သံတောင်ကြီးမှာ မြေပြိုမှုလို့ လူရှစ်ယောက်သေပြီး ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူတွေရှိနေ

ဩဂုတ် ၆ ၊ ၂၀၂၅ GG (VOM) ကရင်ပြည်နယ် ၊သံတောင်ကြီးမြို့နယ်မှာ တောင်ကျရေကြာင့် မြေပြိုမှုဒဏ်ကိုဆိုးရွားစွာကြုံတွေ့နေရပြီး ဒေသခံ ရှစ်ယောက်သေဆုံးမှုရှိနေတဲ့အပြင် ထိခိုက်ဒဏ်ရာရသူနဲ့ ပျောက်ဆုံးသူတွေပါရှိနေတယ်လို့မြေပြင် ကူညီရေးဆောင်ရွက်နေသူဆီက သိရပါတယ်။ သေဆုံးသူတွေထဲမှာ ဥယျာဥ်ခြံမြေမှာနေထိုင်စဥ် မြေပြိုကျသဖြင့် သေဆုံးခဲ့ရသူ လေးယောက်ပါဝင်ပြီး နောက်ထပ်သေဆုံးလေးယောက်ကတော့ မြို့ပေါ်ရပ်ကွက် ( ၁) မှ မိသားစုလိုက် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။ “ညကမြေပြိုမှုမှာ မိသားစုလိုက်သေဆုံးတယ် ။ကျန်လေးယောက်ကအရင်ရက်ကပါ။ ဥယျာဥ်ခြံမြေမှာပေါ့ ။အကုန်လုံးက ညအိပ်နေချိန်မြေပြိုလို့ ဖြစ်ကြတာပါ။အခုလည်းမိုးကရွာနေတယ်။ကျောက်တုံးကြီး ပြိုကျလို့ အိမ်ထိခိုက်တာရှိတယ်။အဲဒီနေရာကလူတွေ ပြောင်းရွှေ့နေကြတယ်။မြေပြိုတာမှာအိမ်ပြိုတာမှာ အပေါ်ကမြေကြီးပြိုကျလို့အိမ်ပိတာနဲ့ အောက်ကမြေပြိုလို့ ပြိုကျတာပေါ့။တောင်ကြီးအရှေ့မြောက်ဘက် မှာလည်းဖြစ်နေတယ်။သံတောင်ကြီးမြို့ရော တောင်ပေါ်ရွာတွေဘက်ရောအကုန်ဖြစ်နေတာပါ။ဒဏ်ရာရသူသုံးယောက်ရှိတယ်။ ပျောက်ဆုံးသူတွေကရှိပေမယ့် ခုကရှာရခက်ခဲနေတယ်။ ” လို့ မြေပြင်မှာကူညီရေးဆောင်ရွက်နေတဲ့ အသင်းအုပ်ဆရာတယောက် ကပြောပါတယ်။ မြေပြိုမှုက သံတောင်ကြီးမြို့ပေါ်ရပ်ကွက် အပါအဝင် တောင်ပေါ်ဒေသရှိ ကျေးရွာတွေနဲ့ ယျာဥ်ခြံမြေတွေမှာ ဖြစ်ပွားနေတာဖြစ်ကြောင်း ၊ မြေပြိုမှုကြောင့်…

Read More

ယူနန် – မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကနေ လစဉ်ကုန်သွယ်မှု ထောင်ချီရှိ

ဩဂုတ် ၆၊ ၂၀၂၅ Shy V (VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်၊ ယူနန် – မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုဖြစ်တဲ့ မူဆယ်၊ ကျင်စန်းကျော့ လမ်းကြောင်းနဲ့ ချင်းရွှေဟော် လမ်းကြောင်းကနေ လစဉ် အကြိမ်ရေ ထောင်ချီ ကုန်သွယ်‌နေကြောင်း MNDAA ဘက်က ထုတ်ပြန်ထားပါတယ်။ အဲဒီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုဆုံရာ သိန္နီမြို့ဟာ နယ်စပ်ကုန်သွယ်ရာ ဗဟိုချက်ဖြစ်လာတာကြောင့် MNDAA ရဲ့ ဘဏ္ဍာရေးဌာန စစ်ဆေးရေးဂိတ်စခန်းများစွာကို ဖွင့်လှစ်ခဲ့ပြီး ၂၄ နာရီ ကုန်သွယ် သွားလာနိုင်ဖို့ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ ကုန်စည် တွေကို ဘေးကင်းဖို့ စစ်ဆေးလမ်းပန်းဆက်သွယ်ရေး အဆောက်အအုံ တွေကို ထိန်းသိမ်းဖို့ လမ်း၊ တံတား အခ ကြေးငွေတွေ ကောက်ခံတယ်လို့လည်း ပြောပါထားပါတယ်။ “မန္တလေးဘက်က…

