင့် ပိတ်ပင်တာအပါအဝင် လက်တုံ့ပြန်အစီအမံတွေ ချမှတ်ခဲ့ပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား ကက်ရှ်မီးယားဒေသကို နှစ်ဖက်ပိုင်းခြားထားတဲ့ စစ်ရေးထိန်းချုပ်မျဉ်း နယ်စပ်တလျှောက်မှာ ရှစ်ညဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ နယ်စပ် စစ်ရေးထိန်းချုပ်မျဉ်းတလျှောက် ဒေသ ၁၃ ခုရှိ ဒေသခံတွေအနေနဲ့ အစားအစာ၊…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၃)
ဆူးငှက် ၂၇လမ်းအတိုင်း ထွန်းလှဟော်တယ်က အရှေ့တက်တော့ လမ်းဘေးမှာ အရင် ရဲသိပ္ပံကျောင်း(အခု ကလေးအထူးကု ဆေးရုံဝင်း) ဘေးမှာ လမ်းပေါ် လူတွေထွက်နေကြတယ်။ တချို့က အထုပ်အပိုးတွေလည်းပါတယ်။ ၂၇လမ်းနဲ့ ၆၆လမ်းဆုံမှာတော့ ကားတွေ ဆိုင်ကယ်တွေ ရှုပ်လို့၊ အင်ဗြူးလင့်ကားတွေက ဥသြသံတညံညံနဲ့ တောင်ဘက်ထဲ အပြေးအလွှားမောင်းသွားကြပြန်ပြီ။ ကျွန်တော်က အိမ်ကို ထပ်ပြီး ဖုန်းခေါ်ကြည့်တော့ မရသေးဘူး။ ၂၇လမ်းအတိုင်း အရှေ့ဘက် ဆက်တက်တော့ ၆၄လမ်းထိပ်က အိုရီယမ်တယ်ဟောက်စ် ခန်းမကြီးက အပြင်ပန်းမှာ ကြိးကြီးမားမား အပျက်အစီးတော့ မတွေ့ရဘူး။ (ဒါပေမယ့် နောက်ရက်တွေမှာ အတွင်းပိုင် ပျက်စီးမှု အချို့ရှိတာ ပြုပြင်ရမှာမို့ ပွဲလမ်းတွေ လက်မခံနိုင်တော့တာ သူတို့ page က ကြေညာထားတာ တွေ့လိုက်ရပါတယ်)။ ၂၇လမ်းအတိုင်း ရှေ့ဆက်တော့ လမ်းဘေးဝဲယာက အဆောက်အအုံတွေ ကြီးကြီးမားမား အပျက်အစီးရှိကြပုံ မပေါ်ပေမယ့် ပေါ်တီကို ပြုတ်ကျတာ၊…
Read More