ဂျပန်နိုင်ငံ ကလေးမွေးဖွားမှုနှုန်း ခုနှစ်သိန်းအောက်ကို ပထမဆုံးအကြိမ် ကျဆင်း

တိုကျို၊ ဇွန်-၄-၂၀၂၅
ရတီ(VOM)
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးမွေးဖွံားမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ခုနှစ်သိန်းအောက်ကို ကျဆင်းသွားကြောင်း ဂျပန်အစိုးရက ဒီကနေ့မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
သက်ကြီးရွယ်အိုဦးရေ များပြားလာတဲ့ ဂျပန်နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကလေးငယ် ၆၈၆၀၆၁ ယောက်သာ မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၁၂၂၇ ယောက် လျော့နည်းခဲ့တယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားကာ ၁၈၉၉ ခုနှစ် မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အနိမ့်ပါးဆုံးဖြစ်ပါတယ်။
ဒါဟာနိုင်ငံအတွက် တိတ်တဆိတ်အရေးပေါ်အခြေအနေလို့ ဂျပန်ဝန်ကြီးချုပ် အိုင်ရှီဘာက ပြောဆိုထားပြီး ဒီအခြေအနေကို လိုက်လျောညီထွေဖြစ်မယ့် အလုပ်ချိန်နဲ့ မိသားစုအစီအမံမျိုးတွေ ချမှတ်မယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ နိုင်ငံငယ်လေးဖြစ်တဲ့ မိုနာကပြီးရင် ကမ္ဘာပေါ်မှာ သက်ကြီးရွယ်အိုအများဆုံး ဒုတိယမြောက်နိုင်ငံလည်း ဖြစ်ပါတယ်။ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ နိုင်ငံရဲ့ စုစုပေါင်းမွေးဖွားမှုနှုန်းဟာ အမျိုးသမီးတယောက်ကို မွေးဖွားမှုနှုန်း ၁ ဒဿမ ၁၅ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။
နိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း သေဆုံးသူ ၁ ဒဿမ ၆ သန်းရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၁ ဒဿ ၉ ရာခိုင်နှုန်းတိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ လူဦးရေ ၁၂၃ သန်းရှိသော ဂျပန်နိုင်ငံမှာ သက်ကြီးရွယ်အို များပြားလာတာနဲ့အမျှ လုပ်သားရှားပါးမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။
အိမ်နီးချင်းတောင်ကိုရီးယားမှာလည်း ၂၀၂၄ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းဟာ ဂျပန်နိုင်ငံထက် သုည ဒဿမ ၇၅ ရာခိုင်နှုန်း နည်းပါးခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ထပ်ထိမ်းမြားမှုနှုန်းကတော့ ယခင်နှစ်ကထက် အနည်းတိုးလာတယ်လို့ ဆိုပါတယ်။
Ref:CNA
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW