TNLA ကို မန်တုံ ၊ နမ့်ဆန်အထိ ဆုတ်ခွာဖို့ နစကဘက်က တောင်းဆိုလို့ ကူမင်း ဆွေးနွေးပွဲပျက်

မေ ၃၊ ၂၀၂၅
Shy V (VOM)
ကူမင်းဆွေးနွေးပွဲမှာ TNLA တပ်ဖွဲ့ကို မန်တုံ နဲ့ နမ့်ဆန် အထိ ဆုတ်ခွာဖို့ နစက တပ်ဖွဲ့ဘက်ကပြောလို့ ဆေးနွေးပွဲ ရပ်တန့်သွားကြောင်း PSLF/TNLA သတင်းနဲ့ ပြန်ကြား ရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
နစက တပ်ဖွဲ့ ကိုယ်စားလှယ်တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် ဒေသ တွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံ မြို့နယ်အတွင်းထိ TNLA တပ်ဖွဲ့တွေ အားလုံး ပြန်လည်ဆုတ်ခွါရန် ပြောတာကြောင့် TNLA ဘက်က သဘောမတူနိုင်လို့ နှစ်ဖက် ဆွေးနွေးမှု ရပ်ဆိုင်းသွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နှစ်ဖက် အပစ်အခတ် ရပ်စဲနိုင်ရန်အတွက် လာမယ့် ဩဂုတ်လမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။
“စစ်တပ်ဘက်ကတော့ ၂၀၀၈ အခြေခံ ဥ ပဒေ အတိုင်းပဲ သွားမှာပါ။ ကုန်သွယ်ရာ လမ်းမပေါ်က မြို့တွေ အကုန် ဆုတ်ခွာ ပေးရလမ့်မယ်။ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင် မြို့နယ်တွေရဲ့ လေကြောင်း အန္တရာယ် လုံခြုံရေး ဇီးရိုးပါ” လို့ ရှမ်း/မြောက် အခြေအနေ စောင့်ကြည့်မေတဲ့ အမျိုးသား တယောက်က ပြောပါတယ်။
လူစည်ကားရာ နေရာတွေ အပါအဝင်အထူးသဖြင့် တော်လှန်ရေး တပ်ဖွဲ့ ကင်းစခန်း၊ ဂိတ်စခန်း၊ အခြေပြုရုံး၊ အခြေပြုဘာသာရေး အဆောက်အဦး၊စာသင်ကျောင်း၊ ဆေးခန်း တွေ သတိထားသင့်တယ်လို့ သူက ပြောပါတယ်။
နေအိမ်၊ စစ်ရှောင်ရာ နေရာတွေမှာ ဘန်ကာ၊ ဗုံးခိုကျင်း အခိုင်အမာ လုပ်ထားသင့်သလို လေကြောင်း တိုက်ခိုက်မှု ဖြစ်ဖြစ်ချင်း ဖြစ်ပွားတဲ့ နေရာကို စပ်စုတာတွေ ရှောင်ကျဉ်သင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ နဲ့ ဒေသ တည်ငြိမ်အေးချမ်းဖို့လည်း ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်း ဗုံးကြဲတာတွေ၊ လက်နက်ကြီးပစ်ခတ် တာတွေ၊ ဒရုန်း နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေ၊ ထိုးစစ်ဆင်တာတွေ စသဖြင့် ပစ်ခတ် တိုက်ခိုက်မှု အားလုံးရပ်တန့်ဖို့ ဆေံးနွေး ခဲ့ကြတယ်လို့ လည်း ပါရှိပါတယ်။
“သန္နီ – ကွမ်းလုံ လမ်းမ တလျှောက် တရုတ် စကား မတတ်နဲ့ MNDAA ဝတ်စုံဝတ် တပ်သား အများအပြား မေလ ၂ ရက်နေ့ကစ နေရာတွေ ချထားနေတာ တွေ့ရတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်ဘက်က MNDAA အလံတွေဖြုတ်ချထားပြီး မြန်မာအလံ ပြနခလွှင့်ထားတယ်လို့ လည်းကြားတယ်လို့ သူက ပြောပါတယ်။
နယ်စပ်ဂိတ်နဲ့ ချင်းရွှေဟော်နဲ့ ၁၀၅ ကုန်သွယ်ရေးဇုန် တွေကို နစက တပ်ဖွဲ့ ပြန်ထိုင်ဖို့ ဖြစ်လာနိုင်တယ်လို့ နယ်စပ်ကုန်သည် တချို့က ပြောပါတယ်။
ပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက်တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ နစက တပ်ဖွ့ဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တို့ ပြီးခဲ့တဲ့ ဧပြီလ ၂၈ နဲ့ ၂၉ ရက် နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo Crd# PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW