လူဦးရေထောင်ဂဏန်းသာ ရှိတော့တဲ့ “သက်” လူဦးရေပိုနည်းလာပြီး လူမျိုးပျောက်မှာ စိုးရိမ်နေ

မေ ၂၊ ၂၀၂၅
Shy V (VOM)
မြန်မာနိုင်ငံမှာ လူဦးရေ ထောင် ဂဏန်းသာ ရှိဝောာ့တဲ့ သက် လူမျိုးတွေ နေရာ တကွဲ တပြား စစ်ဘေး ရှောင်ေနရတာကြောင့် လူဦးရေ ပိုနည်းပြီး လူမျိုး ပျောက်ကွယ် လာမှာကို စိုးရိမ်နေကြောင်း သက် လူမျိုးတွေဆီက သိရပါတယ်။
“စစ်ဘေးရှောင်ရင်းနဲ့ ဟိုရောက်၊ ဒီရောက် အကုန်လုံး နေရာ အနှံ့ ပြန့်ကျဲ သွားပြီ။ စုစည်းမှု မရှိတော့ဘူး။ ဒီတိုင်းဆိုရင် ကျနော်တို့မှာ တဖြည်းဖြည်းနဲ့ လူမျိုးတောင် ပျောက်လာမယ့် အလားအလာတောင် ရှိနေပြီ။” လို့ သက် စာပေနဲ့ ယာဉ်ကျေးမှု အသင်း နာယက က ပြောပါတယ်။
မြန်မာ တနိုင်ငံလုံးမှာ အိမ်ထောင်စု ၃၀၀ ဝန်းကျင်သာရှိပြီး ခန့်မှန်းခြေ လူဦးရေ ၆၀၀၀ ခန့်သာ ရှိတော့တယ်လို့ သူက ပြောပါတယ်။
အရင်က ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း မြို့နယ် တွေမှာ နေထိုင်ကြတာဖြစ်ပေမယ့် စစ်ပွဲကြောင့် တချို့နေရာတွေမှာ မနေရတော့ပဲ ရန်ကုန်၊ ပဲခူး အပါအဝင် နေရာအနှံ့ တကွဲ တပြား စစ်ဘေးရှောင်နေကြရတယ်လို့ သယက ရှင်းပြပါတယ်။
သက် စာပေယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေ ပိုမိုတည်တံ့နိုင်အောင်၊ တိုးတက်လာအောင် ရည်ရွယ်ပြီး သက် အမျိုးသားနေ့ကိုလည်း သတ်မှတ်ထားနိုင်ပြီလို့ ဆိုပါတယ်။
“တတိယ အကြိမ်မြောက် သက်အမျိုးသားနေ့ကို ဒဂုံ ဆိပ်ကမ်းမှာ မနေ့ မေလ ၁ ရက်နေ့မှာ ကျင်းပ နိုင်ခဲ့တယ်။ လူနည်းစု လူမျိုးဖြစ်တဲ့ ခမီ၊ မြို၊ မရမာကြီး၊ ဒိုင်းနက် သံဃယာတော်တွေကို ဖိတ်ပင့်ခဲ့တယ်။ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့တယ်” လို့ သက် ဉူးဇင်း တပါးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစ သက် အမျိုးသား နေ့ကို စတင် ကျင်းပခဲ့ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် လေးနှစ်အတွင်း သုံးကြိမ်သာ အမျိုးသားနေ့ ကျင်းပ နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။
လူးမျိုး ေပျာက်ကွယ် လာမှာ စိုးရိမ်တာကြောင့် တကွဲတပြား ဖြစ်နေတဲ့ သက် လူမျိုး စစ်ဘေးရှောင်တွေကို စုစုစည်းစည်း နီးနီးနားနား ဖြစ်စေဖို့ နေထိုင်စရာ နေရာ တခု သတ်မှတ်ပေးစေလိုတယ်လို့ သက် လူမျိုးတွေက ပြောပါတယ်။
သက် လူမျိုးေတွဟာ တိဗက် • မြန်မာအုပ်စု ကြီးရဲ့ ရခိုင်အုပ်စုခွဲတွင်ပါဝင်ပြီး ရခိုင်ရဲ့ တောင်ရိုးနယ် တွေဖြစ်တဲ့ မေယုခရိုင်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ် တွေမှာ နေထိုင်ကြကြောင်း အချက်အလက်တွေအရ သိရပါတယ်။
ခမီ၊ ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး၊ ဟိန္ဒူ စတဲ့လူမျိုးတွေနဲ့ ရောနှော နေထိုင် တတ်ကြပေမယ့် အများအားဖြင့် သက်လူမျိုးချည်းသက်သက် သီးခြားရွာတည်ပြီးလည်း နေထိုင်လေ့ရှိကြတယ်လို့ သိရပါတယ်။
Photo Crd# သက် စာပေနဲ့ ယဉ်ကျေးမှု

Related posts

Leave a Comment

VOM News

FREE
VIEW