မန္တလေးကျုံးထဲ ခုန်ချပြီး ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းတွေ့ရှိ

မန္တလေး၊ မေ- ၂၆- ၂၀၂၆ SA(VOM) မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးကျုံးအရှေ့ဘက်ခြမ်းဖြစ်တဲ့ ၆၆ လမ်း ၁၇ လမ်းနဲ့ ၁၈ လမ်း အနီးက ကျုံးအ တွင်းထဲကို မနေ့ မေ လ ၂၅ ရက်နေ့က ခုန်ချခဲ့လို့ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးရုပ်အလောင်းကို ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းက ကျုံးထဲမှာ ရုပ်အလောင်းပေါ်လာခဲ့တဲ့အတွက် ဆယ်ယူပြီး မန္တလေးဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ” မနေ့မနက်ပိုင်းလောက်ကတည်းက ခုန်ချသွားတယ်လို့ သိရပါတယ်။ ခုန်ချသွားတော့ ပထမနေ့က ဆယ်မရလို့ ဒုတိယနေ့မှ ပေါ်လာလို့ အောင် မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့နဲ့အတူ ဆယ် ယူပြီး ဆေးရုံကြီးကို ပို့ပေးလိုက်ပါပြီ” လို့ နန်းတော်ရှေ့လူမှုကဆယ်ရေး အသင်းကနေ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသမီးခုန်ချခဲ့တဲ့ နေရာအနီးတဝိုက်မှာ…

Read More

ဖားကန့်မှာ ဘုရားပရဝုဏ်အတွင်း တပ်သား ထပ်မံစုဆောင်းခံရ

မေ ၂၆၊ ၂၀၂၆ Shy V (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ဘုရားပရဝုဏ်တခုအတွင်း မေလ ၂၆ ရက်နေ့က တပ်သား ထပ်မံစုဆောင်းခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပါသွားတဲ့ ကလေးတွေက အသက် ၂၀ ဝန်းကျင်၊ ၂၄၊ ၂၅ ဝန်းကျင်လောက်ပဲ ရှိသေးတယ်။ ကောင်လေး၊ ကောင်မလေး နှစ်ယောက်တတွဲ ပါသွားတယ်။ နောက်ပြီး ၁၂ တန်းကျောင်းသား တယောက်လည်း ပါသွားတယ်” လို့ ဖားကန့်ဒေသခံ တယောက်က ပြောပါတယ်။ ဖားကန့်မြို့နယ်အတွင်းရှိ ဘုရားပရဝုဏ်တခုမှာ မေ ၂၆ ရက် ဒီနေ့ ထပ်မံပြီး လူငယ်တွေကို တပ်သားအဖြစ် စုဆောင်းခေါ်ဆောင်သွားတာ ဖြစ်ပွားခဲ့တာလို့ သူက ပြောပါတယ်။ ဒေသခံတွေအဆိုအရ ပါသွားသူတွေကို ပြန်လည်ထုတ်ယူနိုင်ဖို့ ငွေကြေး သိန်း ၄၀ ကနေ ၈၀ ခန့်အထိ…

Read More

အသက်အလိုက် အတန်းကျော် ကျောင်းအပ်နှံခွင့်ကြောင့် ကျောင်းသားမိဘတွေနဲ့ ဆရာ၊ ဆရာမကြား အဆင်မပြေမှုတွေ ဖြစ်ပေါ်နေ

