မန္တလေးကျုံးထဲ ခုန်ချပြီး ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းတွေ့ရှိ

မန္တလေး၊ မေ- ၂၆- ၂၀၂၆
SA(VOM)
မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးကျုံးအရှေ့ဘက်ခြမ်းဖြစ်တဲ့ ၆၆ လမ်း ၁၇ လမ်းနဲ့ ၁၈ လမ်း အနီးက ကျုံးအ တွင်းထဲကို မနေ့ မေ လ ၂၅ ရက်နေ့က ခုန်ချခဲ့လို့ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးရုပ်အလောင်းကို ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက ကျုံးထဲမှာ ရုပ်အလောင်းပေါ်လာခဲ့တဲ့အတွက် ဆယ်ယူပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
” မနေ့မနက်ပိုင်းလောက်ကတည်းက ခုန်ချသွားတယ်လို့ သိရပါတယ်။ ခုန်ချသွားတော့ ပထမနေ့က ဆယ်မရလို့ ဒုတိယနေ့မှ ပေါ်လာလို့ အောင် မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့အတူ ဆယ် ယူပြီး ဆေးရုံကြီးကို ပို့ပေးလိုက်ပါပြီ” လို့ နန်းတော်ရှေ့လူမှုကဆယ်ရေး အသင်းကနေ သိရပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးခုန်ချခဲ့တဲ့ နေရာအနီးတဝိုက်မှာ ဖုန်းတစ်လုံး၊ မှတ်ပုံတင်နှစ်ခု၊ ငွေကျပ် ၂၀၀၀၀၊ ပိုက်ဆံအိတ်တစ်လုံးနဲ့ ဖိနပ်တစ်ရံတို့ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၂၁ နှစ်အရွယ်အမျိုး သမီးဟာ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာမှာ နေထိုင်သူဖြစ်ပြီး မိဘတွေနဲ့ အဆက်အသွယ်ရရှိပြီဖြစ်ကာ ဆေးရုံကြီးကနေတဆင့် သရဏဂုံ တင်ကာ မီသဂြိုလ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ကျုံးအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲပါတယ်။
ဓါတ်ပုံ – CRD

Related posts

Leave a Comment

VOM News

FREE
VIEW