Read More

နယ်မြေမတည်ငြိမ်ပေမယ့် တောင်ပြုံးပွဲတော် အရင်နှစ်ထက် စည်ကား

မန္တလေး၊ သြဂုတ်- ၆- ၂၀၂၅ SA(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီးကျေးရွာက အနော်ရထာမင်းတည်ထားကိုယ်းကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ဆုတောင်းရစေတီဘုရားပွဲတော်နဲ့တောင်ပြုံးမင်းနှစ်ပါးပူဇော်ပွဲကို ဝါခေါင်လဆန်း ၈ ရက်နေ့ကစတင်ကျင်းပခဲ့ပါတယ်။ ဒီကနေ့မှာဆိုရင် ရိုးရာအစဥ်အလာဖြစ်တဲ့ ယုန်ထိုးပွဲတော် ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။ ယုန်ထိုးပွဲနဲ့ပတ်သက်တဲ့ ရိုးရာသမားတွေ ဒီကနေ့လာပြီးတော့ ဦးတိုက်ကြတာ၊ တောင်ပြုံမင်းနှစ်ပါးရဲ့ ယုန်စစ်ကြောင်း၊ ယုန်ကောင်းကြောင်းကိုစစ်တဲ့ မန္တလေးမြောက်ပြင်မှာရှိတဲ့ မန္တလေးဘိုးဘိုးကြီးလို့ခေါ်တဲ့ ယုန်ဘိုးတော်၊ ကင်းဘိုးတော် လို့ခေါ်တဲ့ နတ်နန်းကို ဒီကနေ့ ယုန်ထိုးကျတဲ့ မိသားစုက နန်းထိုင်ပြီးတော့ ယုန်ပြထားရမှာဖြစ်ပြီး မနက်ဖြန် သြဂုတ် ၇ ရက်နေ့မနက်ပိုင်းမှာ တောင်ပြုံးမင်းနှစ်ပါးရဲ့ နတ်နန်းကိုလာပြီးတော့ ယုန်ဆက်ရမှာဖြစ်တယ် ဒီနေ့က မြောက်ပြင်မှာ ယုန်ဆက်ရတဲ့နေ့ လို့ နတ်ဆရာတဦးဖြစ်တဲ့ မော်ကွန်းအိမ်က VOM ကို ပြောပါတယ်။ တောင်ပြုံပွဲတော်မှာ အရင်နှစ်တွေကနဲ့ မတူတော့ပဲ အရင်ကရှိခဲ့တဲ့ အစဥ်အလာအတိုင်း မနက် ၆…

Read More

ရေကြည်မြို့နယ် အမြောက်တပ် ၃၄၄ ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ဩဂုတ်‌- ၆ – ၂၀၂၅ SS (VOM) ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်း အမြောက်တပ် (အမတ – ၃၄၄) ကို AA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်နေမှုဟာ လက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဆိုပါ အမြောက်တပ်ရင်းဟာ ငသိုင်းချောင်းမြို့နဲ့ ၁၅ မိုင်အကွာ၊ ရခိုင်နဲ့ ဧရာဝတီနယ်စပ်က ပုသိမ် – မုံရွာ လမ်းပိုင်းနဲ့ ဂွ – ငသိုင်းချောင်း လမ်းဆုံအနီးရှိ မြောက်စမ်းကျေးရွာမှာ တည်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။‎ အဆိုပါ အမြောက်တပ်ကို ‌လက်ကိုင်တပ်တွေက ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့မှ စတင်ကာ လက်ရှိ အချိန်အထိ တိုက်ခိုက်နေခြင်းဖြစ်ပြီး နလအတပ်တွေဘက်က အဆိုပါ တိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့ လက်ရှိမှာ နှစ်ထပ်ဘန်ကာတွေ…

