ဆူးငှက် ကျွန်တော်သည် ယခုရှင်းတမ်းကို တင်ပြရာတွင် “ရွှေမန်းတောင်ရိပ်ခို” သီချင်းအား ၁- မြို့မငြိမ်း တယောက်တည်းက ရေးသားခဲ့သည်။ ၂ – ချိုပြုံးရွှင်သော အပိုဒ်က မန္တလေးဦးဘသိန်း၊ သံပြိုင်အပိုဒ်က မြို့မငြိမ်း၊ ခါးသေးနွဲ့မူယာချီ အပိုဒ်က အေဝမ်းဆရာညှာတို့ ၃ဦး စုပေါင်းစပ်ပေါင်း ရေးခဲ့သည် စသည့် ပြဿနာကို ရှင်းလင်းမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသီချင်းနှင့် ပတ်သက်၍ ဒေါ်ဒေါ်လူထုဒေါ်အမာက သုံးသပ်ဆုံးဖြတ်ပြီး ကျွန်တော့်ကိုလည်း သင်ကြား ဆုံးမသည့် စကားကိုပဲ လိုက်နာကာ ထိုသီချင်း၏ ဗျုပ္ပတ်ကိုပဲ တင်ပြပါမည်။ ××××× ××××× “အေးအေးချမ်းချမ်း လောင်စမ်းသင်္ကြန်ရေ မာပါစေ … တောင်းဆုကိုချွေ။ ဖျန်းပက်သူတို့၊ ယဉ်စစ ချောနွဲ့နွှဲ့လုံမေ … ထောင့်သုံးရာရှစ်ခုနစ် သင်္ကြန်ရေ … စွတ်သူစိုသူ ကြည်ဖြူစွာလေ … စိတ်မှာထင်မြင် ရေစာတွေဖျန်း မောင်ရင်းပမာ…
Read MoreDay: June 4, 2025
ဂျပန်နိုင်ငံ ကလေးမွေးဖွားမှုနှုန်း ခုနှစ်သိန်းအောက်ကို ပထမဆုံးအကြိမ် ကျဆင်း
တိုကျို၊ ဇွန်-၄-၂၀၂၅ ရတီ(VOM) ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးမွေးဖွံားမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ခုနှစ်သိန်းအောက်ကို ကျဆင်းသွားကြောင်း ဂျပန်အစိုးရက ဒီကနေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ သက်ကြီးရွယ်အိုဦးရေ များပြားလာတဲ့ ဂျပန်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကလေးငယ် ၆၈၆၀၆၁ ယောက်သာ မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၁၂၂၇ ယောက် လျော့နည်းခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားကာ ၁၈၉၉ ခုနှစ် မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အနိမ့်ပါးဆုံးဖြစ်ပါတယ်။ ဒါဟာနိုင်ငံအတွက် တိတ်တဆိတ်အရေးပေါ်အခြေအနေလို့ ဂျပန်ဝန်ကြီးချုပ် အိုင်ရှီဘာက ပြောဆိုထားပြီး ဒီအခြေအနေကို လိုက်လျောညီထွေဖြစ်မယ့် အလုပ်ချိန်နဲ့ မိသားစုအစီအမံမျိုးတွေ ချမှတ်မယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ နိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကပြီးရင် ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုအများဆုံး ဒုတိယမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ နိုင်ငံရဲ့ စုစုပေါင်းမွေးဖွားမှုနှုန်းဟာ အမျိုးသမီးတယောက်ကို မွေးဖွားမှုနှုန်း ၁ ဒဿမ…
Read Moreရွှေပြည်သာ Joy Time စက်ရုံလုပ်သားတွေ လုပ်ခလစာ တိုးမြှင့် တောင်းဆိုမှု ပြေလည်မှုရရှိ
ဇွန် ၄ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ Joy Time (Myanmar) Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုမှု ပြေလည်မှု ရရှိခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ စက်ရုံအထည်ချုပ် အလုပ်သမားတွေက အနည်းဆုံး အခကြေးငွေ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်၊ ညနေပိုင်းက စတင်ပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ “တောင်းဆိုတာကို စက်ရုံဘက်က ညှိနှိုင်းပေးတယ်။ အခု ပြေလည်သွားပါပြီ။ တောင်းဆိုမှု သုံးရက်အကြာပေါ့၊ ဇွန် ၂ ရက်နေ့ကပဲ ညှိနှိုင်းပြီး အဆင်ပြေသွားတာပါ။ သူတို့ တောင်းဆိုတာက အဓိက က အနည်းဆုံး အခကြေးငွေ တသောင်းသုံးထောင် ရရှိဖို့ပေါ့။ ဒါပေမယ့် တောင်းဆိုမှုတွေကိုတော့…