မေ ၂၆ – ၂၀၂၆ SS (VOM) ၂၀၂၁ ခုနှစ်နောက်ပိုင်း ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေကို အသက်အရွယ်နဲ့ အတန်းပညာအဆင့်အရ သင့်လျော်တဲ့ အတန်းကို ပြန်လည် တက်ရောက်ခွင့်ပြုမယ်လို့ ပညာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ ဒီသတ်မှတ်ချက်ကြောင့် အခု ၂၀၂၆ – ၂၀၂၇ ခုနှစ် ပညာသင်နှစ်မှာ အသက်အရွယ်အလိုက် အတန်းကျော် ကျောင်းအပ်နှံဖို့ လာရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ မိဘ၊ အုပ်ထိန်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကြားမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ “အသက်အလိုက် အတန်းပေးမယ်ဆိုတော့ ရောက်လာကြတာ တဖွဲဖွဲ။ KG တောင် မတက်ခဲ့ပေမယ့် Grade 5 တက်ချင်တာတဲ့။ နောက်တယောက်ကလည်း သူ့ရဲ့သား နှစ်နှစ်အောက်ထားလို့ အဲဒီ နှစ်တန်းစာ အတန်းပြန်ဖြေချင်တာတဲ့။ ဟိုဘက်ကျောင်းမှာ ဘယ်အတန်းတက်ခဲ့ပြီးသားမို့…

Read More

ချင်းတောင်ပိုင်းကို ပြန်ရဖို့ အစိုးရတပ်က အင်အားထောင်ချီသုံးနေသလို လေကြောင်းတိုက်ခိုက်မှုလည်းဆက်တိုက်ပြုလုပ်

မေ ၂၇ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ် ၊မတူပီ ၊ ကန်ပက်လက်မြို့တွေမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ရှိလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ အစိုးရတပ် စစ်ကြောင်းက ချင်းတောင်ပိုင်းက မြို့တွေကို ပြန်လည်သိမ်းပိုက် နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်း အင်အားထောင်နဲ့ချီ ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒီကနေ့ မေ ၂၆ ရက်မှာဆိုရင် မတူပီမြို့နယ်မှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။ အလားတူ ကန်ပက်လက်မြို့နယ်ကိုလည်း မနက်ကနေ ညပိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး မင်းတပ်မြို့နယ်ထဲ မှာဆိုရင်လည်း လေကြောင်းတိုက်ခိုက် ရှိကြောင်းသိရပေမယ့် တိုက်ခိုက်ခံရတဲ့ အကြိမ်အ ရေအတွက်ကိုတော့ အတိကျမသိရှိရသေးပါဘူး ။ ”…

Read More

 အာမခံချက်မရေရာတဲ့ အာမခံကုမ္ပဏီများ

  မေ ၂၇ – ၂၀၂၆ SN (VOM) မြန်မာနိုင်ငံရဲ့ အာမခံကုမ္ပဏီတွေနဲ့ ဖောက်သည်တွေကြား လွဲမှားနေတဲ့ နားလည်မှုတွေ‌ကြောင့် အာမခံ ပြုလုပ်ထားသူတွေအနေနဲ့ နစ်နာမှု၊ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဓိက ပြဿနာကတော့ စာချုပ်ပါ စည်းကမ်းချက်တွေ (Terms & Conditions) ကို ဖောက်သည်က ဖတ်ရှု နားမလည်ခြင်းဖြစ်သလို ကုမ္ပဏီဘက်ကလည်း အာမခံထားသူကို စိတ်ရှည်လက်ရှည် ရှင်းပြနိုင်မှု အားနည်းခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လျော်ကြေးငွေ ထုတ်ယူရာမှာ ကုမ္ပဏီက တောင်းဆိုတဲ့ သက်သေ အထောက်အထားတွေ ပြည့်စုံစွာ တင်ပြနိုင်ဖို့အတွက် အားနည်းချက်တွေ ဖြစ်လာတယ်လို့ သိရပါတယ်။ ကျန်းမာရေးအာမခံ ပြုလုပ်ထားသူ တယောက်က “အာမခံထားတဲ့အချိန်မှာ ရမယ့် အကျိုးခံစားခွင့်တွေကိုပဲ ရှင်းပြတာ။ တကယ် လျော်ကြေးပေးမယ်ဆိုတဲ့ အချိန်မှာကျတော့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့…

Read More
VOM News

FREE
VIEW