Read More

ရန်ကုန်မှာ အဆောင်လခနှုန်းထားတွေကြီးမြင့်လာလို့ အဆောင်ငှားရမ်းနေထိုင်သူတွေ အခက်တွေ့

ဩဂုတ် 6 – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့မှာ အဆောင်လခဈေးနှုန်းတွေကြီးမြင့်လာလို့ အဆောင်ငှားရမ်းနေသူထိုင်ပြီး အလုပ်လုပ်ကိုင်နေကြရတဲ့ လူငယ်အများစုအခက်တွေ့နေရတယ်လို့ VOM က စုံစမ်းသိရှိရပါတယ်။ လက်ရှိခေတ်ကာလအခြေအနေအရ ရန်ကုန်မြို့မှာ အိမ်ငှားရမ်းခဈေးနှုန်းတွေမြင့်တက်လာမှုနဲ့ အတူ အဆောင်ငှားရမ်းခနှုန်းထားတွေဟာလည်း တစနဲ့တစဆိုသလိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုအဆောင်ငှားရမ်းခနှုန်းထားတွေမြင့်မားလာလို့ အခြေခံပြည်သူအများစု အပါအဝင် လုပ်ခလစာနည်းဝန်ထမ်းတွေ နယ်ဘက်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့သူတွေအများစု အခက်တွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်မြို့ရဲ့အဆောင်ငှားရမ်းခနှုန်းထားတွေက လူတကိုယ်စာ ၅ ပေ ၈ ပေ အခန်းတခန်းကို ငွေကျပ် ၉ သောင်းလောက်အထိ ပေါက်ဈေးရှိနေတယ်လို့ ဆိုပါတယ်။ ဒါအပြင် ရန်ကုန်မြို့ရဲ့အချက် အချာကျတဲ့ လူစည်ကားတဲ့ မြို့နယ်တွေဆိုပါက အဆောင်ငှားရမ်းခနှုန်းထားက တလကို ငွေကျပ်တစ်သိန်း‌ကျော်လောက်အထိပေါက် ဈေးရှိနေတယ်လို့ အဆောင်ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။ “အဆောင်လခတွေစျေးကြီးတာတခုတော့စိတ်ညစ်နေရတယ်။အရင်က ၅ သောင်း ၊၆ သောင်းလောက်ပဲရှိတာ အခုက ၉ သောင်းဆိုတော့များလွန်းတယ်။…

Read More

ရေနီမြောင်း တစ်ရေးနိုး (၄)

ဆူးငှက် မနက်စောစောထ လမ်းလျှောက်သော စာရေးဆရာမှာလည်း “ရ”ခဲ့သည်။ သူရသည်က ငွေကြေးမဟုတ်၊ ဘာဝနာမဟုတ်။ သို့သော် စာရေးဆရာတစ်ယောက်အတွက် အဖိုးမဖြတ်နိုင်သည်များကို ရခဲ့သည်။ ကြည့်လေ … “မနေ့မနက်က ကျွန်တော် သည်နေရာရောက်သောအခါ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် ချိုပြုံးနေသော နေလုံးကြီးသည် ပြူတစ် ပြူတစ်နှင့် လူးလွန့်ကာ ထွက်လာလေပြီ။ အခြားအချိန်မှာ အကြည့်မခံသော နေလုံးကြီး၊ ထိုအချိန်မှာတော့ ပြုံးရွှင်စွာ အကြည့်ခံနေ ၏။ ကြာပန်းရုံကြီး ပွင့်အာလာသောအခါ အပေါ်ထပ်ပွင့်ချပ်စိမ်းများ တစ်လွှာပြီးတစ်လွှာ ကွာကျနေသလို တိမ်နီ၊ တိမ်ဝါ၊ တိမ်ပြာတို့သည် တဖြည်းဖြည်း တရွေ့ရွေ့ ဘေးသို့ဖယ်ရှားပေးနေကြသည်။ တိမ်တိုက်၊ တိမ်လွှာ၊ တိမ်ညွန့်များကို ကွပ်ထားသော ငွေရေးကောက် ကြောင်းများသည် လူးလွန့်ပြန့်ကား ထွက်နေကြ၏။ အရှေ့ဘက်ကောင်းကင်မှ ပတ္တမြားရောင်၊ နီလာရောင်၊ ရွှေရောင်၊ ငွေရောင်တို့သည် အနောက်ဘက်ကောင်းကင်ပြင်တွင် ရောင်ပြန်ဟပ်နေကြသည်။ တောင်ဘက်၊ မြောက်ဘက်သို့လည်း…

