မန္တလေး၊ မေ- ၂၇- ၂၀၂၆
SA(VOM)
“MABA” ၏ ၁၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး promotion area အတွင်း ဇွန်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
အဲ့ဒီပွဲတော်မှာ မန္တလေးမြို့က SMEsလုပ်ငန်းရှင်တွေနဲ့ sponsor တွေရဲ့ ဆိုင်ခန်းနဲ့ပြခန်း၊ နိုဘယ်အိုက- မြန်မာ ချစ် ကြည်ရေးအသင်းက ဂျပန်ဆာကေးမိတ်ဆက်ခြင်း၊ မြန်မာနိုင်ငံအတွင်းက ဂျပန်ကုန်သည်ကြီးများ အသင်းဝင်တွေရဲ့ကုမ္ပဏီပြခန်းတွေ၊ ဂျပန်ရိုးရာ Yukata ဝတ်ဆင်ခြင်းနဲ့ ဓာတ်ပုံရိုက်ကူးခြင်း၊ မြန်မာ cosplay association အသင်းက ပြကွက်တွေအပါအဝင်၊ Japan Foundation မှ Quiz နဲ့ ဂျပန်အက ၊ မန္တလေးမြို့ခံတွေရဲ့ အနုပညာ ခေတ် ၃ ခေတ်ဝတ်စားဆင်ယင်မှု အကအလှနဲ့ အစားအသောက် အစီအစဥ်တွေပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာ့ရိုးရာကျောက်ဆည်ဆင်အက ၊ ယဥ်ကျေးမှုတက္ကသိုလ်က တိုင်းရင်းသားရိုးရာအက၊ ဂျပန် Bon Odori ဖျော်ဖြေမှုအပါအဝင် ခေတ်ပေါ် DJ တီးဝိုင်းတွေပါ ထည့်သွင်းကျင်းပ သွားမှာဖြစ်တယ်လို့ MABA ကနေ သိရပါတယ်။
Promotion area အတွင်းမှာလည်း ဇုန် ၁ အတွင်း Japan Myanmar product ပြသမယ့် sales booth 24 ခု ၊ ဇုန် ၂ မှာ food & lifestyle zone ဖြစ်ပြီး sale booth အခု 20၊ ဇုန် ၃ မှာ Education & career development zone မှာ sale booth 21 ခု၊ ဇုန် ၄ မှာတော့ Entertainment & cultural stage ဖြစ်ပြီး 21 ခု စုစုပေါင်း ၉၄ ခု ပါဝင်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
ပွဲတော်အတွင်းမှာ Water street အဝင်နဲ့ Main stage တွေမှာ Torri ကြီးနှစ်ခုကို တပ်ဆင်ထားမှာဖြစ်ပြီး Main stage မှာလည်း ဂျပန်ရိုးရာမီးပုံးတွေကို ချိတ်ဆွဲထားကာ ဂျပန် – ယဥ်ကျေးမှု ကိုပြသပြီး ဂျပန်နိုင်ငံကို ရောက်နေသလိုခံစားနိုင်မယ့်အခင်းအကျင်းတွေနဲ့ ကံစမ်းမဲအစီအစဥ်တွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ဒီပွဲတော်အတွင်းမှာလည်း လုပ်ငန်းရှင်တွေအပြင် ဂျပန်နိုင်ငံကို ပညာသင်၊ အလည်အပတ်နဲ့ အလုပ်သွားရောက်လုပ်ကိုင်သူတွေက လာရောက်ဆက်သွယ်ပြီး သိလိုတာတွေကို မေးမြန်နိုင်ဖို့လည်း စီစဥ်ထားတယ်လို့ သိရပါတယ်။
ပွဲတော်ကို လာရောက်မယ့် ဧည့်သည်အရေအတွက် ၁၀၀၀၀ ခန့်မှန်းထားပြီး Bingo ဂိမ်းအစီအစဥ်တွေ ပြင်ဆင်ထားကာ ဆုကြေးငွေတွေအပြင် သိန်း ၄၀တန် အပန်းဖြေ ခရီးစဥ်၊ ၂၅ သိန်းဆုကြေး၊ ၁၅ သိန်းဝန်းကျင်ရှိတဲ့ ရေသန့်စက်တွေအပါအဝင် တခြား ကံစမ်းမဲအစီအစဥ်တွေကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်
