နယ်မြေမတည်ငြိမ်ပေမယ့် တောင်ပြုံးပွဲတော် အရင်နှစ်ထက် စည်ကား

မန္တလေး၊ သြဂုတ်- ၆- ၂၀၂၅
SA(VOM)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာက အနော်ရထာမင်းတည်ထားကိုယ်းကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ဆုတောင်းရစေတီဘုရားပွဲတော်နဲ့တောင်ပြုံးမင်းနှစ်ပါးပူဇော်ပွဲကို ဝါခေါင်လဆန်း ၈ ရက်နေ့ကစတင်ကျင်းပခဲ့ပါတယ်။ ဒီကနေ့မှာဆိုရင် ရိုးရာအစဥ်အလာဖြစ်တဲ့ ယုန်ထိုးပွဲတော် ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။
ယုန်ထိုးပွဲနဲ့ပတ်သက်တဲ့ ရိုးရာသမားတွေ ဒီကနေ့လာပြီးတော့ ဦးတိုက်ကြတာ၊ တောင်ပြုံမင်းနှစ်ပါးရဲ့ ယုန်စစ်ကြောင်း၊ ယုန်ကောင်းကြောင်းကိုစစ်တဲ့ မန္တလေးမြောက်ပြင်မှာရှိတဲ့ မန္တလေးဘိုးဘိုးကြီးလို့ခေါ်တဲ့ ယုန်ဘိုးတော်၊ ကင်းဘိုးတော် လို့ခေါ်တဲ့ နတ်နန်းကို ဒီကနေ့ ယုန်ထိုးကျတဲ့ မိသားစုက နန်းထိုင်ပြီးတော့ ယုန်ပြထားရမှာဖြစ်ပြီး မနက်ဖြန် သြဂုတ် ၇ ရက်နေ့မနက်ပိုင်းမှာ တောင်ပြုံးမင်းနှစ်ပါးရဲ့ နတ်နန်းကိုလာပြီးတော့ ယုန်ဆက်ရမှာဖြစ်တယ် ဒီနေ့က မြောက်ပြင်မှာ ယုန်ဆက်ရတဲ့နေ့ လို့ နတ်ဆရာတဦးဖြစ်တဲ့ မော်ကွန်းအိမ်က VOM ကို ပြောပါတယ်။
တောင်ပြုံပွဲတော်မှာ အရင်နှစ်တွေကနဲ့ မတူတော့ပဲ အရင်ကရှိခဲ့တဲ့ အစဥ်အလာအတိုင်း မနက် ၆ နာရီကနေပြီး ည ၂ နာရီနီးပါးအထိ နတ်ကရတာတွေရှိသလို ဘုရားပွဲလည်းထည့်သွင်းကျင်းပတဲ့အတွက် ညအိပ်နေလို့ရတဲ့အတွက် ပိုအဆင်ပြေလာပြီး ဧည့်စာရင်းတော့တိုင်ရတဲ့အကြောင်းကို တောင်ပြုံးပွဲတော်ကို သွားရောက်လည်ပတ်တဲ့သူတဦးက ပြောပါတယ်။
အရင်နှစ်ကတော့ နတ်ပွဲကြေး ၄ သိန်းပေးရပေမယ့် ဒီနှစ်မှာတော့ နတ်ဆရာတဦးကို နတ်ပွဲကြေး ၆ သိန်းနဲ့ ဝါဆိုသင်္ကန်းကြေး ၁ သိန်းနဲ့ စုစုပေါင်း ၇ သိန်းလှူဒါန်းရပြီး တောင်ပြုံးနတ်နန်းမှာ အလှည့်ကျ ပျော်တော်ဆက်ကြမယ့် ကကြ ခုန်ကြမယ့် နတ်ဆရာ တရက်ကို တရာဝန်းကျင်းနဲ့ ပွဲတော်ကျင်းပတဲ့နေ့ကစလို့ ပွဲတော်ပြီးတဲ့အထိ စုစုပေါင်း နတ်ဆရာ ၁၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။
အဲ့ဒီတောင်ပြုံးပွဲတော်မှာဆိုရင် ၃၇ မင်းနတ်နန်းတွေအပြင် စာရင်းဝင်တဲ့နတ်နဲ့ တခြားနတ်နန်းတွေ စုစုပေါင်း နတ်နန်း ၁၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
လာရောက်လည်ပတ်တဲ့သူတွေ ကန်တော့ပွဲလာပေးသူတွေနဲ့ စည်ကားပါတယ်၊ အရင်နှစ်ကထက်စာရင် တော်တော်လေးစည်ကားတယ်၊ ပွဲစျေးလည်းပါတယ်၊ ဇာတ်ပွဲလည်းပါတယ်၊အားလုံးအေးအေးချမ်းချမ်းပဲ၊ ရန်ဖြစ်တာတွေမရှိဘူး၊ အရပ်ဝတ်တွေနဲ့ ကင်းလှည့်တာတွေရှိသလို ယူနီဖောင်းတွေနဲ့ ကင်းလှည့်ပေးနေတာတွေရှိတယ် သွားရေးလာရေးလည်း အဆင်ပြေတယ်လို့ တောင်ပြုံးပွဲတော်ကို ရောက်ရှိနေသူတဦးက ပြောပါတယ်။
တောင်ပြုံးနယ်တဝိုက်မှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံတွေနဲ့ ရပ်ကျေးအဖွဲ့က အတွင်းစည်းမှာ လုံခြုံရေးယူထားမယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ နလအ လုံခြုံရေးတပ်ဖွဲ့တွေက ပွဲတော်အတွက် လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။
တောင်ပြုံးပွဲတော်ကို တောင်ပြုံးရွာ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားပွဲဖြစ်တဲ့ ဝါခေါင်လပြည့်နေ့မှာ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့လှူဖွယ်ပစ္စည်းများလှူဒါန်းပွဲထက် မင်းနှစ်ပါးနဲ့ ပတ်သက်တဲ့ ကန်တော့ခံပွဲ၊ စံနန်းတော် မင်္ဂလာရေစင်ဆေးပွဲ၊ ညီလာခံသဘင်၊ ချိုးရေတော်သုံးပွဲ၊ ယုန်ထိုးပွဲ၊ ထိန်ခုတ်ပွဲစတဲ့ ရိုးရာနတ်ပွဲတော် အစဉ်အလာတွေကို ပိုမို လူသိများကြတာလည်း ဖြစ်ပါတယ်။
တောင်ပြုံးပွဲတော်ကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ကျန်းမာရေးကိစ္စရပ်တွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အကျဉ်း ရုံးသာ ကျင်းပဖြစ်ပေမယ့် အခုနှစ်မှာတော့ အနယ်အနယ်အရပ်ရပ်က လာရောက်ကျင်းပကြတယ်လို့ သိရပါတယ်။
မတ္တရာမြို့တောင်ဘက်ခြမ်းမှာတော့ ထိတွေတိုက်ပွဲဖြစ်တာတွေ မရှိပေမယ့် တောင်ပြုံးအနောက်ဘက်ခြမ်း ဧရာဝတီမြစ်ရဲ့ တဖက်ကမ်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသဘက်မှာတော့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
သတင်းဓာတ်ပုံ / CJ

Related posts

Leave a Comment

VOM News

FREE
VIEW