Read More

ဖားကန့်မှာ လက်နက်ကြီးကြောင့် သုံးယောက်သေပြီး ၁၃ ယောက် ဒဏ်ရာရပြန်

ဩဂုတ် ၆၊၂၀၂၅ GG (VOM) ဖားကန့်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဩဂုတ်လ ၅ ရက်နေ့ည ပိုင်းက လူသုံးယောက်သေဆုံးကာ ၁၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဖားကန့်ရှိ ယူမာကျေးရွာ နဲ့ ရှရော်ခရွာမှာ ည ၇ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ကြောင်း ယူမာကျေးရွာက နှစ်ယောက်သေခဲ့ပြီး ၁၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရှရော်ခရွာမှ အမျိုးသားတယောက်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ “သေတာက ယူမာ ၊ စည်ပင်ရပ်ကွက်ကပါ။ အမျိုးသမီးနှစ်ယောက်သေတယ်။၁၃ ယောက်ထိခိုက်ဒဏ်ရာရတယ် ။ဒီနေ့ တနေ့ကုန်လက်နက်ကြီးပစ်ခတ်နေတာ။အိမ်ပေါ်တည့်တည့်တွေကျတာပါ။” လို့ ဒေသခံကပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုပြုလုပ်နေကြောင်း ၊ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါတယ်လို့သိရပါတယ်။ ဖားကန့်ဒေသမှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ဩဂုတ် ၃ ရက်နဲ့ ၄ ရက်နေ့တုန်းကလည်း မျောက်ဖြူရွာ ၊ရှရော်ခရွာနဲ့ ဆန်းကြွယ် ရွာဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက် ငါးနှစ်အရွယ်ကလေးအပါသုံးယောက်သေဆုံးကာ…

Read More

မြန်မာပလာဇာမှာ အမျိုးသမီးတယောက် ဓားထိုးခံရလို့ သေဆုံး

သြဂုတ် ၆၊၂၀၂၅ GG (VOM) ရန်ကုန်၊ ရန်ကင်းမြို့နယ်မှာဖွင့်ထားတဲ့ (Myanmar Palaza )မြန်မာပလာဇာ ရဲ့ကားပါကင်မှာ ဩဂုတ် ၅ ရက်နေ့ ညနေပိုင်းက အမျိုးသမီးတယောက် ဓားနဲ့ထိုးသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” ဟုတ်တယ်။မနေ့က ကားပါကင်ဘက်မှာရဲတွေလာတယ်။ရဲတွေရောက်ချိန် အပြင်ပေးမထွက်လို့စောင့်ခဲ့ရသေးတယ်။ ကျွန်တော်တို့တော့ လူမမြင်လိုက်ရဘူး။သွေးကွက်ပဲတွေ့လိုက်ရတယ်။ကားပါကင်က မီးအလင်းရောင်လည်းကောင်းကောင်းမရဘူး။မှောင်နေတော့ လုပ်တဲ့သူကအမှောင်ခိုလုပ်တယ်ထင်ပါတယ်။နောက်ပြီး လူပဲသတ်သွားတာ ဘာပစ္စည်းမှယူမသွားဘူးဆိုတော့ အငြိုးအတေးတခုခုရှိလို့လား တော့ သေချာမသိဘူး။” လို့ မြန်မာပလာဇာမှာ စျေးဝယ်ခဲ့သူတယောက်က ပြောပါတယ်။ ဩဂုတ် ၅ ရက်နေ့ ညနေပိုင်း ၅ နာရီ ၂၀ မိနစ်လောက်မှာ အသက် ၅၉ နှစ်အရွယ်ရှိ အမျိုးသမီးကြီးတယောက်ဖြစ်ပြီး လူသတ်မှုကျူးလွန်သူက အမျိုးသားနှစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ အမျိုးသမီးက ဓားနဲ့ထိုးခံရပြီးနောက်မှာ ဆေးကုသဖို့အတွက် ဆေးရုံကိုအရေးပေါ် ခေါ်ဆောင်သွားခဲ့ပေမယ့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကနေ သွေးထွက်များပြီး လမ်းမှာပဲသေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တယောက်က လူမှုကွန်ယက်ကနေ…