Read Moreလားရှိုးမှာ မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်ပေမယ့် ငွေထုတ်လို့ အဆင်မပြေသေး
ဇွန် ၄၊ ၂၀၂၅ Shy V(VOM) လားရှိုးမှာ မြန်မာ့ စီးပွားရေးဘဏ် ပြန်ဖွင့်ပြီဖြစ်ပေမယ့် အခု ရက်ပိုင်းအတွင်း ငွေ ထုတ်လို့ အဆင်မပြေသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မြန်မာ့ စီးပွားရေးဘဏ်က ဖွင့်ထားပြီး။ ကြာဝောင် ကြာနေပြီ။ ဒါပေမယ့် ပိုက်ဆံ ထုတ်လို့ မရသေးဘူး။ ငွေ မရှိဘူးလို့ ပြောတယ်။” လို့ ပင်စင် ထုတ်မယ့် အမျိုးသမီး တယောက်က ပြောပါတယ်။ လေယာဉ် လာမှငွေထုတ်လို့ ရမယ်၊ ငွေ သားက သယ်လာမှ ရှိမယ်လို့လည်း ကြားရပြီး လောလောဆယ် ထုတ်ဖို့ ငွေသား မရှိသေးတာလို့ သိရကြောင်း သူက ပြောပါတယ်။ “ဘဏ်ကတော့ ဖွင့်ပါတယ်။ မကြာမီ ရက်ပိုင်းအတွင်း ငွေ ထုတ်လို့ ရတော့မယ်လို့ ကြားတယ်။ ဒီရက်ပိုင်း ထုတ်လို့ ရမှာပါ”…
Read Moreတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ဖွယ်ရှိ
ဇွန် – ၄ ၊ ၂၀၂၅ GG (VOM) ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးသွားဖွယ်ရှိတယ်လို့ ပညာရေးဝန်းထမ်း အသိုင်းအဝိုင်းက သိရပါတယ်။ အောင်စာရင်းတွေကို မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို မနက် ၆ နာရီမှာဆိုရင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာန ကျောင်းတွေမှာလည်း ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေလည်း အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုပါတယ်။ အောင်စာရင်းထွက်ရှိမယ့်အပေါ် ဖြေဆိုထားတဲ့ ပြည်မြို့မှာ ကျောင်းသူတစ်ယောက်က ” ရင်ခုန်တာပေါ့။ခုနှစ်ဒီဘက်မှာသချင်္ာမေးခွန်း သတ်ထားတာဆိုတော့ကြောက်မိတယ်။ဆရာမကလည်းဒီနေ့ဖုန်းဆက်လာတယ် သချင်္ာနဲ့ကျသူများတယ်ပြောတော့ပိုကြောက်မိတယ်။ဂုဏ်ထူးဆိုရင်တော့ရူပဗေဒကိုမှန်းထားတယ်။”လို့ ပြောပါတယ်။ ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲက စနစ်သစ်နဲ့ဖြေဆိုရတဲ့…
Read MoreTNLA ထိန်းချုပ် နယ်မြေတွေမှာ တအာင်း အိမ်ထောင်စုစာရင်း နဲ့ မှတ်ပုံတင် ထုတ်ပေးတော့မယ်
ဇွန် ၄၊ ၂၀၂၄ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၂ မြို့နယ် ရှိ ဒေသခံ တွေကို လူဦးရေစီစစ်ပြီး အိမ် ထောင်စုစာရင်း နဲ့ ပြည်နယ်သား မှတ်ပုံတင် စီစစ် ထုတ်ပေးမယ့် အပြင် နိုင်ငံသား ဧည့်ပြည်နယ်သား စီစစ်တာတွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “အိမ်ထောင်စုနဲ့ တအာင်း မှတ်ပုံတင် စာရင်း စကောက်တုန်းပဲရှိသေးတယ်။ အခု မလုပ်ပေးသေးဘူး။” လို့ ဒေသခံ မိန်းကလေး တယောက်က ပြောပါတယ်။ လူမျိုး၊ ဘာသာမရွေး သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်မှီသူတွေ အနေနဲ့ လာရောက်လျှောက်ထားနိုင်ဝယ်လို့ ဆိုပါတယ်။ “အခုလောလောဆယ်က တအာင်း မှတ်ပုံတင်လုပ်ရင် ဘယ်နေရာမှ အသုံးမဝင်သေးလို့လေ သူများက မလုပ်ကြသေးဘူး။”…
Read Moreရခိုင်ပြည်နယ် မြို့နယ်ရှစ်ခုမှာ ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်နေ