Read More

အိန္ဒိယ ဟိမ၀န္တာဒေသမှာ ရုတ်တရက်ရေကြီးလို့ လေးယောက်သေပြီး ၁၀၀ နီးပါး ပျောက်ဆုံး

ဒေလီ၊ ဩဂုတ်-၆-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ ဟိမ၀န္တာ‌ဒေသ ဥတ္တရခန်းပြည်နယ်မှာရှိတဲ့ ဓါရာလီမြို့မှာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရွှံ့စီးရေစီးကြောင်းကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး လူ လေးယောက်သေဆုံးပြီး ၁၀၀ နီးပါး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ကျဉ်းမြောင်းတဲ့ တောင်ကြားကနေ ပြင်းထန်စွာစီးဆင်းလာတဲ့ ရွှံ့နှင့်ရေလှိုင်းတွေဟာ ဓါရာလီမြို့ကို ဝင်ရောက်ခဲ့ပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ ဒါဟာ အလွန်ဆိုးရွားတဲ့ အခြေအနေလို့ ကာကွယ်ရေးဝန်ကြီး ဆန်ဂျေး ဆက်က PTI သတင်းဌာနကို ပြောပါတယ်။ အိန္ဒိယစစ်တပ်ဘက်က စစ်သား ၁၅၀ ကို မြို့ဆီပို့ဆောင်ပြီး ရွှံ့စီးရေစီးထဲကနေ ၂၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီရေလျှံမှုဟာ ရုတ်တရက် မိုးသည်းထန်စွာရွားသွန်မှုကြောင့်လို့ ဥတ္တရခန်း ပြည်နယ်ဝန်ကြီးချုပ် က ပြောပါတယ်။ မြို့ရဲ့ နေရာအများအပြားမှာ ရွှံ့ရေတွေ ဖုံးလွှမ်းခဲ့ပြီး တချို့နေရာမှာ ၁၅ မီတာလောက်ထိ ရှိကာ နေအိမ်တွေ နစ်မြုပ်ခဲ့တယ်လို့…

Read More

နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခို သယ်ဆောင်နေတဲ့ “TigerArms”ကုမ္ပဏီကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီနိုင်ခဲ့

လက်နက်တွေကို ချင်းမိုင်ခရိုင် မဲ့တဲန်နယ်စပ်၊ မဲ့ဟောင်ဆောင် နယ်စပ် နဲ့တာ့ခ်ခရိုင်၊ မဲဆောက် နယ်စပ်ကနေ မြန်မာနိုင်ကို သယ်ဆောင်ခဲ့တာဖြစ်ပါတယ်လို့ ထိုင်းရဲ တပ်ဖွဲ့ ကိုကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းဌာနက ဇူလိုင်လ ၂၅ ရက် မှာ ရေးသား ဖေါ်ပြ ထားပါတယ်။ TigerArms ကုမ္ပဏီကခေါင်းဆောင်တချို့ နဲ့ထိုင်းနိုင်ငံသားမစ္စတာချိုင်းဖုန်း ကျစ်တကောန်ဆိုသူကိုလည်းဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ ဖမ်းဆီးထားတဲ့အထဲမှာ TigerArms ကုမ္ပဏီက ခေါင်းဆောင်တချို့ပါဝင်တယ် ဆိုပေမဲ့ ဘယ်သူဘယ်ဝါဖြစ်တယ် ဘယ်နှစ်ဦးကိုဖမ်းဆီးထားတယ်ဆိုတာကိုတော့ ထုတ်ဖေါ် ပြောကြားခြင်းမရှိပါဘူး။ လက်နက်ငယ် M4A1 ကာဘိုင်အများအပြား နဲ့ 79 မမ. ဗုံးသီးထည့်ပစ်ရတဲ့ M203 ပြောင်းတွေအပါအဝင် အနောက်တိုင်း စစ်သုံး နားကြပ်များ၊ စစ်ဦးထုပ်၊ ကင်မရာ၊ အပူပိုင်းပုံရိပ်ဖော်ဒရုန်းနဲ့ကျည်ဆံ ခဲယမ်းမီးကျောက်များလည်းသိမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကတာဝန်ရှိသူတွေပြောပါတယ်။ အရေအတွက်အတိအကျကိုတော့ထုတ်ဖေါ် ပြောကြားခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့…

Read More
VOM News

FREE
VIEW