ဇွန် ၄ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဒီရေ မြင့်တက်မှုကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ အဆိုပါ ပြည်နယ်အတွင်းက ကျောက်တော်၊ မြောက်ဦး၊ တောင်ကုတ် မြို့နယ်တွေအပြင် သံတွဲ၊ မင်းပြား၊ ပေါက်တော၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် တခြားသော မြို့နယ်တွေမှာ ကုလားတန်မြစ်ရေနဲ့ လေးမြို့မြစ်ရေ မြင့်တက်လာမှုကြောင့် ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျရေတွေနဲ့အတူ ဒီရေတွေ မြင့်တက်လာခြင်းဖြစ်ပြီး ဇွန် ၂ ရက်နေ့ကစလို့ ကျေးရွာ၊ ရပ်ကွက်တွေထဲ ရေတွေ ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ “အခု ရေကြီးနေတာတွေက ရွာတွေဘက်မှာ…
Read Moreသံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေကို အခွန် ၅၀ ရာခိုင်နှုန်းကောက်မယ့် အစီအစဉ် ဒေါ်နယ်ထရန့် စတင်
ဝါရှင်တန်၊ ဇွန်-၄-၂၀၂၅ ရတီ(VOM) အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခို်ငနှုန်း ကောက်ခံမယ့် အမိန့်တရပ်ကို သမ္မတ ဒေါ်နယ်ထရန့်က ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုအခွန်ကောက်ခံမှုဟာ မော်တော်ယာဉ်တွေကနေ စည်သွပ်ဗူးတွေထိ သတ္တုသွင်းကုန်တွေအပေါ် မတ်လနောက်ပို်ငး ဒုတိယအကြိမ် အခွန်တိုးမြှင့်ကောက်ခံလိုက်တာပါ။ ဒီကနေ့မှာ စတင်သက်ဝင်မှာ ဒီအစီအမံဟာ အမေရိကန်သံမဏိလုပ်ငန်းရဲ့ အနာဂတ်ကို လုံခြုံစေဖို့ ရည်ရွယ်ကြောင်း ထရန့်က ပြောပါတယ်။ ဒါပေမယ့်လည်း ဒီလိုကာကွယ်မှုဟာ အမေရိကန်ပြင်ပရှိ သံမဏိထုတ်လုပ်သူတွေအပေါ် အနှောက်အယှက်ဖြစ်စေနိုင်ပြီး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတွေဆီကနေ လက်တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်ကာ အမေရိကန်ဖောက်သည်တွေအတွက်လည်း ကုန်ကျစရိတ်များနိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။ အခွန်ကောက်ခံမှုကို တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ကုမ္ပဏီတွေကတော့ ဒါဟာ .ယာယီ သို့မဟုတ် စေ့စပ်ညှိနှိုင်းဖို့ အစီအမံများ ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ထရန့်ရဲ့ အခွန်ကောက်ခံမှုမှာ ဗြိတိန်ကတော့ အခွန်…
Read Moreနယ်မြေမတည်ငြိမ်မှုကြောင့် ပုဂံ – ညောင်ဦးဒေသ ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါး
ဇွန် ၄ – ၂ဝ၂၅ KKO(VOM) လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့ပုဂံ – ညောင်ဦးဒေသတဝိုက်က နယ်မြေဒေသအခြေအနေအချို့ကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုနည်းပါးနေပြီး လက်ရှိပုဂံမြို့ပေါ်အခြေအနေကတော့ တည်ငြိမ်လျက်ရှိတယ်လို့ ပုဂံမြို့နေ ဒေသခံတွေက VOM ကို ပြောပါတယ်။ “အခုလက်ရှိ ပုဂံ – ညောင်ဦး အခြေအနေတွေကကောင်းပါတယ်။အေးချမ်းပါတယ်၊မြို့ပေါ်ကဘာမှမဖြစ်ဘူး။တိုက်ပွဲတွေမရှိဘူး။ ပုဂံမှာ ပုံမှန်အတိုင်းပါပဲ။ ဖြစ်တဲ့နေရာတွေက ပုပ္ပါးနဲ့ နီးတယ် ပြောတယ်။ကျောက်ပန်းတောင်းနဲ့ ပုဂံကြားကကျေးရွာတွေနားလို့ ပြောတယ် ။ခရီးသည်ဝင်ရောက်မှုကတော့ အခုကမိုးရာသီလည်းဖြစ်တော့နည်းပါတယ်။ အွန်လိုင်းမှာလည်း သတင်းတွေကမျိုးစုံဆိုတော့ ခရီးသွားတွေက ဒီပုဂံဘက်ကိုလာရမှာကြောက်သွားတာမျိုးလည်းရှိတယ်။ ဒါပေမယ့် ဧည့်သည်အချို့ကတော့လာကြပါတယ်။ ဟိုတရက်က ပုဂံရထားဆိုက်တယ်။ခရီးသွားတွေသိပ်ပါမလာဘူးပြောတယ်။ ပုဂံကို ရထားခရီးစဉ်ရော Express ကားတွေရော ပုံမှန်အတိုင်းပြေးဆွဲပေးနေတယ်။ ပုဂံမြို့ ပေါ်မှာကတော့ ဘာမှမဖြစ်ပါဘူး၊အေးချမ်းပါတယ်”လို့ ပုဂံဒေသခံတယောက်က VOM ကို ပြောပြပါတယ်။ အခုဇွန် ၁ ရက်နေ့က ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသ၊ ညောင်ဦးမြို့နယ် ၊ပုဂံမြို့သစ်တောင်ပိုင်းရှိ ဂန့်ဂါရွာမှာ…
Read More